နယ်​ချဲ့သား​ကောင်​ သီတာ​မောင်​နှမနတ်(သို့မဟုတ်​)ငဇင်​ကာ၏ ရင်​​သွေး နတ်​​မောင်​နှမ

in #myanmar7 years ago

20031831_266786180467138_6670038831682772033_n (1).jpg
ကျိုက်​ပွင့်​ပ​ဒေါသို့ အ​ရောက်

"မြန်​မာ​ဟေ့ မြန်​မာကွ"
ပင်​လယ်​​အော်​သံနှယ်​ ကြီးမားပြင်းထန်​​သော ဟစ်​​ကြွေးသံများသည်​ ၆ နှစ်​တိုင်​တိုင်​ ငဇင်​ကာ မင်းမူခဲ့​သော ငရဲမြို့ သန်​လျင်​မြို့ရိုး အတွင်းသို့ ​ကြောက်​မက်​စဖွယ်​ ဟိန်းမိုး ဝင်​​ရောက်​လာ​လေ၏။
မိုးသီးမိုး​ပေါက်​အလား အဆက်​မပြတ်​ ကျ​ရောက်​ ​ပေါက်​ကွဲ​နေ​သော လက်​ပစ်​ဗုံးများနှင့်​ ​သေနတ်​ ကျည်​ဆန်​၊ မြတပူ ကျည်​ဆန်​များကို ပမာမထားဘဲ ဝင်​​ရောက်​လာသည့်​ ရှမ်း၊ ဗမာ၊ မွန်​၊ ကရင်​၊ ကချင်​ တပ်​​တော်​သားများသည်​ အ​ရှေ့တံခါးမှသာမက တံခါးစုံကိုပါ စီးနင်း ဝင်​​ရောက်​လာကြပြီ။
စီးနင်းဝင်​​ရောက်​လာ​သော တပ်​​တော်​သားများမှာ အဝဘုရင်​ အ​နောက်​ဘက်​လွန်​ မင်းတရား၏ မြန်​မာတပ်​များ ဖြစ်​သည်​။ အထက်​စီးမှ ခုခံတိုက်​ခိုက်​ရင်း အရှုံးဘက်​သို့ ​ရောက်​လာသူများမှာ ​ရေခြား​မြေခြားမှ ပူတ​ကေ (​ပေါ်တူဂီ)များ ဖြစ်​၏။
ထိုပူတ​ကေများ၏ ​ခေါင်း​ဆောင်​မှာ ဇွင်​ကာကူ ဆိုသူ ဖြစ်​၏။ ထိုသူအား မြန်​မာတို့က ငဇင်​ကာဟု ​ခေါ်၏။
ငဇင်​ကာသည်​ မြန်​မာ့ပြည်​တွင်း​ရေးတွင်​ ဝင်​​ရောက်​စွက်​ဖက်​ရာက သန်​လျင်​မြို့တွင်​ ကုန်​တိုက်​ဖွင့်​ခွင့်​ရ၏။ သူသည်​ ကုန်​တိုက်​ မဖွင့်​ဘဲ လက်​နက်​လူသူ သွင်းလာကာ သန်​လျင်​ကို ခံတပ်​မြို့ ဖြစ်​​အောင်​ လုပ်​သည်​။
အင်​အား ကြီးမားလာ​သောအခါ ဗုဒ္ဓဘာသာ မွန်​၊ ဗမာ၊ ကရင်​၊ ရခိုင်​၊ ရှမ်း ဘုန်း​တော်​ကြီးများကို နှိပ်​စက်​သည်​။ ဘုရား​စေတီများမှ ဌပနာကို ​ဖောက်​၊ ​ခေါင်း​လောင်း​တွေကို ဖြုတ်​ယူကာ အရည်​ကျိုခြင်းဖြင့်​ မြန်​မာမှန်​သမျှအား စစ်​​ကြေညာ​တော့သည်​။
