မိုးရာသီအတွင်းအန္တာရာယ်ကင်းရှင်းစေရန် ကားကိုစစ်ဆေးသင့်သည့်အချက်များsteemCreated with Sketch.

in #myanmar7 years ago

19905081_307278209733088_12524791947757827_n.jpg

မြန်မာနိုင်ငံ ယာဉ်မတော်တဆမှု့စစ်တမ်းများအရ မိုးရာသီတွင် စလစ်ဖြစ်၍ယာဉ်မတော်တဆဖြစ်ပွားမှု့အများဆုံး ဖြစ်သည်။

ဘရိတ်

-ကားတစ်စီး အဓိက အန္တာရာယ်ကင်းစေနိုင်သော အရာမှာ ဘရိတ်ဖြစ်သည်။ မိုးရာသီတွင် ကားမောင်းနင်ရာတွင် မိမိကား၏ Speed (အရှိန်) ကိုသတိထားမောင်းနင်သင့်သည်။ Speed များပြီး ရုတ်တရက်ဘရိတ်အုပ်ရာတွင် စလစ်အန္တာရယ်ဖြစ်စေနိုင်သော ရာခိုင်နှုန်းပိုမိုများသောကြောင့် မိုးရာသီ ဘရိတ်ကိုအမြဲစစ်ဆေးသင့်သည်။

Wiper

-မိုးရာသီယာဉ်မောင်းရာတွင် မြင်ကွင်းရှင်းရှင်းလင်းလင်းဖြစ်နေဖို့ကလည်းအရေးကြီးသည်။ ထိုကြောင့် ကားရှေ့မှန် Wiper ကို အမြဲစစ်ဆေးထားသင့်ပြီး မကောင်းလျှင်ချက်ချင်းလဲပေးရမည်။

အဲကွန်း

-အဲကွန်းပါသော ကားများအနေဖြင့် မိမိကား၏အဲကွန်းကို စစ်ဆေးသင့်သည်။ အဲကွန်းလေဟာ ပြင်ပလေလောက် မအေးသောအခါ ကားထဲတွင် ရေငွေ့ဖွဲ၍ ကားရှေ့မှန်၏မြင်ကွင်းကိုဝေဝါးစေနိုင်သည်။

ကားတွင်းသန့်ရှင်းရေး

-မိုးရာသီဟာ စိုစွတ်အုံ့မှိုင်းနေသောကြောင့် ကားအတွင်းတွင်ခြင်၊ယင်များပေါက်ဖွားတတ်သည်။ ထိုပြင် မိုးရာသီဟာ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များသောကြောင့် ကားအတွင်းအနံ့အသက်နှင့် ခြင်၊ ယင်များ ကင်းရှင်းစေရန်အတွက် ကားအတွင်း ရေမွေးခြင်ဆေးဘူးများကို ဖြန်းထားသင့်သည်။

#မူရင်းပိုစ့်​ပိုင်​ရှင်​အား Credit ​ပေးပါသည်​။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 60943.34
ETH 3387.52
USDT 1.00
SBD 2.57