Forex Part 1 (Forex market ဖြစ်လာခြင်း)

in #myanmar7 years ago (edited)

Forex Trading ဆိုတာဘာလဲ

ကျွန်တော် Forex trading အကြောင်းကိုမရှင်းပြခင် Forex မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးတွေကို ဗဟုသုတရအောင်အရင် ပြောပြ ချင်ပါတယ်။ ၂၀၁၂ မှာForex ဆိုတာကြီးကို အင်တာနက်မှာ ရှာတွေ့ခဲ့စဉ်ကပေါ့ ဘယ်သူ့ကိုမေးပြီး ဘယ်မှာ သင်ရမယ်မှန်းလည်းမသိအဲ့လိုနဲ့ အွန်လိုင်းမှာစာအုပ်တွေရှာဖတ်ဖို့ ဆိုပြီး မြန်မာလိုရေးထားတဲ့ ebook တွေရော english ebook တွေရော ရှာdownload ဆွဲခဲ့တယ် စိတ်ထဲမှာထင်တာ ငါဒီစာအုပ်တွေ အကုန်ဖတ်ပြီး ရင် pro trader တစ်ယောက်ဖြစ်ပြီပေါ့ ဟဲဟဲ...။ ဒါပေမယ့် စာဖတ်ဖို့ကို စိတ်သိပ်မပါပဲ အရောင်းအ၀ယ်လုပ်ဖို့ကိုပဲ စိတ်ကအားသာနေခဲ့တာ အဲ့လိုနဲ့ အရောင်းအ၀ယ်ဖို့ ရှိတာလေးတွေ ထုခွဲရောင်းလိုက်တာ dollar ၃၀၀၀ လောက်ရတယ် ။ ဒီလိုနဲ့ forex ထဲကို ခြေစုံပစ်ပြီး ၀င်ခဲ့တယ် အဲ့မှာစတွေ့တာပဲ forex နဲ့ ကျွန်တော်နဲ့ ပထမဦးဆုံး အေ၇ာင်းအ၀ယ်ကို GBPUSD နဲ့လုပ်လိုက်တာ ဒေါ်လာ ၃၀၀၀ ကနေ ၃၅၀၀ ဖြစ်သွားတော့ အဲ့လယ့်တယ်ဟုတ်တဲ့ငါပါလားဆိုပြီး ကိုယ့်ကိုကို အထင်ကြီးနေတာ မကြာပါဘူး နောက်တစ်ပါတ်လဲ ရောက်ရော ပေါင်ကို ဈေးတက်မယ်ထင်ပြီး ၀ယ်လိုက်တာ ကိုယ်လဲဝယ်ပြီးရော ကျလိုက်တဲ့ ဈေးတွေ ၃၅၀၀ ကနေ ၁၅၀၀ ရှုံးသွားတယ် လက်ထဲမှာ ၂၀၀၀ပဲကျန်တယ် အဲ့လိုနဲ့ နောက်order တစ်ခုထက်ဖွင့်တယ် ဈေးကအဲ့လောက်ထိတော့မကျနိုင်ပါဘူးဆိုပြီး ထက် ၀ယ်တယ် ဈေးကလဲ ပြောင်ပြောင်ပဲ ထက်ကျတယ် နောက်ဆုံး broker က သူသက်မှတ်ထးတဲ့ အရောင်းအ၀ယ် လုပ်နိုင်တဲ့ပမာန ကိုကျော်သွားပြီဆိုပြီး အကောင့်ပါပိတ်လိုက်ရော။ဒါပေမယ့် ကျွန်တော်လက်မလျော့ခဲ့ဘူး Forex နဲ့ပါတ်တသက်တဲ့ စာအုပ်တွေ ကို နေ့ရောညရော ဖက် လိုက် လက်တွေ့လုပ်ကြည့်လိုက် ရှုံးလိုက်နဲ့ တစ်နှစ်ခွဲလောက်ကြာသွားတော့ forex အကြောင်းကိုကောင်းကောင်းသိလာခဲ့တယ်။အဲ့ဒါနဲ့ပဲ ကျွန်တော့ဘ၀ကိုရက်တည်နိုင်အောင်ကြိုးစားခဲ့တယ်။ တစ်ကယ်တော့forex မှာအရောင်းအ၀ယ်လုပ်ဖို့အတွက် ကမခက်ခဲပါဘူး forex course ကိုသင်ပေးရင် တစ်လနဲ့ တက်အောင်သင်ပေးလို့ရတယ် ဒါပေမယ့် forex မှာအရေးကြီးဆုံးက emotion ပဲ အဲ့ဒါကိုတော့ ဘယ်လိုမှသင်ပေးလိုမရဘူး သင်ပေးလို့ရရင်တောင်လိုက်နာနိုင်တဲ့သူက ရှားတယ်။ဒါကြောင့် ကျွန်တော်လေ့လာထားတဲ့ knowledge တွေကိုအားလုံးအတွက်အကြိုးရှိအောင် ပြန်လည်မျဝေရခြင်းဖြစ်ပါတယ်။ ကျွန်တော်အခုရေးမယ့် forex သင်ခန်းစာတွေက အားလုံးအတွက်အကြိုးရှိမယ်လို့မျှော်လင့်ပါတယ်။

