Theatre Of Dreams

in #myanmar6 years ago

Theatre Of Dreams
image
လူသားဆန်တဲ့ အနုပညာမြောက်တဲ့ အရာတွေ.....တည်ရှိနေတဲ့နေရာ၊ခမ်းနားထည်ဝါမူတွေ၊မာန်မာနတွေကိန်းအောင်းနေတဲ့နေရာ၊ တိုက်ပွဲဝင်စိတ်ပြည့်နှက်နေတဲ့နေရာ အဲ့နေရာကတော့ အိမ်မက်ပြဇာတ်ရုံ လို့ ခေါ်တဲ့ အင်္ဂလန်မှာ တည်ရှိတဲ့ မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းတည်ရှိရာနေရာ ဖြစ်ပါတယ် ။ကျွန်တော့်ရဲ့ နှလုံးသည်းခြေ တည်ရှိရာနေရာနေရာပေါ့။ယောင်္ကျားလေးတစ်ယောက်ဖြစ်တော့ ဘောလုံးအားကစားကို ရူးသွပ်စွာ မြတ်နိုးမိခဲ့တယ်။ဘောလုံးအသင်းတွေအများကြီး ရှိတဲ့အထဲမှ မန်ချက်စတာ ယူနိုက်တက်အသင်းကို ဘာကြောင့်ရွေးမိရလဲ ဆိုရင် နောက်ဆုံးအချိန်အထိ အရူံးမပေးတက်တဲ့ စိတ်ဓာတ်တွေ တည်ရှိနေခြင်းက ကျွန်တော့် နှလုံးသားကို ဖမ်းစားသွားတဲ့အဓိက အကြောင်းဘဲ ဖြစ်ပါတယ်။
image
စပြီးကြည့်မိတဲ့အချိန် 1998 ခုနှစ် တိုက်စစ်မှုး ဒွိုက်ယော့ အင်ဒီကိုး တို့ရဲ့ တိုက်စစ်စွမ်းရည် တွဲဖက်မိပုံတွေ ဥရောပကြောက်စရာအကောင်းဆုံး တိုက်စစ်အတွဲ နှင့် အနိုင်မခံအရူံးမပေးတဲ့ တစ်သင်းလုံးရဲ့စိတ်ဓာတ်တွေကို ကြိုက်နှစ်သက်ပြီး စတင်အားပေးခဲ့ပါတယ်။
လူငယ်တွေကို နေရာပေးပြီး တစ်ကမ္ဘာလုံးက မဖြစ်နိုင်ဘူး ပြောနေတဲ့ကြားက EPL ဖလား၊ Campaign league ၊ FA ဖလားများတပြိုင်နက်ယူပြလိုက်တော့ ကြွေဆင်းသွားတာပေါ့ ။အဲ့အချိန် ဘက်ခမ်းတို့ ပေါ့စခိုး ရိုင်ရယ်ဂစ်တို့ လူငယ်တစ်သိုက် ရိုင်ကိန်းရဲ့ ဦးဆောင်မူတွေနဲ့ အောင်မြင်မူတွေ တသီကြီး ဆွတ်ခူးနေကြချိန်ပေါ့ ။
image
မန်ချက်စတာ ယူနိုက်တက်လို့ ပြောလိုက်ရင် မပါမဖြစ်ပြောရမယ့် လူတစ်ယောက်ရှိတယ်။ရှာ မှရှား တဲ့ အာဂလူကြီးပေါ့ သူ့ကို အဲလက်စ်ဖာဂူဆန် လို့ခေါ်တယ်။မန်ချက်စတာ ယူနိုက်တက်ရဲ့ ပဲ့ကိုင်ရှင်ကြီးပေါ့။အနိုင်မခံ အရူံးမပေးတဲ့စိတ်ဓာတ်တွေရဲ့ မြစ်ဖျားအစပါဘဲ။သူ့ရဲ့ ရူံးနိမ့်နေချိန်မှာ တွန်းအားပေးတဲ့ပုံစံတွေ စိတ်ဓာတ်တွေ ဟာ ဘယ်နည်းပြနဲ့မှ မတူပါဘူး။နောက်ဆုံး ဘယ်လောက်တောင် ထူးခြားတဲ့ သူကြီးဖြစ်တယ်ဆိုတာ အင်္ဂလန် ဘုရင်မကြီးရဲ့ ဆာ ဘွဲ့ အပ်နှံခြင်းတောင်ခံရတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။
ထင်ရှားတဲ့အပြုအမူ တွေကတော့ ဒေါသကြီးခြင်း၊ ပီကေဝါးခြင်း နှင့် ပွဲပြီးချိန် နီးကပ်လာရင် အသင်းသားများကို နာရီ ကိုထိုးပြပြီး ချေပဂိုးများ အနိုင်ဂိုးများရအောင် တွန်းအားပေးတက်ပါတယ်။အားလုံးကို လွှမ်းမိုးနိုင်တဲ့ အရည်အချင်းနဲ့ ပြည့်ဝသူ ဖြစ်ပြီး အသင်းရဲ့အထက်မှာ ဘယ်သူမှ မရှိဘူးလို့ ခံယူထားသူ တစ်ယောက်ဖြစ်ပါတယ်။
