You are viewing a single comment's thread from:

RE: ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၁၃ )( Henry Aung )

in #myanmar8 years ago

စလုံးမှာတော့ မသိပါဘူးကိုဟင်ရာ ထိုင်းတွေကတော့ ကျွန်တော်တို့ လောက် အင်္ဂလိပ်စာမကမမ်းကျင်တာသေချာပါတယ်၊ ကျွန်တော်နဲ့တွေ့တဲ့ထိုင်တွေက တော့ မရကြဘူး။ ကိုယ်ကလည်းအောက်ကျမခံဘူး၊ ကျွန်တော် (၃)နှစ်နေတာ သူဌေးကို မင်းနဲ့ ငါပဲပြောတာ၊ မင်းတို့ထိုင်းတွေ၊ သူကလဲ မင်းတို့ဗမာတွေ အဲလိုပဲပြောတာ။

Sort:  

ဒါမှ တို့ဆရာတင်​ကွ :-)

မှန်တယ်ဆရာ ၊ ထိုင်းတွေ ကကျွန်တော်တို့ လောက် အင်္ဂလိပ်စာ မတတ်တာ ကျွန်တော်လည်း လက်ခံနိုင်ပါတယ်။ စင်္ကပူ နိုင်ငံသား အထူးသဖြင့် လူကြီး တွေ ကလည်း ကျွန်တော်တို့ လောက် အင်္ဂလိပ်စကားကို မပြောနိုင်ကြပါဘူး။ ဒီဘက်ခေတ် လူငယ်တွေ အများအားဖြင့် second Generation က လူငယ်တွေ တော့ အင်္ဂလိပ်စကားပြောနိုင်ကြပါတယ်။ အင်္ဂလိပ်စကား ပြောဆိုတဲ့ နေရာမှာ broken English ပဲသုံးကြတာပါ။ ဒီနေရာမှာ ဆရာ့ကွန်မန့်ကို ပြန်ရရင် ကျွန်တော့အနေနဲ့ အဲဒီအချိန်တုန်းကတော့ ကြုံးဝါးရုံက လွဲပြီး ဘားမှ မတတ်နိုင်ခဲ့ဘူး။ ကိုယ်တွေဘာ တတ်ထားသလဲ ဘာသိထားသလဲ သူတို့ စိတ်မဝင်စားဘူး။ကျွန်တော် ဆိုလို ချင်တာ အဆင့်အတန်း ခွဲထားတာပါ။ General worker ၊ supervisor ၊ staff level ၊ Manager စသည်ဖြင့် ..... General worker level မှာ ကြိုက်သလောက် အင်္ဂလိပ်စကား မိုးပြန်အောင် တော်နေပါစေ ... General worker က office ထဲကို အခွင့် မရှိပဲ ဝင်လာခွင့် မရှိပါ။

ကျွန်တော့တပည့် အင်ဂျင်နီယာ စလုံးမှာ တတိယနှစ်ကပြန်တက်ပြီးမှ အင်ဂျင်နီယာအလုပ်ပြန်ပေးတယ်၊ တပည့်တစ်ယောက်က ဆရာဝန် စစချင်းစလုံးမှာ သူနာပြုအဆင့်ပဲရတယ် ကိုဟင်ရေ။ သူတို့လဲစစချင်းခံရတာပဲ။ ခုကျမှပြန်မလွှတ်ချင်တော့ဘူး။

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.057
BTC 69421.09
ETH 2072.46
USDT 1.00
SBD 0.50