ဟန်ဆောင်ပြုံးလေး ဖန်တီးမိပြီ

in #myanmar8 years ago (edited)

image

တောင့်တတိုင်း ဖြစ်မလာတတ်တာတွေ
များလာတဲ့ အခါ
မျှော်လင့်ထားတိုင်း အဆုံးသတ်က
မလှပတတ်တာတွေ များလာတဲ့အခါ
ယုံကြည်ထားချင်ပေမယ့်
ပျက်ယွင်းနေတဲ့ သူ့ခြေလှမ်းတွေ
သတိထားမိလာတဲ့အခါ
ဝေးကွာခြင်းကို အကြောင်းပြုလို့
သူ့နှလုံးသားတွေ အေးစက်လာတဲ့အခါ
အချိန်ကွာခြားမှုကို အခြေခံပြီး
ချစ်ခြင်းတရားတွေ လျော့ပါးလာတဲ့အခါ
သူက လည်းသူ
ကိုယ်က လည်းကိုယ်
တစ်ကယ်ကို နေသားတကျ ဖြစ်လို့
သူပျော်ရွှင်ပါစေ ဆုတောင်းရင်း
ကိုယ်တိုင်ကလည်း
ကိုယ့် ပျော်ရွှင်မှုကိုဖွေရှာ
စိတ်မပါရင်တောင်
တစ်ကယ့်ကို ဟန်ဆောင်ပြုံးလေးတော့
ဖန်တီးထားမိနေတတ်ပြီ။

@nainghtookhant

Sort:  

ဟန်​​ဆောင်​အြုး​နေရခက်​တယ်​ဗျ

အမှန်ပေါ့ညီရေ

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.060
BTC 69517.01
ETH 2122.00
USDT 1.00
SBD 0.53