အ​နောက်​ဘက်​လွန်​ မင်းတရားကြီးမှာလည်း ရုတ်​တရက်​ ဆင်းမလာနိုင်​ခဲ့​ချေ။ ​မြောက်​ဘက်​တလွှားကို အ​နေအထားကျ​အောင်​ စီမံစုစည်း​နေရသည်​။
သို့​ကြောင့်​လည်း ငဇင်​ကာ၏ ​စော်​ကားမှု သက်​တမ်း ၆ နှစ်​ ကြာသွားခြင်း ဖြစ်​​ပေ၏။
မြန်​မာစစ်​သည်​များသည်​ ပူတ​ကေ အ​ဆောက်​အအုံများကို ဝင်​​ရောက်​ စီးနင်းသည်​။ အခိုင်းအ​စေများ၊ မိန်းမသားများသည်​ မလွယ်​​ပေါက်​မှ ထွက်​​ပြေးကြသည်​။
ဘင်္ဂလား ပင်​လယ်​​အော်​ တစ်​ဘက်​ရှိ ဂိုအာမြို့မှ လက်​နက်​လူသူ ​ထောက်​ပံ့​နေသဖြင့်​ ခိုင်​ခံ့လှပြီ၊ ဟုတ်​လှပြီ ထင်​​နေခဲ့​သော ခံတပ်​မြို့ ပျက်​​သော​ကြောင့်​ ထိတ်​လန့်​တကြား ​အော်​ဟစ်​ငိုယိုလျက်​ ရတတ်​သမျှ နိုင်​သမျှ အထုပ်​အပိုးဖြင့်​ ​ပြေးကြသည်​။
သည်​​ပြေးလွှားသူများထဲ၌ ငဇင်​ကာ၏ မယား တိုင်းရင်းသူ တစ်​ဦးလည်း ပါ​လေသည်​။ အမည်​မှာ ​စောသဒ္ဓါ ​ပေတည်း။ ​လောင်းကြက်​ဘုရင်​ငယ်​၏ သမီး​တော်​ ဖြစ်​သည်​။ ​လောင်းကြက်​ဘုရင်​သည်​ မူလက ​ပေါ်တ​ကေတို့က ပျပ်​ဝပ်​ကျိုးနွံရ​သော ဘုရင်​ဖြစ်​သည်​။ သန်​လျင်​တွင်​ ငဇင်​ကာ အခိုင်​အမာ ​နေချိန်​၌ ငဇင်​ကာအား သမီးဆက်​သရသူ အဆင့်​သို့ ​လျှောကျခဲ့၏။
စောသဒ္ဓါ နှင့်​အတူ အကြီး​တော်​အဖြစ်​ မင်း​စောထွတ်​ ပါလာခဲ့သည်​။ မြန်​မာစစ်​သည်​များသည်​ သာသနာဖျက်​ ငဇင်​ကာနှင့်​ အမျိုးသား သစ္စာ​ဖောက်​ နတ်​သျှင်​​နောင်​ကိုသာ အဓိကထားကြသဖြင့်​ ​စောသဒ္ဓါနှင့်​ သား​တော်​ နန္ဒဘယ၊ သမီး​တော်​ သုပဘာ​ဒေဝီတို့ပါ မြို့ပြင်​​ရောက်​​အောင်​ ထွက်​​ပြေးလာနိုင်​ခဲ့ကြသည်​။
သူတို့သည်​ အ​နောက်​​မြောက်​အရပ်​၌ ဇာတိဌာ​နေ ​လောင်းကြက်​မြို့ ရှိသည်​ဟူ​သော အသိဖြင့်​ အ​နောက်​​မြောက်​ဘက်​သို့ ဦးတည်​​ပြေးလာကြသည်​။
ရက်​အနည်းငယ်​ အကြာတွင်​ ကျိုက်​ပွင့်​ပ​ဒေါ မြို့နယ်​နိမိတ်​သို့ ဆိုက်​​ရောက်​လာသည်​။ သို့ရာတွင်​ အ​နောက်​​ချောင်း ကုန်းပြင်​ရွာသို့ အ​ရောက်​တွင်​ ​စောသဒ္ဓါ ခရီးမဆက်​နိုင်​​ချေပြီ။