9940gw.jpg

Forex ဆိုတာ ဘာလဲ။

Money Changer တစ်ခု ကို ရောက်ဖူးပါသလား။

ဈေးတွေ ရေးထားမှာပေါ့။

အမေရိကန် တစ်ဒေါ်လာ ကို ၁၃၅၀ နဲ့ လဲ ပေးတယ်ဆိုတာ တွေ့ကောင်းတွေ့မိလိမ့်မယ်။

နောက်ရက်မှာ ကျတော့ တစ်ဒေါ်လာဟာ ၁၃၅၀ မဟုတ်ဘဲ ၁၃၆၀ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။

အဲ့ဒီ ၁၃၅၀ နဲ့ ၁၃၆၀ အဟလေး ဟာ Forex Market ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ပြီးတော့ သင့်ကို အမြတ်ရှာပေးနိုင်မယ့် အနေအထား တစ်ခု ဖြစ်ပါတယ်။တကယ်တော့ Forex ဆိုတာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ငွေကြေးဈေးကွက် တစ်ခုပါပဲ။ကမ္ဘာပေါ်မှာ အကြီးမားဆုံး နယူးယော့စတော့ဈေးကွက် ဟာ ၂၂.၄ ဘီလီယံ ရှိနေချိန်မှာ Forex ဈေးကွက်ကတော့ တစ်နေ့ကို ၅.၃ ထရီလီယံ ရှိနေပါတယ်။

ကဲ အဲ့ဒီမှာတင် Forex ဈေးကွက် ဟာ အကြီးကြီးပါလား ဆိုတာ သိရင် ကျေနပ်ပါပြီ။

စစ်ရှုံးတဲ့ ဂျပန် ဂျာမနီတို့ဟာ ဒီစနစ်ရဲ့အကျိးကျေးဇူးတွေနဲ့ ပြန် လည်နိုးထခဲ့ပါတယ်။ ဒီစနစ်ကြီးကို့တော့ bretton wood သဘောတူညီချက်လို့ခေါ်ပါတဟ်။

ဒုတိယ ကမ္ဘာစစ်ဒဏ်တွေကို ဖြေဖျောက်ဖို့ကြိုးစားခဲ့ကျရာဖြစ်ပေါ်ခဲ့တာပါ။မျှတတဲ့ဈေးကွက် တစ်ခု နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု နဲ့ ကုန်သွယ်မှုဖလှယ် စနစ်ဆိုပြီး နှစ်ပိုင်းကွဲသွားခဲ့ပါတယ်။

ကုန်သွယ်မှုဖလှယ်စနစ်ဆိုတာတော့ ဘာလဲဆိုရင် ရွှေတစ်အောင်စကို 35$ နဲ့ fix လုပ်ပြီး ဒီစနစ်ကိုအကောင်အထည်ဖော်ခဲ့တာလဲဖြစ်ပါတယ်။ရွှေနဲ့ချိန်စက်တဲ့ ငွေကြေးစနစ်တစ်ခုဖြစ်ခဲ့ပါတယ်။ဒီအချိန်တုန်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ exchange rateတွေဟာ အပြောင်းအလဲမရှိခဲ့ပါဘူး။

