" ရွက်ကြွေတောက နွေခေါ်သံ " အပိုင်း - ( ၂ )

in #myanmar8 years ago (edited)

IMG_20180503_180952.JPG" မိခွေးမ "
တကယ်တော့ မိခွေးမ လို့ခေါ်တွင်ခဲ့တာဟာ
သူ့ရဲ့ဗီဇလေးကြောင့်ပါ။
သူငယ်ငယ်တုန်းကတည်းက အပျိုဖော်ဝင်စအချိန်ထိ
ခွေးလေးတွေကို အရမ်းချစ်တာ
သူလက်သပ်မွေးထားတဲ့ ခွေးလေးတွေအတွက်ဆိုရင်
သူမစားရဘဲ ကျွေးဆိုလည်းကျွေးမွေးပါတယ်။
ဒါကြောင့်လည်း သူ့ကို မိခွေးမ လို့ခေါ်ခဲ့တာပေါ့ ။
ခွေးအရမ်းချစ်တတ်တဲ့ "မိခွေးမ" လေးလေ ။
အခုကျွန်တော် ရှေ့ကိုနည်းနည်းဆက်သွားရင်
သူနဲ့သက်ဆိုင်တဲ့နေရာလေးကို ရောက်ပါပြီ။
အဲဒီနေရာကို ကျွန်တော့်သူငယ်ချင်းက
မသွားရဲပေမယ့် ---
ကျွန်တော့်မှာတော့ဖြင့် သနားစိတ်တွေနဲ့
ဆက်တိုးသွားမိတယ်။

"ဟော ရောက်ပြီမောင်ထူး တကယ်တော့
ဒီနေရာလေးကို အခုမှရောက်ဖူးတာကွ"

"အေးလေ အခုရောက်ဖူးပြီမလား
ဒါဆို လှည့်ပြန်ကြရအောင်ကွာ ဖိုးနောင်"

"ဟာ နေပါဦးကွာ၊ လာပါကွာ၊ ခဏလောက်
ထိုင်ကြရအောင်၊ ဒီသစ်ပင်အောက်လေးမှာ"

ကျွန်တော်အတင်းခေါ်လို့သာ ထိုင်နေရတဲ့မောင်ထူးက
ဟိုကြည့်၊ဒီကြည့်နဲ့ ကြောက်နေသလိုပဲ
တကယ်တော့ ကျွန်တော်တို့ထိုင်နေတဲ့နေရာရဲ့
အပေါ်ကသစ်ပင်ဟာ မိခွေးမလေးရဲ့
ဟုတ်တယ် မိခွေးမလေးရဲ့ ဘဝကိုအရှုံးပေးခဲ့တဲ့
နေရာလေးပေါ့ဗျာ။

~ အရမ်းသနားစရာကောင်းတဲ့ ကောင်မလေးတစ်ယောက်
~ ခွေးလေးတွေကိုချစ်တဲ့ ကောင်မလေးတစ်ယောက်
~ လောကဓံရဲ့ဒဏ်ကိုခံခဲ့ရတဲ့ ကောင်မလေးတစ်ယောက်
~ သစ္စာရှိမှုကိုအသက်နဲ့သက်သေပြုခဲ့တဲ့
ကောင်မလေးတစ်ယောက်
~ မေတ္တာတရားဆိုတာကို အလေးအနက်ထားခဲ့တဲ့
ကောင်မလေးတစ်ယောက်
~ သူ့ရဲ့အလွမ်းတွေကို အသက်ပေးပြီး
အဆုံးသတ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်

အခုတော့ ဒီနေရာလေးဟာ
အဲဒီကောင်မလေး မရှိတော့တဲ့အချိန်မှာ
ပိုပြီးအထီးကျန်လာတယ်။
ပိုပြီး လွမ်းမောစရာတွေ ဖြစ်လာတယ်၊
ပိုပြီး ဆွေးမြေ့ကြေကွဲစရာ ဖြစ်လာတယ်၊
မိခွေးမလေးကို ကျွန်တော်မမြင်ဖူးပေမယ် ---
သူဘယ်လိုပုံစံရှိတယ်၊
သူဘယ်လို သဘောထားပြည့်ဝတယ်၊
သူဘာကြိုက်တတ်တယ် ဆိုတာတွေကို
သူနဲ့ပတ်သက်ခဲ့တဲ့ သူတွေဆီမှာသိခဲ့ရ
ကြားခဲ့ရဖူးပါတယ်။
ရာသီတွေဘယ်လိုပင်ပြောင်းလဲသွားပေမယ့် ---
သူနဲ့ပတ်သက်တဲ့သူတွေ ရင်ထဲအသည်းထဲမှာ
သူမရဲ့အကြောင်းလေးတွေ ယနေ့တိုင်ရှိနေမယ်လို့
ကျွန်တော်ယုံကြည်မိတာ အမှန်ပါ။

Coin Marketplace

STEEM 0.06
TRX 0.28
JST 0.045
BTC 66645.56
ETH 1982.20
USDT 1.00
SBD 0.52