ကျိုက်​ယသီ သို့မဟုတ်​ သီတာမြို့

ဖြစ်​သလိုအိပ်​ ဖြစ်​သလိုစားကာ ​ပြေးလွှားလာရ​သော ဒဏ်​​ကြောင့်​ ​စောသဒ္ဓါမှာ အိပ်​ရာထဲ လဲ​တော့သည်​။ ​ကျေးရွာသူ ​ကျေးရွာသားများသည်​ ရုပ်​ရည်​ သနားကမားရှိ​သော ဒုက္ခသည်​ သားအမိ သုံး​ယောက်​အား ကြင်​နာသနားစိတ်​ဖြင့်​ ကူညီကြ ပြုစုကြ၏။
သည်​အချိန်​တွင်​ အကြီး​တော်​ မင်း​စောထွတ်​ ပါလာလျှင်​ အားရှိမည်​။ သို့ရာတွင်​ အကြီး​တော်​မှာ နတ်​သျှင်​​နောင်​ကဲ့သို့ ကွပ်​မျက်​ခံရမည်​ကို ​ကြောက်​ရွံ့လွန်းသဖြင့်​ ​ချောင်းလက်​တက်​ တစ်​ခုတွင်​ ပုန်း​အောင်းကျန်​ရစ်​ခဲ့သည်​။ ထို​ချောင်းကို ​နောင်​အခါတွင်​ ဘိုး​တော်​​ချောင်းဟု ​ခေါ်တွင်​သည်​။
ကျေးရွာရှိ မွန်​၊ ကရင်​၊ ဗမာ ​ဆေးဆရာများ ဝိုင်းဝန်း ကုသ​ပေးကြ​သော်​လည်း ​စောသဒ္ဓါမှာ ကွယ်လွန်​ရှာသည်​။ အ​လောင်းကို ဝိုင်းဝန်းသင်္ဂြိုဟ်​ပြီးချိန်​၌ ကျန်​ရစ်​ခဲ့သည့်​ က​လေးနှစ်​​ယောက်​အတွက်​ ​ခေါင်းခဲကြရသည်​။
"သားတို့ သမီးတို့ ဘယ်​ကလာကြတာတုံး"
"တညင်​က ခင်​ဗျ"
"ဘယ်​သွားကြမှာတုန်း"
က​လေးများ မ​ဖြေတတ်​။ မ​ဖြေတတ်​သဖြင့်​ မည်​သည့်​အရပ်​သို့ ပို့ရမည်​ မသိဘဲ ရှိကြစဉ်​ လူကြီးတစ်​​ယောက်​ ​ရောက်​လာသည်​။ ထိုသူကား ဓညဝတီမင်း မျက်​သဖြင့်​ ထွက်​​ပြေးလာသည့်​ အမတ်​ကြီး သုဒိန်​ ဖြစ်​သည်​။
က​လေးနှစ်​​ယောက်​လုံး၏ ရုပ်​သည်​ သူတို့မိခင်​နှင့်​ တူ၏။ ​ပြောပုံ ဆိုပုံ ​နေပုံ ထိုင်​ပုံကို ကြည့်​ကာမျှဖြင့်​ ဆင်းရဲသား မဟုတ်​​ကြောင်း အမတ်​ကြီး ရိပ်​မိသည်​။ သို့​ကြောင့်​ သူ​ မွေးစားပါမည်​ ဆိုကာ ​ခေါ်လာခဲ့​လေ၏။
ဝရမ်း​ပြေး အမတ်​ကြီး သုဒိန်​သည်​ က​လေးနှစ်​​ယောက်​နှင့်​ လက်​ပွန်းတတီး ​နေထိုင်​ရင်းက စုံစမ်းသည်​။ က​လေးများထံမှ တစ်​လုံးရ နှစ်​လုံးရဖြင့်​ ရ​သော အချက်​များကို ဆက်​စပ်​ကြည့်​သည်​။ ​လောင်းကြက်​မင်းမျိုးဟု သိသည်​။ ပို၍ ​သေချာ​စေရန်​ ​လောင်းကြက်​သို့ လူလွှတ်​ စုံစမ်းသည်​။ ပို၍ ​သေချာ၏။
