သင်လူတစ်ယောက်ဖြစ်ပြီလား
ဒီနေ့တော့လူဆိုတဲ့ အဓိပ္ပါယ်ကို ပြောပြချင်ပါတယ် လူ ၄မျိုး ရှိတယ် အဲ့ဒါတွေကတော့ လူတိရိစ္ဆာန် လူ့ပြိတ္တာ လူ့ငရဲ လူသားစင်စစ်ဆိုပြီးခွဲခြား ထားပါတယ် ကိုယ်ဟာဘယ်လိုလူမျိုး ဖြစ်နေလဲဆိုတာ သိနိုင်ဖို့ရယ် လူသားစင်စစ်ဖြစ်ဖို့ဘာ ကိုယ်ဘာတွေလုပ်ရမလဲဆိုတာ သိနိုင်ဖို့ ဒီ post လေးကိုရေးလိုက်ရပါတယ်
ပထမဦးဆုံးလူ့တိရိစ္ဆာန် အကြောင်းလေး ပြောချြင်ပါတယ် တိရိစ္ဆာန်တွေ ဟာ စားတတ်တယ် အိပ်တတ်တယ် ကာမဂုဏ်မှီဝဲတတ်တယ် လူတွေကလဲအိပ်တတ်တယ် စားတတ်တယ် ကာမဂုဏ်မှီဝဲတာပဲတတ်ရင် တိရိစ္ဆာန်နဲ့ဘာကွာလဲ လူတွေကစားဖို့ရှာရတယ် လို့မပြောနဲ့ ဥပမာပေးရရင် ခွေးလည်းစားဖိုရှာရတယ် အိပ်ဖို့ရှာရတယ် ကာမဂုဏ်မှီဝဲဖို့ ရှာရတာပါပဲ အိမ်ကြိုအိမ်ကြားမှာ ခွေးတွေဘာလုပ်နေလဲ ရှာနေရတာပါ မနက်မိုလင်းစားမယ် နေခင်းအလုပ်သွားမယ် ပြန်လာ ကာမဂုဏ်မှီဝဲတာနဲ့ပဲ အချိန်ကုန်နေရင် တိရိစ္ဆာန်နဲ့ဘာကွာလဲရုပ်ကြီးကတော့လူ စိတ်ကတိရိစ္ဆာန် အဲ့လိုလူဟာလူတိရိစ္ဆာန်ပါ
နောက်တစ်ခုက လူ့ပြိတ္တာ ကိုယ့်ပတ်ဝန်းကျင်မှာတွေ့ဘူးကြမှာပါ သူတစ်ပါးကို လည်းမလှူ
ကိုယ့်အတွက်ပဲကြည့် တစ်ဘို့တည်းသမာတွေ
ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲလူတွေ ဟာလည်း ပြိတ္တာလိုသူ စားဖို့သူရဖို့ အတွက်နဲ့ပဲ ဘဝကိုအချိန်ကုန်ခံနေတဲ့ ဘဝနဲ့ဘာမှမကွာ ဘူး ရုပ်ကလူ စိတ်ကပြိတ္တာစိတ် ဒါ့ကြောင့် လူ့ ပြိတ္တာလို့ခေါ်တယ်
ထောင်ကျ အချုပ်ကျကျနေတဲ့လူတွေကိုလည်းမြင်ဖူးကြားဖူးကြမှာပါ လွတ်လပ်မှာမရှိဘူး အပြစ်သားတွေပေါ့အတိတ်ဘဝက သူများပေါ်မကောင်းတာလုပ်ခဲတော့အခုခံနေရတဲသူရှိသလို အခုဘဝမှာတင်လုပ်ပီးအခုခံနေကြရတာတွေပေါ့ သူမျာခိုင်းသမျှလုပ်နေရတယ် အနေဆင်းရဲ အစားဆင်းရဲ စိတ်ဆင်းရဲ ဆင်းရဲမှုမျိုးဆုံခံနေကြရတယ် အဲဒါကလည်း ဘာထူးလည်း အဆင်းကသာလူ ငရဲခံနေရတာနဲ့မခြားခံနေရတော့ လူ့ငရဲလို့ဆိုထားပါတယ်