စစ်နိုင်တဲ့နိုင်ငံဖြစ်တဲ့အမေရိကန်တွေပိုမို ခရီးသွားခဲ့ကျပါတော့တယ်။ အကြီးအကျယ် ကုန်တွေတင်သွင်းကျပါတယ်။ လိုငွေတွေလဲပြပါတော့တယ်။လိုငွေအသာစီးရတဲ့နိုင်ငံတွေရဲ့ ဗ ဟိုဘဏ်တွေဟာ အမေရိကန် dollarတွေအများကြီးဖြစ်လာခဲ့ပြီး သဘောတူညီချက်အရ ရွှေဟာ us မှာကြိုက်တဲ့အချိန် 35$ပေးရင် 1ounceရခဲ့တဲ့အတွက် ရွှေတွေပိုမိုစုဆောင်းမိခဲ့ကျပါတဟ်။

အားနည်းချက်ကဘာဖြစ်လာခဲ့လဲဆိုတော့ ပြည်တွင်း ငွေလဲတန်ဖိုးအတွက် ပြည်တွင်းpolicy အားလုံးနဲ့အဆငိပြေခဲ့ပေမဲ့ တစ်န်ုင်ငံနဲ့တစ်နိုင်ငံကြား ငွေကြေးငွေလဲတန်ဖိုးကို ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိပါဘူး။တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ ကုန်သွယ်ရေးအန်ုင်ရတဲ့နိုင်ငံတွေနဲ့ ရှုံးနိမ့်တဲ့နိုင်ငံတွေဆိုပြီးပေါ်ပေါက်လာခဲ့ပါတယ်။ရှုံးနိမ့်ခဲ့မယ်ဆိုရင် ဗဟိုရန်ပုံငွေထူထောင်ထားပြီး ကိုယ်ရဲ့ငွေကြေးတန်ဖိုးကိုမချခိုင်းခဲ့ပါဘူး။ ဒီ ဗဟိုရန်ပုံငွေအဖွဲ့အစည်းဆိုတာဟာအခု ချိန်မှာ IMF world bankကြီးပဲဖြစ်ပါတဟ်။

နောက်ပိုင်းရောက်တဲ့အခါ ပိုငွေပြလာတဲ့နိုင်ငံတွေဟာ exchange rateကို ပြောင်းလဲချင်လာခဲ့ပါတယ်။ကိုယ်ငွေနဲ့ရွှေတွေများများဝယ်ချင်လာခဲ့ပါတယ်။တချု့ဘဏ်တွေကတော့ အတိုးနှုန်းကစားကျတယ်။တချု့ share ဝယ်ထားကျတယ်။တချု့က ရွှေအရန်ထားကျပါတဟ်။ဗဟိုဘဏ်တစ်ခုနဲ့တစ်ခု policyချင်းမတူညီကျပါဘူး ရွှေများများထားချင်သူတွေကတော့ အမေရ်ကန်ဆီက ဝယ်ကျရပါတယ်။ အမေရိကန်ကတော့ ရွှေကိုရောင်းချင်တဲ့စိတ်မရှိပါဘူး ဘာကြောင့်လဲဆိုတော့ ရွှေ 1အောင်စကို 35$ပဲရှိတဲ့အတွက်ဖြစ်ပါတယ်။ရွှေမဝယ်ဖို့ နားချခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းအချိန်တွေကို ရောက်လာတဲ့အခါ သဘောတူညီချက်ကို အကြိမ်ကြိမ်ချုးဖောက်လာခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ပြင်သစ် သမ္မတ ချားဒီကောဟာ သူ့ခံတပ် မှာရှိတဲ့ ရွှေတွေနဲ့ ပိုက်ဆံလဲသွားရာက မခံစားနိုင်တဲ့အဆုံးမှာ 1972 လောက်မှာ အမေရိကန် သမ္မတ နေဆင်ဟာ သဘောတူညီချက်ကို ဖျက်သိမ်းလိုက်ရပါတော့တယ်။ 1973မှာ ငွေကြေးတွေဟာ floatဖြစ်လာခဲ့ပြီး fixမဟုတ်တော့ပါ။1973မှာ သဘောတူညီချက်ကြီးအလုံးစုံ ပျက်ဆီးပြီး currency exchange rateတွေလဲပြောင်းလဲရာကစလို့ forex market ဖြစ်ပေါ်လာခဲ့ပါတော့တယ်။

NEXT
Forex မှာ ဘာတွေ ၀ယ်ရောင်း ကြမှာလဲ

Sort:  

အလဲ့လဲ့ မိုက်တယ်

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62195.97
ETH 2415.56
USDT 1.00
SBD 2.64