အမျှင်ဓာတ်ကြွယ်ဝသော အစားအစာ စားသုံးလျှင် ဝမ်းဗိုက်ကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်မည်

in #myanmar8 years ago

အမျှင်ဓာတ်ကြွယ်ဝသော အစားအစာ စားသုံးလျှင် ဝမ်းဗိုက်ကင်ဆာရောဂါကို ကြိုတင်ကာကွယ်ရာရောက်မည်ဟု အမေရိကန်ဆေးသိပ္ပံပညာရှင်များက ပြောကြားကြောင်းသိရသည်။
ဟားဗတ်ဆေးကျောင်းနှင့် ဘော့စတွန်မြို့ရှိ မန်ဆာဂျူးဆက်မာအထွေထွေဆေးရုံကြီးမှ ဆေးသိပ္ပံပညာရှင်များ ပူးပေါင်းကာ ဝမ်းဗိုက်ကင်ဆာဖြစ်ပွားသော အကြောင်းအရင်းနှင့် ကြိုတင်ကာကွယ်နိုင်မည့် အခြေအနေများအကြောင်း သူသေသနပြုလေ့လာခဲ့ကြသည်။
ထိုသို့လေ့လာရမှ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများက ယင်းကင်ဆာရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်မည်ကို ဖော်ထုတ်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဦဆောင်သုတေသီ ဒေါက်တာအင်ဒရူးချန်းက ရှင်းလင်းပြောကြားသည်။
အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နှစ်နိုင်ငံတွင် ဝမ်းဗိုက်ကင်ဆာသည် အဖြစ်များဆုံးသောနိုင်ငံဖြစ်ပြီး အမေရိကန်နိုင်ငံသား ၅၀၀၀၀ ခန့်နှင့် ဗြိတိန်နိုင်ငံသား ၁၆၀၀၀ ခန့် ထိုကင်ဆာရောဂါကြောင့် နှစ်စဉ် အသက်ဆုံးရှုံးနေကြောင်း သိရသည်။

MSC -085

Sort:  

တစ်ရက်ကို post များစွာရေးတင်ရင် Vote ပေးမယ့်သူများမနိုင်ရင်အဆင်မပြေပါ။ နှစ်ရက် ကို post တစ်ခုတင်တာနဲ့ တစ်ရက် post နှစ်ခုတင်တာကိုနှိုင်းယှဉ်ရင် power တက်တာက နှစ်ရက် တစ်ပုဒ်တင်တာပ ပိုပြီးတာသွားပါတယ်။အရေးကြီးတာက tag မှန်ဖို့နဲ့ Quality post ဖြစ်ဖို့ အရေး ကြီးတာပါ။

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.070
BTC 71771.63
ETH 2190.46
USDT 1.00
SBD 0.49