နဂါးတြိဂံsteemCreated with Sketch.

in #myanmar8 years ago (edited)

UFO တွေနဲ့ပတ်သက်လို့ ယုံကြည်သူတွေရှိသလို မယုံကြည်ကြသူတွေလည်းများစွာရှိကြပါတယ်။ UFO တွေတကယ်ရှိလား မရှိလား ဆိုတာမျိုးကျွန်တော်ကိုလာမေးခဲ့ရင်တော့ ရှိကောင်းရှိနိုင်တယ်လို့ဘဲအဖြေပေးရပါမယ်။ သို့သော် ကျွန်တော်တစ်ဦးတယောက်ထဲရဲ့အထင်နဲ့ပြောရမယ်ဆိုရင်တော့ UFO များဟာ လူသားတွေအနာဂတ်မှာအချိန်ခရီးသွားခြင်းကို လုပ်ဆောင်နိုင်ခဲ့ကြပြီးနော် ခေတ်ဟောင်းလာရောက်လေ့လာခြင်းလို့ ထင်မြင်မိပါတယ်။ အခုပိုစ့်မှာ ဂျပန်ငါးဖမ်းသမားတွေနဲ့တွေ့တဲ့ ဖန်အုပ်ဆောင်းထဲက အမျိုးသမီးဟာဆိုရင် နားမလည်နိုင်တဲ့ဘာသာစကားတွေပြောတယ်ဆိုတာ ပြင်သစ် အီတလီ အဲ့လိုစကားတွေကို အဲ့ခေတ်အဲ့အခါက ဂျပန်တွေကနားမလည်ခဲ့ကြတာကြောင့် နားမလည်တဲ့ဘာသာစကားလို့ပြောဟန်တူပါတယ်။ ဒါကတော့ UFO တွေကို အနာဂတ်လူသားများ အချိန်ခရီးထွက်လာခြင်းဆို သတ်မှတ်မယ်ဆိုရင် ရလာတဲ့ထင်မြင်ချက်ပါ။ တခြားတခြား အချက်ပေါင်းများစွာနဲ့ မှတ်ချက်တွေပေးမယ်ဆိုရင်ရပါသေးတယ်။ ဥပမာ - ဂြိုလ်သားတွေလား / နစ်မြှုပ်ပျောက်ကွယ်သွားတဲ့မြို့တော်အတွင်းမှ လူဆန်းစွာကျန်ရစ်ခဲ့တဲ့အုပ်စုတွေများလား စသည် စသည့် အမျိုးမျိုးသုံးသတ်မှုတွေ တွေးဆမှုတွေပြုလုပ်နိုင်ပါတယ်။ အဖြေမှန်စစ်စစ်ကိုတော့ အခုချိန်ထိ ဘယ်ပညာရှင်မှ အတထအကျမသိကြသေးဘူးဆိုတာကတော့ အမှန်တရားတခုပါဘဲ။
1803 ခုနှစ်, ပစိဖိတ် သမုဒ္ဒရာထဲမှာ ငါးဖမ်းထွက်နေတဲ့ ဂျပန်လူမျိုးများ ဟာ ဖန်လို အုပ်ဆောင်း ကာထားတဲ့ ယဉ်တစ်စီးကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။


အဆိုပါ ဖန်အုပ်ဆောင်း အတွင်းမှာ အသားအရည် စွတ်စွတ်ဖြူပြီး ဆံပင် အနီရောင် ရှိတဲ့ အမျိုး သမီးတစ်ဦး ဟာ သူတို့တစ်ခါမှ မမြင်ဖူးတဲ့အင်္ကျီ ကိုဝတ်ထားပြီး
နားမလည် နိုင်တဲ့ ဘာသာစကား တွေပြောပြီ သူတို့ကို ဆက်သွယ် နေတာကြုံခဲ့ရဖူးပါတယ်။
ရှေးခေတ် ဂျပန်လူမျိုးများ ဟာ ဘာမှန်းမသိတဲ့ အဖြစ် အပျက်တစ်ခု အနေနဲ့သာ သဘောထားပြီး ကမ်းနား ကိုပြန်ခဲ့ပါတယ်။
သို့သော် ဤ နဂါးတြိဂံထဲမှာ ၄င်း ယာဉ်ကို မကြာခဏ တွေ့ရပါသည်ဟု ဂျပန် ရာဇဝင်မှာ ဖေါ်ပြထားပါတယ်။
နောက်ပြီး ဓာတ်ငွေ့တစ်မျိုး ဟာ ဘာမြူဒါ တြိဂံလိုဘဲ ရေထဲမှ ထွက်နေတက်ပါတယ်။
ဒါဟာ UFO တွေရဲ့ လောင်စာ ဓာတ်ငွေ့တစ်မျိုး လားဆိုတာတော့ မသိနိုင်ပါဘူး။

Nyanlinnaung ( MSO Member )
Crd : ကြီးသံ

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.060
BTC 66215.32
ETH 1988.80
USDT 1.00
SBD 0.50