ကျွန်မနှင့်စာဖတ်ခြင်း

in #myanmar6 years ago

image
ကျွန်မသည် စာဖတ်ခြင်းအလေ့အကျင့်ကိုရခဲ့သည်မှာ ကျွန်မ၏ဖခင်က ငယ်စဉ်ကတည်းပင် စာဖတ်တတ်သည့်အလေ့အကျင့်ကောင်းလေးကို စတင်ပျိုးထောင်ပေးခဲ့သောကြောင့်ဖြစ်ပါသည်။
စာဖတ်တတ်သည့်အရွယ်မှစပြီး ဘိုဘို၊ တွတ်ပီ၊ နှင်းနှင်းအေး ပုံပြင်များသည် ကျွန်မအတွက်အဖော်မွန်များဖြစ်ခဲ့ပါသည်။ အဖေသည် သူကိုယ်တိုင်လည်း စာဖတ်အင်မတန်ဝါသနာပါသူတယောက်ဖြစ်သလို စာအုပ်တွေကိုလဲရွှေထက်ပင် တန်ဖိုးထားသူတယောက်ဖြစ်ပါသည်။ စာဖတ်ခြင်းမှရရှိလာသော တန်ဖိုးကို ကောင်းကောင်းနားလည်သူတယောက်ဖြစ်သောကြောင့် ကျွန်မကိုဤအလေ့အထကို ကောင်းကောင်းမွေးမြူပေးခဲ့ပါတယ်။ ကျွန်မက ကလေးဆိုတော့ တခါတလေ စာမဖတ်ချင်တဲ့အခါတွေလဲရှိတာပေါ့နော်။ အဲ့လိုအချိန်တွေဆို အဖေကကျွန်မကို ဒီစာအုပ်လေးဖတ်ရင် မုန့်ဖိုးဘယ်လောက်ပေးမယ်နော်သမီး စသဖြင့် ကျွန်မလိုချင်သောအရာများနှင့်ဆွဲဆောင်ကာ ကျွန်မကိုစာဖတ်ချင်လာအောင် စည်းရုံးတတ်ပါသည်။ ဒီလိုနဲ့ပဲ ကျွန်မသည်လဲ စာဖတ်ခြင်းကိုနှစ်သက်လာခဲ့ပါသည်။
image
ကျွန်မဝတ္ထုစဖတ်တတ်တဲ့အရွယ်မှာ ကျွန်မစဖတ်တာကတော့ ဆရာမကြီးဂျူးရဲ့ဝတ္ထုများပါပဲ။ ၁၄ ၁၅အရွယ်မှာ ဆရာမဂျူးရဲ့ ဇာတ်ကောင်များဟာ ကျွန်မအတွက်တော့စံပြပါပဲ။ သူတို့လိုထက်မြက်တဲ့ မာကျောတဲ့ အမျိုးသမီးတယောက်ဖြစ်ချင်ခဲ့တာပေါ့။ နောက်ကျွန်မထပ်ရင်းနှီးခွင့်ရတာကတော့ ဆရာမကြီးခင်ခင်ထူး၊ကြည်အေး၊ဆရာကြီး ချစ်ဦးညို၊ တက္ကသိုလ်ဘုန်းနိုင် စသဖြင့် ဆရာကြီး ဆရာမကြီးတွေရဲ့ဝတ္ထုတွေပေါ့။ မအိမ်ကံသည် ကျွန်မအိပ်မက်ထဲထိပင် စွဲလန်းခဲ့ရသော ဇာတ်ကောင်တခုဖြစ်ခဲ့ပါသည်။ ဒီလိုတွေပဲဖတ်တာလားဆိုရင်လဲ မဟုတ်ပါဘူး။ လွန်းထားထား ပုညခင် မြပုလဲသွယ် ပုဏ္ဏမီ အစုံကျွန်မဖတ်တယ်။ သုတစာပေလဲဖတ်တယ်၊ ရသစာပေလဲဖတ်တယ်။ ဒါပေမယ့် ခုအသက်အရွယ်ထိ သုတစာပေဖတ်အားကတော့နည်းနေပါသေးတယ်။ စာဖတ်တဲ့နေရာမှာ လူကြီးတွေကလဲကျွန်မကို ဘယ်လိုစာအုပ်မျိုးပဲဖတ်ရမယ်လို့ ကန့်သတ်မထားခဲ့ပါဘူး။ ကျွန်မစိတ်ကြိုက်ဖတ်သင့်တဲ့စာအုပ်အားလုံးဖတ်ခွင့်ရပါတယ်။ဖတ်ရင်းဖတ်ရင်းနဲ့ပဲ ဘယ်စာအုပ်မျိုးက ကိုယ့်အတွက်အကျိုးရှိတယ် ဘယ်လိုသင့်တော်တယ်ဆိုတာ စာဖတ်အတွေ့အကြုံကပဲလမ်းညွှန်သင်ပြသွားခဲ့တာပါ။
image
ကျွန်မအနေနဲ့ဆိုရင် စာအုပ်တိုင်းဟာ ယူတတ်ရင်ပညာရတာတွေချည်းပါပဲ။ အချစ်ဝတ္ထုဖတ်လဲ ယူတတ်ရင် သင်ခန်းစာရမှာပဲလေ။ ကိုယ်ကခံယူတတ်ဖို့တော့လိုတာပေါ့နော်။ ဒါကြောင့် စာဖတ်ခြင်းဟာ ဘဝအတွက် အကောင်းအဆိုးကို လမ်းပြပေးနိုင်တယ်လို့ ကျွန်မယုံကြည်မိပါတယ်။ ခုခေတ်မှာ နည်းပညာတွေတိုးတက်ပြောင်းလဲလာတာနဲ့အမျှ ကလေးငယ်တွေဟာလဲ စာဖတ်တာထက် ဂိမ်းဆော့တာမှာပိုစိတ်ဝင်စားလာကြသလို ကျွန်မတို့လူကြီးများကလဲ Facebook သုံးခြင်းနဲ့ပဲအချိန်ကုန်လာကြပါတယ် ကျွန်မအပါအဝင်ပေါ့။ ခုဆို စာဖတ်တဲ့အလေ့အကျင့်လေးမပျောက်သွားအောင် မနည်းကိုမွေးမြူထိန်းသိမ်းနေရပါတယ်။ဘယ်လိုပင်ဖြစ်ပါရေ စာဖတ်ခြင်းအလေ့အထကိုတော့ကျွန်မမစွန့်ပစ်ပဲ မြဲမြံစွာဆုပ်ကိုင်ထားကာ ဘဝသက်ဆုံးတိုင်အဖော်မွန်တယောက်အနေဖြင့်ရွေးချယ်သွားမယ်လို့ ဆုံးဖြတ်ရင်း........

