ရွက်လွင့်ခြင်း ခြေရာများ

in #myanmar6 years ago

ရွက်လွင့်ခြင်း ခြေရာများ
image
ငါ့အတွက်ကတော့ အရာအားလုံးထက်ပိုခဲ့တဲ့ မြတ်နိုးခဲ့ရတဲ့ ပွင့်အာနေတဲ့ ပန်းကလေး တစ်ပွင့် .......
ချစ်သူ .....မင်းအတွက်ကတော့ ဆော့ကစားဖို့ ခြွေချနေတဲ့ ပွင့်ဖတ်လေး......
ချစ်ရတဲ့သူ......... မင်းလိုချင်ခဲ့တာက ဆော့ကစားဖို့ ကြွေကျပေးဖို့ အတွက်ဆိုရင်....... မင်းရှေ့မှာ ကြွေကျ ပေးပါမယ် ။
နီးစပ်တယ်လို့ ထင်မှတ်ခဲ့ပေမယ့် တကယ့်တော့ ငါတို့နှစ်ယောက်ဟာ တစ်ခါမှ မနီးစပ်ခဲ့ဖူးပါဘူး။
ဟန်ဆောင်ကောင်းလွန်းလှတဲ့မာယာရှင်ကြီး ငါ့ကို ပထမဆုံး နီးစပ်တယ် ထင်မှတ်မိခဲ့တဲ့ အခြေအနေတစ်ခု ဖန်တီးခဲ့တာ လှပလွန်းလှတယ်။
image
နုနယ်တဲ့ နှလုံးသားတစ်စုံကို မျှော်လင့်ချက်ဆိုတဲ့ ကြိုးရှည်ရှည်နဲ့ ဆော့ကစားလို့ဝမှ လွှတ်ပေးခဲ့တယ်။ဒါပေမယ့် မလွတ်ချင်ခဲ့တော့ဘူးကွယ်။
နှလုံးသားရဲ့ အနက်ရှိုင်းဆုံး နေရာတစ်ခုမှာ နေရာပေးမိခဲ့လိုက်တော့ အနှိပ်စက်ခံတဲ့ ဘဝမှာ ပျော်မွေ့မိလာသလို့
သာယာမိခဲ့တဲ့ငါ သဘာဝတရားကြီးနဲ့ ဝေးကွာလာခဲ့တယ်။
ဘာဖြစ်ဖြစ် ပါ မင်းဟာငါ့အတွက် အားအင်တစ်ခုပါ။မင်းဟာ ငါ့အတွက် အနာဂတ်တစ်ခုပါ။မင်းအတွက် အရာအားလုံးကို ရင်ဆိုင်နိုင်တဲ့ သတ္တိမျိုးတွေ ပိုင်ဆိုင်ထားခဲ့တဲ့ငါ့ကို တချက်လောက် စောင်းငဲ့ကြည့်ပါအုံးကွယ်။
စိတ်ကူးထဲက အနာဂတ်နေ့တွေထဲမှာ မင်းနဲ့ နှစ်ယောက်ထဲ လျှောက်လှမ်းခဲ့တဲ့ အချိန်တွေတောင်မှ လက်မလွှတ်ချင်ခဲ့ပါဘူး။
image
ပတ်ဝန်းကျင် ရဲ့ အသံတွေက ရူံးနိမ့်မူဆိုတဲ့ အဓိပ္ပါယ်ရနေသော်လည်း မာနဆိုတဲ့အရာ ငါ့ဆီမှာ မရှိတော့တာ ကြာခဲ့ပါပြီ။
တစ်ရက်ပြီး တစ်ရက်အချိန်တွေကုန်ဆုံးခဲ့တာ နဲ့ ဒဏ်ရာပျောက်ကင်းသွားခဲ့တာ မဟုတ်ပါဘူး။ဒဏ်ရာ က ပိုနက်ရိုင်းလာခဲ့တာပါ။
ဒီတစ်ခုတော့ဖြေပေးပါ နင့်နှလုံးသားနဲ့ ငါ နီးစပ်ခဲ့ဖူးလားဆိုတာ.......
အသိစိတ်က တော်လောက်ပါပြီလို့အော်ပြောနေလဲ နှလုံးသားရဲ့ အလိုကို လွန်ဆန်နိုင်ခြင်းမရှိလေတော့ မင်းရဲ့ ပြဇာတ်ထဲမှာ အလိုက်သင့်လိုက်ပါစီးမျော နေရတယ်။
image
နောက်ကျောကို ဝင်လာတဲ့ ဓားချက်တစ်ခုရဲ့ လေတိုးသံကို ကြားမိပေမယ့် တပါတည်းသယ်လာတဲ့ သတင်းစကားကြောင့် ရှောင်တိမ်းမယ့် အင်အားကုန်ဆုံးသွားခဲ့ရတယ်။
မိုက်မိုက်ကန်းကန်း ရှေ့ဆက် တိုးခဲ့ပေမယ့်လဲ လေပြေသယ်ဆောင်လာတဲ့ သတင်းစကားတွေကြားမှာ ငါ့ကိုယ်ငါတောင် ပြန်မမှတ်မိချင်တော့ဘူး။
အနားနားရောက်နေမှန်း မမြင်ဘဲတောင် သိနေတဲ့
ငါ့နှလုံးသားကို မုန်းတယ်........
သူ့ရှိနေတယ်ဆိုပြီ လိုက်ရှာမိတဲ့
ငါ့ရဲ့ မသိစိတ်ကို မုန်းတယ်.....
မျက်နှာလေး မြင်လိုက်ရုံနဲ့ တစ်ကမ္ဘာ လုံး ငြိမ်သက်သွားသလို ကိုယ့်နှလုံး ခုန်သံဘဲ ပြန်ကြားမိနေတဲ့ ငါ့ရဲ့ နားကိုမုန်းတယ်။
နောက်ဆုံး တစ်ခု ပြောပြချင်ခဲ့တာက နင်ဟာငါ့အတွက်ဆို စိန်ခေါ်သူ၊ငါ့ဟာ နင့်အတွက် မိုက်မဲသူ 😁😁😁
ဟီး စာရေးနေရင်း အာ့ကြီး နားထဲ ရောက်ရောက်လာလို့ 😁😁😁
ကျေးဇူးတင်ပါတယ် ။
image
Photo credited by google
@thethtooaung
MSC-157