အမတ်​ကြီးသည်​ မြို့ကြီးပြကြီးနှင့်​ အလှမ်းလည်း ​ကွာ၊ ခရီးလမ်းပန်းလည်း ခက်​ခဲ​သော ​တောကြိုအုံကြားတွင်​ က​လေးနှစ်​​ယောက်​ကို လက်​ညှိုးထိုးပြီး လူစုသည်​။
"သူတို့ကို နှယ်​နှယ်​ရရ မှတ်​သလား ... မင်းမျိုး" - ဟု ဆိုလိုက်​ကာမျှဖြင့်​ သ​ဘောထားဖြူစင်​ ရိုးသားသည့်​ ​တောသူ​တောင်​သားများမှာ ရှိခိုးရန်​ အသင့်​ ဖြစ်​​နေ၏။ က​လေးများသည်​လည်း တဖြည်းဖြည်း အရွယ်​​ရောက်​လာကြ၏။
အမတ်​ကြီး သုဒိန်​သည်​ မြန်​မာနှစ်​ ၉၈၅ ခုနှစ်​ တပို့တွဲလဆန်း ၅ ရက်​ ​သောကြာ​နေ့တွင်​ ကျိုက်​ယသီမြို့ကို စတင်​ တည်​​ထောင်​​လေ၏။
ကျိုက်​ယသီသည်​ မွန်​စကားဖြစ်​၍ မြန်​မာဘာသာအားဖြင့်​ ​အေးမြချမ်းသာခြင်း သီတာ ဟု အဓိပ္ပါယ်​ရ၏။
ကျိုက်​ယသီ = သီတာမြို့ တည်​ပြီး​သောအခါ အမတ်​ကြီးက နန္ဒဘယ ​မောင်​နှမကို နန်းတင်​သည်​။ နန္ဒဘယမင်းနှင့်​ မိဖုရားကြီး သုပဘာ​ဒေဝီ။
အနီးအနားရှိ ​ချောင်းကြို​မြောင်းကြားမှ မသိနားမလည်​သူများ ခိုဝင်​လာကြ၏။ ကန်​​တော့လက်​​ဆောင်​များ၊ ပဏ္ဏာ​တော်​များ ဆက်​သကြ၏။
အမတ်​ကြီး သုဒိန်​မှာ တပြုံးပြုံး ရှိ၏။ သူသည်​ နန္ဒဘယမင်း၏ သီတာမြို့ကို ကြီးကျယ်​ စည်​ကား​အောင်​ လုပ်​မည်​။ လက်​နက်​လူသူ ခိုင်​ဖြီး ​တောင့်​တင်း​အောင်​ စု​ဆောင်းမည်​။ ထို့​နောက်​ ဓညဝတီကို လုပ်​ကြံမည်​။
သို့​သော်​ ဝရမ်း​ပြေး အမတ်​ကြီး သုဒိန်​၏ စိတ်​ကူးယဉ်​ အိပ်​မက်​မှာ သက်​ဆိုးမရှည်​ရှာ။ မြို့သက်​ တစ်​နှစ်​ခန့်​အရတွင်​ အဝဘုရင်​၏ မြန်​မာစစ်​သည်​​တော်​များ ​ရောက်​ရှိလာ​သော​ကြောင့်​ ဖြစ်​သည်​။
သီတာမြို့သည်​ အဝဘုရင်​၏ သစ္စာ​တော်​ခံ တစ်​ဦးဦးက တည်​​သောမြို့ မဟုတ်​​ချေ။ ဘုရင့်​ထံမှ မြို့တည်​​စေ အမိန့်​ရသဖြင့်​ တည်​ခြင်းမျိုးလည်း မဟုတ်​​ပေ။ သို့​ကြောင့်​ တိုင်းပြည်​ကြီးထဲတွင်​ ပြည်​ငယ်​က​လေး နန်းမြို့အဖြစ်​ ​ပေါ်​ပေါက်​လာခြင်းမှာ နိုင်​ငံ​တော်​အား ​ထောင်​​ထားခြားနားခြင်း ဖြစ်​သည်​။ ​ထောင်​ထားခြားနားခြင်း ဆိုသည်​မှာ ပုန်​ကန်​ခြင်း ဖြစ်​သည်​။
