တောသူအလှ

in #myanmarwriting8 years ago (edited)

imageတောသူလေး အလှပိုပြန်
မူယာဟန်က ကြော့ကြော့လေး
တင့်တယ်စွာ ပျိုမေလှပါတော့
မြင်ရသူ ရွှေရင်ဖိုအောင်
တသသ ငေး။
ကြွကြွလေး လှမ်းအလာ
သန်းတစ်ရာ မလဲသေး
ပါးပြင်တွင် ပါးကွက်ကြားနဲ့
ခါးရင် ချီသေး။
ရင်ဖုန်းနဲ့ မြန်မာ့အကျီ င်္
ချိတ်ထဘီ လှလှလေးနဲ့
မြန်မာ့ရိုးရာ ဝင့်ကာပြလို့
လှမယ် ယဉ်ကျေး။
ပျိုမေအလှ မနောမူ
စိတ်သဘောထား ရယ် တောသူမို့
ဖြူစင်ပါသေး။
ပျော့ပျောင်းတဲ့ ဆံကေနွယ်
ခါးအထိ ဆံရှည်ထားလို့
ကြည့်ရှုသူ ရွှေဘဝင်ဖိုလို့
မြင်ရသူငေး။
ပန်းတစ်ပွင့် ပန်ဆင်ကာ
ရိုးရှင်းတဲ့ အလှအပနဲ့
ဖြူစင်တင်အဆင်းသဏ္ဌာန်က
လှလို့နေသေး။
သဘောဖြူ မနောမူတဲ့
တောသူကို
ဒီမောင်မှာ ရင်တွေဖိုလို့
တောသူရယ် ချစ်ခွင့်ပေး။ ။ image
Crd:photoby facebook
@kyawwintun
Fbacc:Nay Min Kha
msc:လျှောက်ထားဆဲ

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.070
BTC 73331.30
ETH 2297.67
USDT 1.00
SBD 0.49