ချစ်ခြင်း၏ အခိုးအငွေ့များ (၃)

in #myanmar6 years ago

image
Credit image
ကောင်းကင်​ပြာ​နောက်​ခံနှင့်​ ပိန်​သွယ်​​သော မိန်းမပျို​လေးတစ်​​ယောက်​၏ ပုံရိပ်​၊​ ​နေရိပ်​မကျတကျနှင့်​ ​လေပြည်​​သော့​သော့ ​ဆော့လွှင့်​ကစား​နေသည့်​ ဆံနွယ်​လွှင့်​လွှင့်​တို့ဖြင့်​ မ​ပေါ်တ​ပေါ်ဖြစ်​​နေ​သောမျက်​နှာ​လေး ...
ဘယ်​လိုပဲကြည့်​ကြည့်​ ပြည့်​စုံလှပ​သော ပုံရိပ်​ဖြင့်​ ဖွဲ့စည်းအပ်​​သော ဓာတ်​ပုံ​လေးသည်​ ပန်းချီကား တစ်​ချပ်​နှယ်​ အသက်​ဝင်​လွန်းလှ၏။
သူ ဓာတ်​ပုံကို အနီးကပ်​ ဆွဲယူကြည့်​လိုက်​ပြီး ပုံရိပ်​ကို ဖမ်းထားလိုက်​သည်​။ ထိုပုံ​ရှေ့တွင်​ ခုံတစ်​လုံးကိုဆွဲယူပြီး ကျကျနနထိုင်​ချလိုက်​ကာ ​ငေးကြည့်​​နေမိရင်းမှ တစ်​ခုစဉ်းစားလိုက်​မိပြီး စာရွက်​လွှတ်​တစ်​ရွက်​နှင့်​ ခဲတံတစ်​​ချောင်းကို ဆွဲယူကာ ပုံတူတစ်​ချပ်​၏ ခရီးကို စတင်​လိုက်​မိသည်​..


ခဲတံ​လေးကို ကိုက်​လိုက်​ရင်း တစ်​ချက်​စဉ်းစားလိုက်​သည်​။ပြီး​တော့ ကတ်​တ​လောက်​ကိုလည်း ပြန်​လှန်​ကြည့်​မိ​လေသည်​။
သူမ၏ ကိတ်​ဆိုင်​​လေးက သိပ်​ပြီးကြီးကြီးမားမားမဟုတ်​သလို ကျယ်​ပြန့်​ပြီး ဝန်​ထမ်းများစွာရှိ​နေတာလည်း မဟုတ်​ပါ။ သူမကိုယ်​တိုင်​၏ ဝါသနာနဲ့ဝမ်း​ရေး​လောက်​လုံသာ လုပ်​​နေခြင်းဖြစ်​ပြီး အထူးသဖြင့်​ ​မွေး​နေ့ကိတ်​​လေး​တွေ ဆိုင်​တွင်းလာစားသူအချို့အတွက်​ ရိုမန့်​တစ်​ဆန်​ဆန်​ ဒီဇိုင်း​လေး​တွေဆွဲပြီး ဖုတ်​တာမို့ သူမ ကိတ်​မုန့်​တစ်​လုံးဖုတ်​ဖို့ ကြိုးစားတိုင်း ဒီဇိုင်းတစ်​ခုကို ကိုယ့်​ဘာသာ ဖန်​တီး​ရေးဆွဲ​နေတတ်​ခြင်း ဖြစ်​သည်​။
အထူးသဖြင့်​ အခုလို ဆိုင်​မှာ လူရှင်းချိန်​တွင်​ သူမ ကိတ်​ဒီဇိုင်း​တွေကို ​ရေး​နေတတ်​သည်​။
စဉ်းစားလိုက်​ပုံ​ဖော်​လိုက်​ဖြင့်​ပင်​ သူမ အလုပ်​ရှုပ်​​နေမိစဉ်​ ဆိုင်​တွင်းသို့ လူတစ်​​ယောက်​ ဝင်​လာသည်​ကို သတိမထားမိ ဖြစ်​သွားမိသည်​..
ထိုလူက ​ချောင်းဟန့်​အချက်​​ပေးလိုက်​မှ သူမ ​မော့ကြည့်​လိုက်​မိပြီး အံ့သြသွားရ​သည်​..
ထစ်​ချုန်း..
" ဟား..တကယ့်​လူ တကယ့်​ကို လာခဲ့တာပဲ "
သူမ တီးတိုး​ရေရွတ်​လိုက်​ရင်း ပြုံးပြလိုက်​မိ​တော့ သူက လွတ်​လပ်​​ပေါ့ပါးစွာ ပြုံးပြနှုတ်​ဆက်​ရင်း ဆိုင်​တွင်းရှိ ဝိုင်းတစ်​ခုတွင်​ ဝင်​ပြီး ထိုင်​လိုက်​တာ ​တွေ့ရ၏။သူမ ​ကော်​ဖီ တစ်​ခွက်​ကို ​ဖျော်​လိုက်​ရင်း ကိတ်​မုန့်​​လေးတစ်​ခုကိုပါ ယူလိုက်​ကာ ​ဗန်း​လေးထဲ ထည့်​ပြီး သူ့ဆီ သွားချ​ပေးလိုက်​ကာ သူမပါ ဝင်​ထိုင်​​လိုက်​​လေသည်​..
image
Credit image
အေးငြိမ့်​ငြိမ့်​ အင်္ဂလိပ်​​တေးသွား​လေးက ဆိုင်​ထဲတွင်​ ပျံ့လွှင့်​​နေ၏..
သူမ သူ​ရှေ့မှာ ဝင်​ထိုင်​ရင်းနှင့်
" မ​နေ့က ကိစ္စ ရှင့်​ကို ​ကျေးဇူးတင်​ပါတယ်​ "
" ကိုယ်​လည်း ​တောင်းပန်​ပါတယ်​.."
" ဟင်​..​တောင်းပန်​တယ်​.."
သူမ အံ့သြတကြီး သံ​ယောင်​လိုက်​​ရေရွတ်​မိ​တော့ သူက သူလွယ်​လာ​သော အိတ်​ထဲမှ တစ်​စုံတစ်​ခုကိုဆွဲထုတ်​လိုက်​ပြီး သူ​မ​ရှေ့သို့ ထိုး​ပေးလိုက်​ကာ
" မင်းကို ခွင့်​မ​တောင်းပဲ မင်းပုံတူ​လေး ဆွဲလိုက်​မိတယ်​​လေ"
ခဲခြစ်​ရုံပင်​ဆို​သော်​လည်း ပီပြင်​လက်​ရာ​မြောက်​သည့်​ ပုံရိပ်​​လေးက ဘယ်​က​နေပဲကြည့်​ကြည့်​ သူမပဲဆိုတာ ထင်​ရှား​နေ​လေတာမို့ သူမ သူ့ကို တအံ့တသြ ကြည့်​လိုက်​မိ​တော့ သူက
" ကိုယ်​က ပန်းချီဆရာဖြစ်​ဖို့ ကြိုးစား​နေတာ​လေ..ဘယ်​လိုလဲ အဆင်​​ပြေလား "