အဲ့ခေတ်မှာ ဆာ အဲလက်စ် ပြီးရင် အသင်းကို ဦးဆောင်တဲ့ အသင်းခေါင်းဆောင်က ရိုင်ကိန်း........။ လူကောင်သေးသေးလေးနဲ့ တစ်သင်းလုံးရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးသော အသင်းခေါင်းဆောင် တစ်ယောက်ဖြစ်ပါတယ်။မဟုတ်မခံ စိတ် ရှိပြီး ဘယ်လိုကိစ္စမျိုးမဆို အသင်းသားတွေ ရှေ့က ကာကွယ်ပေးတက်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။အခုခေတ်မှာတော့ အဲ့လို အသင်းကိုဦးဆောင်မောင်းနှင်ပေးနိုင်တဲ့ အသင်းခေါင်းဆောင်မျိုး မရှိသလောက် ရှားပါးသွားပါပြီ။
ကွင်းလယ် ဗိုလ်ချု ပ် ကတော့ ပေါ့စ ခိုး ၊ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး ကွင်းလယ်လူတွေစာရင်းမှာ ထိပ်ဆုံးပိုင်းက ပါဝက်နေတဲ့ ပါရမီရှင်တစ်ယောက်၊တောင်ပံတွေမှာ ဘယ်တောင်ပံ မှာ မှော်ဝင် ဘယ်ခြေထောက်ပိုင်ရှင် ရိုင်ရယ်ဂစ်....... ဘယ်ခြေတစ်ချောင်းဘဲ လိုတယ်လို့ ပြောစမှတ်ပြုကြတယ်။ ညာတောင်ပံကတော့ တစ်ကမ္ဘာလုံးရဲ့ အသည်း ၊နှလုံးသား........ဖရီးကစ် ဝိဇ္ဇာ နာမည်ကျော် ဒေးဗစ်ဘက်ဟမ်း၊အဲ့ခေတ်အဲ့အခါက အကောင်းဆုံး super sub ကလေးမျက်နှာနဲ့ လူသတ်သမား လို့ ချစ်စနိုး ခေါ်တဲ့ အိုးလေးဂန်နာ ဆိုလ်ရှား၊
image
နောက်တန်းတွေ ကျောက်ဆောင်တွေကတော့ ကြမ်းကြမ်းရမ်းရမ်း စတမ်း........ အစရှိတဲ့ ကစားသမားတွေနဲ့ တစ်ကမ္ဘာလုံးက နှလုံးသားတွေ သိမ်းပိုက်သွားခဲ့တာပေါ့။သူတို့ခေတ်ပြီးတော့ နောက်မျိုးဆက်သစ်ခေတ်ကိုလည်း မျိုးဆက်မပြတ်အောင် ထူထောင်သွားခဲ့တဲ့ ဆာအဲလက် ကြီးကို မလေးစားဘဲ မနေနိုင်အောင်ဖြစ်မိပါတယ် ။ နည်းစနစ်ဂရုကြီး ခေတ်ကာလနဲ့ လိုက်လျောညီထွေဖြစ်အောင် နည်းစနစ်တွေ ကျေညက်နေသူကြီးပါ။
နောက်မျိုးဆက်က ရူနီ၊နစ္စရိုင်း၊တီဗက်၊ရော်နယ်ဒို ၊နာနီ၊ပတ်ဂျီဆန်....... အစရှိတဲ့ကစားသမားတွေ နောက်တန်းက ဗီဒစ် ၊ဖာဒီနန် အစရှိတဲ့ ကျောက်ဆောင်ကြီးတွေနဲ့ တစ်ကမ္ဘာလုံးက နှလုံးသားတွေကို ထပ်သိမ်းသွားလေရဲ့ .......
ကမ္ဘာအနှံအပြားမှာရှိနေကြတဲ့ မန်ချက်စတာယူနိုက်တက်ဖန်တွေရဲ့ ရင်ထဲမှာ တည်ရှိတဲ့ တူညီတဲ့အရာကတော့ မန်ချက်စတာ ကစားသမားတွေဆိုရင် ထင်ရှားကျော်ကြားတဲ့ကစားသမား၊မထင်ရှားတဲ့ကစားသမား ခွဲခြားခြင်းမရှိဘဲ ကစားသမားဟောင်းတွေကို သံယောဇဉ် မပျယ်နိုင်ဘဲ သူ့တို့ကစားနေတဲ့အသင်းကိုပါ လိုက်ပါအားပေးကြတဲ့ အိမ်မက်ကဇာတ်ရုံကြီးရဲ့ နှလုံးသားလှတဲ့ပိုင်ရှင်တွေလို့ တင်စားရင်း နိဂုံးချုပ်လိုက်ပါတယ်။
image
Photo credited by google
@thethtooaung
MSC-157