Sort:  

ကိုသက်​ထူး​အောင်၏feel post.

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဖတ့်ပေးတဲ့အတွက်

ရေးထားတာ ကောင်းတယ်။

အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် sis

ကောင်းပါတယ်
ပိုစ့်​ကိုနဲနဲ​စောတင်​နိုင်​ရင်​​ကောင်းမယ်​​နော်​ bro

ဟုတ် bro နောက် တခေါက် စောစောတင့် လုပ်ပါမယ်

အားပေးခဲ့ပါတယ်ရှင်

ကျေးဇူးပါ။

Good ပါတယ်​ bro

ဖတ့်ပေးတဲ့အတွက်ကျေးဇူးပါ။

အယ်လယ် ဖီးလ်ချက်က လန်းတယ်ဟ

ဟုတ်ကဲ့ အားပေးပေးတဲ့အတွက်ကျေးဇူးပါ။

feelထားတာ goodတယ်ဗျာ

ဟုတ်ကဲ့ bro အမျာကြီး ဆက်ြုးစားပါမယ်

ကြွပြီလေ ရင်တွင်းဖြစ်တွေလား

ဒီလိုဘြဲုးစားရေးထားတာပါ bro ရယ်

အားပေးတယ်ရေးသာရေး

ဟုတ်ကဲ့ပါ။ြုးစားပါမယ်။

Coin Marketplace

STEEM 0.17
TRX 0.12
JST 0.028
BTC 56215.99
ETH 2973.00
USDT 1.00
SBD 2.27