မယ်သက်လျာနှင့် Night out photo

in #myanmar6 years ago

မနက်ဖြန်သည် နားဒေးဖြစ်၍ မနက်အစောထရန်မလိုသည့်အတွက် မောင်မောင်လေးလည်း ကျောင်းပိတ်သောကြောင့် Night out ထွက်ခဲ့သည့် အမှတ်တရမောင်နှမနှစ်ယောက် ဓာတ်ပုံရိုက်ခဲ့ပါတယ် ။

အဲ့ဒီမှာ အခက်တွေ့တာတခုကတော့ ကျမရဲ့မောင်လေး B Pyae ရဲ့မောင်လေး ပေရှည်ရှည်ရေးရမယ်ဆိုရင်ဖြင့် ကျမတို့ ရဲ့တဦးတည်းသောမောင်လေးဟာ ဓာတ်ပုံကို သူ့ သပ်သပ်ရိုက်ပေးပါတဲ့ပြောလာတာပါဘဲ ။

ဟဲ့ ဘာလို့ လဲမေးတော့ သူ့ အတွက် မာမီရေးတင်နေတဲ့ steemit account မှာ မာမီတင်ရအောင်တဲ့ ဖြေတော့ ကျမအတော်လေးကို အံ့ဘြပြီး သဘောလဲကျမိပါတယ် ။

ကျမအပါအဝင် ကျမတို့ မိသားစုတွေကို steemit ကြီးက ဖမ်းစားထားနိုင်သွားပါပြီ ။ ဘယ်နေရာသွားသွား ဘယ်ကိုရောက်ရောက် ဘာလုပ်လုပ် ဘာစားစား ဘာချက်ချက် steemit post ဖြစ်လာဘို့  စိတ်ကူးတွေရှိနေကြတာပါ ။

B Pyae ထည့်ပေးလိုက်သော steemit virus က ကျမတို့ ငယ်ရွယ်သေးတဲ့မောင်လေးမှာ 100% ရောက်လို့ နေပါပြီ ။ ကျမတို့ ရည်မှန်းထားသော 2020 နှင့် သူဆယ်တန်းဖြေပြီးမှာနဲ့က ကွက်တိကိုကျနေတာပါ ။

အရာရာ ကျမတို့ ထက်ထူးချွန်သော မောင်မောင်လေးကို ခုထဲကတွေးမြင်မိပြီး steemit လုပ်ပြီး ပိုက်ဆံစုဘို့  သူ့ အနာဂတ်စုဘူးကြီးဟာ ဘယ်အတိုင်းအတာဖြစ်လာမလဲဆိုတာ သိချင်မိလာတယ် ။

B Pyae ရဲ့စိတ်ကူးက သူ့ မောင်ကို travelling post တွေကို steemit မှာ တင်ဘို့ အတွက် ခရီးတွေထွက်ခိုင်းမယ့်ထိကို စီစဉ်ထားတာပါ ။ ကျမကတော့ သူ့ ဝါသနာဘာဖြစ်လာမယ်ဆိုတဲ့အပေါ်မှာမူတည်ပြီး အားပေးမှာပါ ။

ဒီနေ့ night out ပုံတော့ မတင်ပါနဲ့တော့မောင်လေးရယ် မမစတီးမစ်ပိုစ့်မှာတင်ချင်လို့ ပါဆိုပြီး မနဲတားရတယ် ။ မယ်သက်လျာအဖြစ်က မနှစ်ကနဲ့မတူပါလားကွယ် ။ ရှေ့လျှောက် steemit post တင်ဘို့  ဓာတ်ပုံလုရိုက်ရမယ့်ကိန်းဆိုက်နေပါပြီရှင် ။

@thetlyar

MSC 027

received_447918869002105.jpeg

Sort:  

သက်မောင်လေးက နောက်နှစ်ဆို သက်တို့ အရပ် ကျော်တော့မယ် ထွားချက်အေ😊

ဟုတ်တယ်မမ သူကဒါမယ့် လုံးကဖစ်ကျစ်လေးလားလို့ 

မိုက်တယ်ဗျာ steemit acc လေးတွေကိုယ်စီနဲ့

ဆရာတို့ လင်မယားအားကျတယ်ပြောရမလားဘဲ

တစ်မိသားစုလုံး steemit ကိုစိတ်အားထက်သန်ကြတော့ ပျော်စရာကြီးနော်

မမတို့ ရဲ့သမီးလေးလဲ ကြီးလာရင် ဝါသနာပါလောက်တယ်

မိသားစုအားလုံးsteemit accကိုယ်​စီနဲ့...good tal👍

ဟုတ်တယ်မမ

ညီလေးက ချစ်စရာလေး အဟေး

မမကလည်း လှ ဟဟ

ကျေးဇူးတင်တယ်ပြောရတော့မှာပေါ့ ကိုဝင်းကို

မောင်နှမတွေ အားလုံး သုံးမယ်ဆိုတော့ပျော်စရာကြီးဘဲဗျ

သူတယောက်ကျန်နေတော့တာ ကျောင်းစာတက်နေလို့ 

Steemit စံပြမိသားစု‌လေးပါလား။

ငွေကိုရိုးသားစွာရတဲ့နည်းဘက်ကိုဆိုတော့ ဝါသနာပါအောင် ကိုယ်က လေ့ကျင့်ပေးတာလဲပါတယ်ရှင့်

You got a 2.15% upvote from @postpromoter courtesy of @thetlyar!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

မယ်သက်တို့မယ်ကြည်တို့ကတော့ မယ်ဘွဲ့တွေယူထားကြတယ်

ဟားး မမkyi ခေါင်းစီးသဘောကျလို့ ပါ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 62985.30
ETH 3106.93
USDT 1.00
SBD 3.87