" တကယ့်​ကို အ​မေဇင်းပဲ .."

တလက်​လက်​​တောက်​ပသွားကြသည့်​ မျက်​ဝန်း​လေး​တွေ​ကြောင့်​ သူမ တကယ်​ပင်​ ​ပျော်​သွားတယ်​ဆိုတာ သူ သိလိုက်​တာမို့ ​စိတ်ထဲ ​ကျေနပ်​သွားမိသည်​။

" မင်းက ဘာလို့ အဲ့မှာ ​ရောက်​​နေတာလဲ..ခုန်​ချဖို့ကြိုးစား​နေတာမဟုတ်​ဘူးလား "
တည်​ငြိမ်​စွာ​မေးလာ​သော သူ့ကိုကြည့်​ကာ သူမ ပြုံးလိုက်​ရင်း..
" ​ယောက်ျား​လေး​တွေလည်း စပ်​စုဖို့ ဝါသနာပါကြသားပဲ.."
သူမ စကား​ကြောင့်​ သူ ပါးစပ်​​တွေ ပွင့်​ဟသွားပြီး.
" ဟာ..​ဟေ့..​ဟေ့ ဒါ​တော့ များသွားပြီ ဒါက သိချင်​စိတ်​အတွက်​ ထိန်းချုပ်​မှုကို ဖွင့်​ထုတ်​​ပေးလိုက်​တာကွ.."
သူ၏ ပြာပြာသလဲ ငြင်းချက်​ထုတ်​မှုကို သူမ ရယ်​လိုက်​မိသည်​။သူကလည်း လိုက်​ပြီးရယ်​​မော​လေ၏။ ထိုသို့ရယ်​​မောလိုက်​​သောအခါ သူမတို့နှစ်​ဦးကြား ပိုပြီး ရင်းနှီးသွားသလို ခံစားလိုက်​မိ​သည်​။
ဘာ​ကြောင့်​ရယ်​မသိ သူနှင့်​စကား​ပြောရသည်​မှာ ငယ်​​ပေါင်းကြီး​ဖော်​တစ်​​ယောက်နှင့်​ ပြန်​​တွေ့​နေရသလို လွတ်​လပ်​​ပေါ့ပါးစွာ ခံစားရသွား​လေသည်​။

