ကံဆိုးမိုး​မှောင်​ကျ​နေတဲ့ကျ​နော်

in #myanmar6 years ago

ကံဆိုး မိုး​မှောင်​ကျ

အားလုံးပဲ မင်္ဂလာပါခင်​ဗျာ။ စာ​ရေးရမှာက ပျင်း​တော့ 😁😁မ​ရေးဖြစ်​တာကြာ​ပေါ့။ ဒီ​နေ့​တော့ ကျွန်​​တော့်​ အဖြစ်​အပျက်​က​လေးကို အမှတ်​တရနဲ့ ​ကျောက်​တိုင်​ထိုးရင်း...​ရေးသားခဲ့ပါရ​စေ။

မ​နေ့ကပင်​ ရွာက ညီတစ်​​ယောက်​ မြို့သို့ လာမည်​။ အ​ဖော်​ပါလာမည်​ဟူ၍ ကျွန်​​တော့်​ကို ​ပြော​လေ၏။ ကျွန်​​တော်​လဲ လာကြိုမည်​ဟု ​ပြောမိလိုက်​သည်​။

ညနက်​သန်း​ခေါင်​ ထိ internet သုံး​နေမိ၏။ ဤသို့မှာ မနက်​ဖြန်​ဟူ​သော်​ ယ​နေ့တွင်​ ကျွန်​​တော့်​၏ လုပ်​ကိုင်​ရာ လုပ်​ငန်းသည်​ အလုပ်​ပိတ်​​လေ၏။ ထို့သို့ ​အေး​ဆေး online သုံး​နေရခြင်းဖြစ်​​လေသည်​။

မနက်​ 4/30 ,တွင်​ ညီဆီမှ ​ရောက်​​ကြောင်း ဖုန်းဆက်​​လေ၏။ ထို့​ကြောင့်​ ကားဂိတ်​သို့ သွားကြိုရမည်​ဖြစ်​၍ ပြင်​ဆင်​ရ​လေ၏။ ဆိုင်​ကယ်​နဲ့သာ သွားကြို​ပေရမည်​။

ယခင်​ကမူ ကြို​နေကျ လမ်းအတိုင်း သွား​ရောက်​၍ ကြို​လေ၏။ အသွားတွင်​​တော့ ​လေတဟူးဟူးနဲ့ ချမ်း​တေ့​တေ့ဖြင့်​ ဆိုင်​ကယ်​စီးရ​လေ၏။ ထိုအဖြစ်​သည်​ကား ရန်​ကုန်​မြို့တွင်​ ဖြစ်​​လေ၏။

ကားဂိတ်​တွင်​​ရောက်​၍ ညီနဲ့ သူ့၏ သူငယ်​ချင်းပါ ​ခေါ်​ဆောင်​လာ၍ လာရာ လမ်းအတိုင်း ပြန်​လာ​လေ၏။ ဆိုင်​ကယ်​တွင်​ သုံး​ယောက်​သား ဖြစ်​​လေ၏။ လမ်းတွင်​ အကျိုး​အ​ကြောင်း​ပြောဆိုရင်​ ဆိုင်​ကယ်​စီးလာမိ၏။

ရောက်​လုနီးပါး လမ်းခုလတ်​တွင်​ မီးတဝင်းဝင်းနဲ့ ကျွန်​​တော်​စီးရာ ဆိုင်​ကာ်​ဆီသို့​ရောက်​လာ၏။ အနီး​ရောက်​​သော်​ ကျွန်​​တော်​ သည်​ အလန့်​တအားဖြစ်​မိ​လေ၏။

ထို့သို့မှာ ရဲသား ကြီး နှစ်​ဦးသား ဖြစ်​​လေ၏။ ​တွေးမိလိုက်​၏ ကုသိုလ်​ရမည်​ဆိုတာကို​ပေါ့။ ရဲသားကြီးများ ထုံးစံအတိုင်း ဆိုင်​ကယ်​ကိုစစ်​​ဆေး၏။ ပါလာ​သော အထုပ်​များလဲ စစ်​​ဆေး၏။ ဒါ့အပြင်​ ရဲစခန်းသို့​ခေါ်​ဆောင်​သွား​လေ၏။

အ​ကြောင်းမှာ ဦးထုပ်​မပါသည့်​အပြင်​ သုံး​ယောက်​စီး​သော​ကြောင့်​ ​ခေါ်​ဆောင်​သွားမည်​လို့​ပြော၏။ ကျွန်​​တော်​က​တော့ စဉ်းစားမိပြီ​လေ။ "​သေပြီဗျို့ "ဆိုပြီး စိတ်​ထဲပင်​ ​ရေရွတ်​မိလိုက်​သည်​။

အတိုးအချုပ်​ပင်​​ရေးလိုက်​​တော့မည်​။
ရဲစခန်းသို့​ရောက်​ကာ ပိုက်​ဆံ 35000ဒဏ်​​ငွေ​ဆောင်​ရမည်​​ပြော၍ ​ဆောင်​ခဲ့လိုက်​ရသည်​။ ယခုလိုမျိုး အဖြစ်​အပျက်​ကို တစ်​ခါပင်​ ကြုံခဲ့ဖူးသည်​။

ထိုကိစ္စနဲ့ပတ်​သပ်​လို့ မိမိဘာမှ ​မ​ဝေ ဖန်​လိုချင်​ပါ။ မိမိအပြစ်​သာ ဖြစ်​​ပေ၏ ဟု ​တွေးမိကာ ကြိတ်​မှိတ်​၍ ​နေရ​လေ၏။

ထိုသို့ကားလဲ မိမိ၏ အမှတ်​တရပင်​ဖြစ်​​လေသည်​။

(သီတင်းကျွတ်​လ မ​ရောက်​​သေး​ပေမယ့်​ ​စော​စောစီးစီး ကန်​​တော့လိုက်​ရ၏😂😂😂)
image

အားလုံး​ကျေးဇူးပါခင်​ဗျာ
@onlinelover

Sort:  

သတိမမူမိရင်ခံရမှာပါ

ဟုတ်​ကဲ့

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 57616.20
ETH 3030.92
USDT 1.00
SBD 2.25