Sort:  

ဘောလုံး ပွဲ​တွေကြည့်​ရတာ စိတ်​အားတက်​ကြွစရာ​ကောင်းတယ်

အင်း bro ,အရသာပေါင်းစုံပေးတယ် ဘောလုံးပွဲတွေက

ဖာဂူဆန်​ကြီး​တော့အ​သေ​​ကြွေတာ။စိတ်​ကူး​ကောင်းတယ်​​ရေးထားတာ။

အင်း အရမ်ြုက်တဲ့ အသင်း၊အရမ်ြုက်တဲ့ နည်းပြ၊အရမ်ြုက်တဲ့ ကစားသမားတွေ ဘဲ မအိရေ

ဘောလုံးပွဲသိပ်မကြည့်လို့။အသင်းနာမည်,နည်းပြနာမည်နဲ့ဘောလုံးသမား နာမည်တွေအချို့တော့ကြားဖူးတယ်။

အင်း sis ,တော်ယုံ မိန်းကလေးတွေ က လောလုံးကို သိပ်ြုကြပါဘူး။ဖတ့်ပေးတဲ့အတွက်ကျေးဇူးပါ။

ကျ​တော်​ မန်​ယူဖန်​တ​ယောက်​ပါ။
ဆဲခံရမှာစိုးလို့😁
ခေါင်း​ပေါက်​မှာစိုးလို့😁

ဆဲမခံရပါဘူး bro ရယ် 😁😁😁

My favouriate is arsenal

Woo, Nice team

Congratulations! This post has been upvoted from the communal account, @minnowsupport, by thethtooaung from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

မြန်မာအသင်းအမာခံပရိတ်သတ်ပါ 😝😝 plz v and m me back @mgtoetat

အင်းအတူတူပါဘဲ မန်ယူဖန်ပါ။

ဖလားသုံးလုံးရတုန်းက မန်ယူစိတ်ဓါတ် အရမ်းကြိုက်တယ်

ဟုတ်တယ် bro,အဲ့တုန်းက တစ်သင်းလုံ့း ပြင်းပြတဲ့စိတ်ကိုခိုက်သွားတာ

I'm CHELSEA member 😃

ျွန်တော်ကတော့သရဲနီbro ရေ၊ချယ်ဆီးမှာတော့ လမ်းပတ်၊ဇိုလာ့  တယ်ရီကိုတော့သဘောကျတယ်

Coin Marketplace

STEEM 0.17
TRX 0.12
JST 0.028
BTC 55706.37
ETH 2969.28
USDT 1.00
SBD 2.24