You are viewing a single comment's thread from:

RE: စိတ်၏အခြင်းအရာများ အပိုင်း(၁)

in #myanmar9 years ago (edited)

reference ထည့်ပေးပါ။ ဝါကျဖွဲ့ပုံ သတ်ပုံသတ်ညွှန်း၊ အဆုံးသတ်များအားလုံးကောင်းပါသည်၊ မိမိအတွေးအခေါ် ပွင့်ပွင့်လင်းလင်းပြောရလျှင် လူပန်းနားလည်သောစကားပြေမျိုးပြောင်းရေးပါ။ ခုကောနားမလည်ဘူးလား။နားလည်ကြမည်ဖြစ်ပါသည်။ သို့သော်ကျမ်းရင်းစကားများဖြစ်နေသည်။သို့ဖြစ်၍ reference ထည့်ပါဟုပြောရခြင်းဖြစ်သည်။ တောင်မြို့ဆရာတော်ကြီးစာအုပ်မှထင်ပါသည်။ ဘာသာရေးပိုင်းကိုရွေးချယ်တာ ကျေးဇူးတင်ပါသည်။ ဆရာတော်များဆရားစောလျှင်ပင် သုတ်၊အဌကထာ၊ ဇာတကနပါတ်များကို reference ပေး၍ ဟောကြပါသည်။

Sort:  

ကျမ်းရင်းမဟုတ်ပါဖူး ဆရာ
ဒီတရားတော်သည် အဘိဓမ္မာတရားတော်သည်ပင်လျှင် ဖြစ်ပါသည်။ကျမ်ရင်းက "အဘိဓမ္မာသင်္ဂဟကျမ်း"ပါ။ကျမ်းရင်းအနက်ဆိုလျှင် ပါဋိစာပေသင်ကြားသည့် သူများသာ သိပါလိမ့်မည်။အဓိပ္ပာယ်ဖွင့်ချက်ပါ။အဘိဓမ္မာသင်ယူသည့် စာသင်သားတိုင်း ဆရာတော်ကြီး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ထပ်ဆင့်လေလာမှတ်သားရပါတယ်။ ဒါကြောင့်ဆရာတော်ကြီး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်းရေးပြထားခြင်းပါ။အဓိပ္ပာယ် ကောက်ယူမူ လွဲမှာဆိုးလို့ပါ။တရားဟောတာကတော့ လူပိန်းကြီးမဟုတ်တောင် လူနားလည်လွယ်အောင်ဟောရတာပါ။ဥာဏ်ကြီးသည်ဲ့ သူအဖို့ ထပ်ရှင်းပြစရာ မလိုပေမယ့် ဘာသာရေး မလိုက်စားနိုင်သည့် သူများ လူငယ်များ အားရည်မှန်း၍ အတတ်နိုင်ဆုံးမူရင်းဖွင့်ဆိုချက်မပျက်အောင် ကြိုးစား ရေးသားခြင်းပါ။
referenceကတော့ ဘုရားဟောတရားတော်ဆိုတာ သိသာနေခြင်းကြောင့်ပါ။ ဖြည့်စွပ် ထောက်ပြ နားလည် ပေးသည့်အတွက်ကို အထူးကျေးဇူးတင်ပါတယ် ဆရာ။
နောက်ဆို referenceထည့်နိုင်အောင်ကြိုးစားပါ့မယ် ဆရာ။တခို့ ကျတော့လည်း သင်ယူ မှတ်သားခဲ့တာကြာတော့ မူရင်းကို မမှတ်မိနိုင်ဖူး ဆရာ။
ဖြေရှင်းရင် ပိုရှုပ်ထွေး သွားနိုင်ပါတယ်။
(ကျနော့် ဖြေရှင်းချက်တွေသည် ဆရာ့အားသော်လည်းကောင်း ဆရာတော်ကြီးများအားသော်လည်းကောင်း တခြားသော် သူများအားသော်လည်းကောင်း မယဉ်မကျေး ပြောဆိုမိခဲ့သော် အမှားများရှိခဲ့သော် ခွင့်လွတ်နားလည်ပေးဖို့ အနူးညွတ်တောင်းပန်အပ်ပါသည်။)
ထပ်ဆင့်ပြီးတော့လည်း သင်ပေး ထောက်ပြ ဝေဖန်ပေးဖို့ တောင်းဆိုပါတယ် ဆရာ

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.059
BTC 71228.04
ETH 2164.93
USDT 1.00
SBD 0.50