Sort:  

ပုံပြင်လေးတစ်ပုဒ်ကိုသတိရမိတယ်၊ လူငယ်လေးတစ်ယောက်အိတ်ထဲမှာ ငွေတစ်ရာကျပ်တန်ကိုတွေ့တဲ့လူကြီးတစ်ယောက်က လိုချင်စိတ်ကြောင့် လူငယ်ကလေးကို မေးခွန်းဝှက်တမ်းပြောကြမယ် ငါနိုင်ရင် မင်းကတစ်ရာပေး၊ မင်းနိုင်ရင် ငါက နှစ်ရာပေးမယ် လို့ပြောတော့၊ လူငယ်လေးက လူကြီးနဲ့လူငယ် မကောင်းပါဘူးဗျာလို့ ပြောပေမယ့်လူကြီးက မရဘူး အတင်းရောဇွတ်ရောပြောနေတော့၊ လူငယ်လေးက ငြင်းမရရင်လည်း ကျွန်တော် အရင်ဝှက်မယ်ဗျာဆိုတော့ လူကြီးကခွင့်ပြုတာနဲ့ လူငယ်ကပြောတယ်၊ အကောင်တစ်ကောင် ရှိတယ်၊ အဲဒီအကောင်က မျက်စေ့သုံးလုံးရှိတယ်၊ ဦးချိုသုံးချောင်း၊ ခြေထောက်ကလည်း သုံးချောင်း၊ အမြီးကလည်းသုံးချောင်းရှိတယ်၊ အဲဒီသတ္တဝါကဘာလဲလို့မေးလိုက်တယ်၊ လူကြီးက မျက်စေ့သုံးလုံးဆိုကတည်းကခေါင်းကြီးနေပြီ၊ နောက်ဆုံးတော့ ခေါင်းစားခံ မနေတော့ဘဲ အိတ်ထဲက နှစ်ရာထုတ်ပေးလိုက်ရတယ်၊ သူ့အလှည့်ရောက်ပြီ မေးချင်တာမေးပါ လို့လူငယ်ကပြောတော့ သူကလည်းတစ်ခြားတော့မမေးပါဘူးကွာ အဲဒီမင်းမေးတဲ့မေးခွန်းပဲ ပြန်မေးမယ်ဆိုတော့ လူငယ်က ကျွန်တော်လည်းမသိလို့မေးတာဗျာ ဆိုပြီး တစ်ရာပြန်ပေး လိုက်တယ်၊ အလာကားနေရင်းလူကြီးက တစ်ရာရှုံးသွားတာပေါ့ကွယ်။

ဟုတ်ကဲ့ပါခင်ဗျာ၊ တကယ်တော့ လူငယ်ကသာ အမြဲတစ်ကွက်ကြောနေတာပါ၊

ဆန်းသစ်ပုံဖော်ထားတာ ဖတ်လို့ကောင်းပါတယ် ခင်ဗျာ။

ကိုယ်တွေ့တာလေးတွေကိုပဲပြန်ရေးထားတာပါဗျာ။

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.070
BTC 73382.59
ETH 2295.88
USDT 1.00
SBD 0.49