You are viewing a single comment's thread from:

RE: TGIF ကျေးဇူးတင်စရာ နေ့ သောကြာ။

in #myanmar8 years ago (edited)

သဘာဝဓမ္မ သည် လူတိုင်းအတွက် အချိန် ၂၄ နာရီပေးထားပါသည်။ ထိုအချိန်ကို အသုံးချ၍ အောင်မြင်သူများရှိသကဲ့သို့ ကျရှုံးနေသူများလည်းရှိပါသည်။ အဘယ်ကြောင့်နည်းမေးရန်ရှိပါသည်။ ထိုရရှိသောအချိန်(၂၄)နာရီကို သင်အဘယ်ကဲ့သို့အသုံးချမည်နည်း။ Work Time, Rest Time, Free Time ဒီ(၃)မျိုးမှာ ဘဝအောင်မြင်ရေးအတွက် Free Time သာလျှင် ရှိပါသည်။ ထိုအချိန်ကိုသင်ဘယ်လိုအသုံးချမည်နည်း။ ထိုအချိန်ကို မိမိပျော်ရွှင်မှုအတွက်သာ သုံးမည်ဆိုပါက နောင်တစ်ချိန် မိမိဖြစ်ချင်သလို ဖြစ်မလာဘဲ သူပေးသည့်အတိုင်းသာလက်ခံရပေတော့မည်။ ထိုကဲ့သို့အမြင်ရှိသောကလေးများကိုလွတ်လပ်ခွင့်ပေးလိုက်ခြင်းဖြင့် သူတို့လမ်းကိုခရီးရောက်အောင်သွားနိုင်သော်လည်း နားမလည်သောကေးများကို ထိုအချိန်ကိုသုံး၍ နားစေရန်ပြုမည်လား၊ သူတို့ဟာသူတို့လွတ်လွတ်လပ်လပ်သွားချင်ရာသွားပါစေ ချောက်ထဲပြုတ်ကျသေအေးတာပဲ ဟုလက်ပိုက်ကြည့်နေမှာလား သင်ကိုယ်တိုင်သာဆုံးဖြတ်ပေတော့။

Coin Marketplace

STEEM 0.06
TRX 0.28
JST 0.048
BTC 65576.60
ETH 1922.90
USDT 1.00
SBD 0.51