ထိုတစ်​ည​နေခင်းလုံး သူ သူမ၏ဆိုင်​တွင်​ ထိုင်​ရင်း စကား​ပြောရင်း​ အချိန်​တို့ ကုန်​လွ​န်​​စေခဲ့သည်​။
ဝယ်​သူလာလျှင်​သူမက ထ​ရောင်းလိုက်​ ပြီးရင်​ သူနှင့်​ စကား​တွေ​ပြောလိုက်​ ငြင်းလိုက်​ ရယ်​လိုက်​​မောလိုက်​ဖြင့်​ပင်​ အချိန်​တို့ ကုန်​လို့ ကုန်​မှန်းပင်​မသိ။
သူကိုယ်​တိုင်​သည်​လည်း သူမညွှန်း​သော သီချင်းတို့ကို နား​ထောင်​လိုက်​ သူမဖတ်​​သောစာအုပ်​အချို့ကို ဖတ်​ရင်း ​ဆွေး​နွေးလိုက်​နှင့်​ပင်​ ည ခုနစ်​နာရီဟူ​သော အချိန်​သို့ပင်​ ​ရောက်​လာ​ခဲ့​လေပြီ..
image
Credit image
ပြန်​သင့်​ပြီဟု ဦး​နှောက်​၏ သတိ​ပေးသံကြားတွင်​ သူ အိတ်​ကို ​ကောက်​ဆွဲပြီး သူမကို နှုတ်​ဆက်​ဖို့ပြင်​လိုက်​သည်​။သူမက​တော့
လက်​ကျန်​ ဝယ်​သူများထံ မုန့်​များကိုထုတ်​​ပေးရင်း စကား​ပြောရင်းနှင့်​ ရယ်​​မောလျှက်​ရှိသည်​။
သူ သူမထံသို့ မ​ရောက်​မီတွင်
" ​ဟေး...မိန်းမလှ​လေး.."

ဆိုင်​ထဲသို့ လှမ်းဝင်​လာခဲ့​သော လူတစ်​စုနှင့်​ ​ခေါ်သံတစ်​ခု..
အသံလာရာဆီသို့ ဆိုင်​ရှိ လူအားလုံး ​ခေါင်း​ထောင်​ကြည့်​မိလျှက်​သား ဖြစ်​သွားကြ၏။

အပိုင်း၎ သို့

Writter >>>>>@yekungsatthone
Msc 213

Sort:  

အားပေး စောင့်မျှော်လျှက်ပါဗျာ 😊😊

ကျေးဇူး

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.nhl.com/player/evgeny-kuznetsov-8475744

ဖတ်ကောင်းတဲ့ ဇာတ်လမ်းလေးပါ
နောက်အပိုင်းစောင့်နေပါမယ်

ဟုတ်​ဗျ ​ကျေးဇူးပါပဲ

ရေးသားမှုကောင်းလို့ Cheetah ထိ

နောက်တာပါဗျ

Good Writing

အေး​လေဗျာ စိတ်​ညစ်​စရာ

ချီးကျုးတယ်​ဗျာ အဲ့လိုအချစ်​ဝထ္ထု​တွေ​ရေးနိုင်​တာ

ဟုတ်​ကဲ့ပါဗျာ..​ကျေးဇူးပါ

ဇာတ်‌ခန်းတစ်‌ခန်းတည်းမှာ မင်းသမီး အ‌နေနဲ့‌ရော မင်းသား အ‌နေနဲ့‌ရော ‌ရေးထားတာ သတိထားမိတယ်‌။

ဟုတ်တယ် ဘရို..တမင်​​ရေးထားကြည့်​တာပါ ဖတ်​ရတာ အဆင်​​ပြေရဲ့လား မသိဘူး

Cheetah က လူစုံတက်စုံ အားပေးလှပါလား

ဟုတ်​ပါ့ဗျာ

အပိုင်း၎ဆက်​အား​ပေးပါ့မယ်​....

အချစ်​ ဇတ်​လမ်း​တွေ​ရေးတာ ​ကောင်းပါတယ်​ရှင့်

ဇာတ်လမ်းလေးကောင်းပြီး ဖတ်ရတဲ့သူ အဆင်ပြေပါသည်

ဟုတ်​ဗျ ဆက်​ကြိုးစား​နေပါတယ်

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61657.19
ETH 3452.67
USDT 1.00
SBD 2.52