အပေါ်ကလူသုံးမျိုးဘာလို့ဖြစ်နေတာလဲဆိုရင် အကြောင်းအကျိုးကိုနားမလည်လို့ပါ လူသားစင်စစ်ဘာကွာလည်းဆိုရင် ဥာဏ်ကွာပါတယ် လူသားတစ်ယောက်ဆိုရင် အကြောင်းအကျိုး အကောင်းအဆိုးကိုနားလည်ရမယ် ဟုတ်သည်မဟုတ်သည် မှန်သည်မမှန်သည် အကျိုးရှိ မရှိကို ဝေဖန်စမ်းစစ်နိုင်ရမယ် ဒါမှ သူတစ်ပါးအကျိုး မိမိအကျိုး နှစ်ဦးနှစ်ဘက်အကျိုးကိုနားလည်မယ် ပြောရမယ်ဆို လူပီသပီပေါ့ဗျာ
လူနဲ့ပတ်သတ်ပြီး ရှေးလူပညာရှိ ရဟန်းပညာရှိကြီးတွေကလည်း လူ့ လူ လူးဆိုပြီး ခွဲခြားဆုံးမခဲ့ကြတယ် မျက်စိတစ်ဖက်ကန်ပီး မိမိအကျိုးစီးပွားပဲကြည့်တဲ့သူကိုလူ့ တဲ့ အကောင်းအဆိုးလည်းနားမလည် သူတစ်ပါးအကျိုး မိမိအကျိုးလည်းနားမလည် အမှားအမှန်ကိုလည်းဝေဖန်ပိုင်ခြားနိုင်ခြင်းမရှိတဲ့သူကို လည်းမျက်လုံး ၂ ဖက်စလုံး ကန်းနေတာနဲတာနဲဥပမာပေးပြီး လူးတဲ့ မိမိသူတစ်ပါးအကျိုးစီပွား ၂ခုစလုံးကို သိတဲလူကိုမှ မျက်လုံး၂ဖက်စလုံးမြင်တဲ့ လူသားစစ်စစ်လို့ ဆုံးမခဲ့ကြတယ်
ဒီလောက်ဆို ရင်တော့ ငါဟာအခုချိန်မှာဘယ်လိုလူလည်း သိလောက်ပါပြီ နောင်ဘယ်လိုလူဖြစ်အောင် ကြိုးစားရမလဲဆိုတာလည်းသိလောက်ပါပြီ အချိန်မှီပြင်ဆင်နိုင်ကြပါစေလို့ သတိပေး ဆုတောင်းရင်း လူပီသဖို့ကြိုးစားနေသူတစ်ဦး....
Msc 236
@soeyan
Photo facebook
လူဖြစ်ရကျိုးနပ်အောင်ကြိုးစားနေပါတယ်ရှင်
လူ့ကျင့်ဝတ်ကိုကျင့်မှလူပီသပါမယ်။
လူမှန်ရင်တော့လူပီသအောင်နေထိုင်ဖို့လိုပါတယ်ရှင်။တစ်ယောက်နဲ့တစ်ယောက်မေတ္တာဂရုဏာမုဒိတာတွေထားနိုင်ရင်အကောင်းဆုံးပေါ့ရှင်
ဟုတ်ပါတယ်
လူပီသအောင် မာန လေးနည်းနည်း၊အမှားလေးနည်းနည်း၊အမှန်တရားလေး များများ ရောထပြီး နေထြိုးစားနေပါတယ် ။
:-)
စေ့ဉ်ပြင်ဆင်သင့်တာ်
font မမှန်တော့ဘာရေးထားလည်းမသိဘူးဗျာ
လူဖြစ်ရတဲ့ဒုက္ခ
လွတ်အောင်ကြိုးစားရမယ်
ကြိုးစားနေပါတယ်
Very good
သားသားက လူမဖြစ်သေးဘူး ခုမှ ကြိုးစားတုန်း ဟီးးးဟီးးးး
:-) :-)
ကောင်းပါပေ့ဗျာ။လူပီသအောင်ကြိုးစားနေပါတယ်။
Good✔
မှန်ပါတယ် အဓိကက လူပီသကျဖို့ပါဗျာ...plz v and c me back @mgtoetat
Yes finish v and c you