ချစ်နေခွင့်လေး မဆုံးရှုံးချင်သေးလို့

in #myanmar8 years ago

ငါ ထူးပြီး ဝမ်းနည်းမနေတော့ဘူး
မင်း အတွက် ကျခဲ့တဲ့ မျက်ရည်စက်တွေ များလွန်းလို့

ငါ ထူးပြီး မနာကျင်မိတော့ဘူး
မင်းကြောင့်နာကျင်ရတဲ့ဒဏ်ရာတွေ ပြည့်နှက်နေလို့

ငါ ထူးပြီး အံ့သြမနေတော့ဘူး
မင်း ရွှေ့ခဲ့တဲ့ လှည့်ကွက်တွေ အခါခါ ခံစားခဲ့ဖူးလို့

ငါ ထူးပြီး တမ်းတ မနေတော့ဘူး
မင်း ပေးခဲ့တဲ့ လွမ်းဆွတ်မှုကို မခံစားနိုင်တော့လို့

ငါ ထူးပြီး မလိုချင်တော့ဘူး
မျှော်လင့်မိတိုင်း ပြန်ရခဲ့တာ ရှုံးနိမ့်ခြင်းတွေမို့

မစွန့်လွှတ်နိုင်သေးတဲ့ အခိုက်
အတွေးထဲမှာယောင်ပြီးတောင်
လမ်းမခွဲနိုင်သေးတော့လဲ
ဒီနာကျင်မှုကို အဖော်ပြုရင်း
ချစ်နေခွင့်လေး မဆုံးရှုံးချင်သေးလို့။
giphy_1520350517436.gif
@nainghtookhant

Sort:  

ကြိုက်သွားပြီဗျာ။အဗျာလေးကောင်းတယ်။

ခုလိုဝင်ဖတ်သွာ့းကျေးဇူးတင်ပါတယ်ဗျ။

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.061
BTC 66857.56
ETH 2052.07
USDT 1.00
SBD 0.51