မှန်ကန်တဲ့ အမြင်ရှိခြင်း

in #myanmar8 years ago

လူတစ်စုအမြင်တူတယ်ဆိုပေမယ်
သူတို့ရဲ့တူနေတဲ့အမြင်က
သူတို့အတွက်အဆင်ပြေဖို့
အခြားသူတွေဒုက္ခရောက်ဖို့ဆိုရင်တော
့အဲဒီအမြင်ဟာမှန်သောအမြင်မဟုတ်ဘူး
အတ္တအမြင်သာဖြစ်ပါတယ်

အများသူငါကို ဒုက္ခမှလွတ်စေနိုင်သောအမြင်သာ
ပရ အမြင်ဖြစ်ပါတယ်
ဒီအမြင်ဟာမှန်သောအမြင်ဖြစ်ပါတယ်
အမြင်မှန်မှအမှန်မြင်မယ်ဆိုတာ ဒါမျိုးကိုပြောတာပါ
မှန်ကန်တဲ့အမြင်ဟာ မင်္ဂလာတစ်ပါးဖြစ်ပါတယ်

မှန်ကန်တဲ့ အမြင်ရဖို့ ကြိုးပမ်းတာဟာ
ကောင်းမွန်တဲ့ ကြိုးပမ်းအားထုတ်မှု ဖြစ်ပါတယ်
မှန်ကန်တဲ့ အမြင်ရှိမှသာ
မိမိအကျိုး သူတစ်ပါးအကျိုးများစွာအတွက်
ကောင်းမြတ်တဲ့ စီမံခန့်ခွဲမှုတွေ လုပ်ဆောင်နိုင်မှာပါ
အမြင်မှန်ကြပါစေခင်ဗျာ

image

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.060
BTC 69854.31
ETH 2139.12
USDT 1.00
SBD 0.51