Author @phukhetnaing

Sort:  

Congratulations @phukhetnaing, you have decided to take the next big step with your first post! The Steem Network Team wishes you a great time among this awesome community.


Thumbs up for Steem Network´s strategy

The proven road to boost your personal success in this amazing Steem Network

Do you already know that awesome content will get great profits by following these simple steps, that have been worked out by experts?

Good ညီမလေး welcomeပါနော်

ကျေးဇူးပါနော်မမ

မမကြည် သားကောင်မလေး ဘေဘီဖူးကို ဂရုစိုက်ပေးပါအုံးနော်
ဘေဘီ အဲ့ဒီအစ်မက ဆားလင်းကြီးကလေ

good တယ် ဗျို့

ကျေးဇူးပါရှင့်

ကောင်းတဲ့အလေ့အကျင့်တစ်ခုဘဲမို့ အားကျမိပါတယ်ဗျာ

အလေ့အကျင့်ကောင်းလေးကို ဆက်လက်မွေးမြူ ပါ
အရေးအသား ကောင်းပါတယ် ညီမရေ ဆက်လက်ကြိုးစားပါ

ဟုတ်ကဲ့ပါအစ်မရေ
ကျေးဇူးပါရှင့်

ကျေးဇူးပါ

အလိမ္မာစာမှာရှိတဲ့ဗျာ စာဖတိတော့ သူများထက်ခေါင်းတလုံးသာတာပေါ့ဗျာ
အားကျရပါတဟ် fightingပါအောင်မြင်ပါစေ

တွတ်ပီရဲ့ အဖေ ဒဲ့ပီနဲ့ အဖိုးပေါက်ပီကိုလည်းသတိရတဟ်ဗျာ
:)https://steemit.com/myanmar/@phukhetnaing/k-ynm-wngsapatyakhng-47786838db9b1

လူဆိုတာ မ​နေ့ကထက်​ ဒီ​နေ့ အသိပညာ​တွေပိုတိုးလာရမယ်​...
မနက်​ကထက်​ညမှာ ဦး​နှောက်​အ​လေးချိန်​ပိုစီးလာရမယ်​....
ဒီလိုဖြစ်​ဖို့ဆိုရင်​ တစ်​ခုပဲရှိသည်
#စာဖတ်​ပါ.........​ဖေမြင့်
ကျ​နော်​က​တော့​ဖေမြင်​စာအုပ်​​တွေကို ရူးရူးမူးမူး ဖတ်​ခဲ့ပါတယ်​ဗျာ

အမှန်ပါပဲအကိုရေ

ကောင်းပါ့အကို​ရေ

စာဖတ်တတ်တဲ့အကျင့်လေးနဲ့ steemit သုံးလိုက်တော့ ပိုအဆင်ပြေတာပေါ့

ဟုတ်ပါ့ရှင်

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 55450.66
ETH 2943.26
USDT 1.00
SBD 2.07