သို့​သော်​ သီတာဘုရင်​မှာ နားမလည်​သူ မသိသူများ၏ ရှိခိုးခံသည်​ကလွဲလျှင်​ ​ပြောပ​လောက်​သည့်​ အင်​အား မရှိ​သေး​ပေ။ အဝတပ်​ကြီး ချီလာပြီဟု ကြားလျှင်​ ကြားချင်း ကျိုက်​သထုံ လှံဓားမြို့ အနီးရှိ ​ခေါင်း​ပေါင်းကြီးရွာဘက်​သို့ ထွက်​​ပြေးကြ​လေသည်​။
အဝတပ်​ကြီးသည်​ သီတာမြို့ကို ဖျက်​ဆီးသည်​။ သီတာ​မောင်​နှမကို မမိ​သော်​လည်း ကြိုးစားပမ်းစား မရှာ​ဖွေကြ​လေ။
သို့အတွက်​ သီတာ​မောင်​နှမသည်​ အင်္ဂပူမြို့အနီးရှိ ​တောင်​​ပေါ်တွင်​ မြို့တည်​ကာ သုံးနှစ်​ ​နေထိုင်​ကြ၏။ ထိုကမှတစ်​ဆင့်​ သီတာမြို့​ဟောင်းသို့ ပြန်​လာကာ နန်းမြို့ ပြန်​လည်​ တည်​​ဆောက်​သည်​။
အသစ်​တည်​​သော သီတာမြို့တွင်​လည်း နန္ဒဘယမင်းနှင့်​ သုပဘာ​ဒေဝီ မိဖုရားတို့ ကြာရှည်​ နန်းမစံရပါ။
မြန်​မာနှစ်​ ၉၉၉ ခုနှစ်​ ပြာသိုလအတွင်း၌ နန္ဒဘယ ကွယ်​လွန်​သည်​။ သုပဘာ​ဒေဝီလည်း မ​ရှေးမ​နှောင်းမှာပင်​ ရင်​ကွဲနာကျပြီး ​သေသည်​။
နန္ဒဘယနှင့်​ သုပဘာ​ဒေဝီတို့သည်​ သုပဘာ​ဒေဝီကို သင်္ဂြိုဟ်​​သော သီတာကုန်းပြင်​တွင်​ သီတာ​မောင်​နှမ နတ်​စိမ်း ဖြစ်​လာကြ​လေသည်​။
ထိုနတ်​​မောင်​နှံ ဇာတ်​လမ်း သမိုင်းကို ကမ္ဘာသုံးနှစ်​ ၁၈၇၁ ခုနှစ်​က ​ရေးထိုး​သော မြသိန်းတန်​​စေတီ ​ကျောက်​စာအရ တင်​ပြခြင်း ဖြစ်​ပါသည်​။ ​ကျောက်​စာတွင်​ အ​နောက်​သံလွင်​ မင်းတရားကြီးဟု ပါရှိ​သော်​လည်း သမိုင်းနှင့်​ ကိုက်​ညီ​စေရန်​ အ​နောက်​ဘက်​လွန်​ မင်းတရားကြီးဟု ပြင်​လိုက်​ပါသည်​။

Credit: ဦး​အောင်​သိမ်းမြတ်
Photo: Internet

Sort:  

သမိုင်းလေးတွေဖတ်ရလို့ကျေးဇူးပါ

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 60943.34
ETH 3387.52
USDT 1.00
SBD 2.57