Canada in the daughter's wedding to be his father, a thunderstorm ကနေဒါတွင် သမီး၏ မင်္ဂလာဆောင်၌ ဖခင်ဖြစ်သူ မိုးကြိုးပစ်ခံရsteemCreated with Sketch.

in #news7 years ago

ahtuy65u65.jpg

Canada's daughter's wedding, her father was lightning. J. Peter Jewish wedding blessing was injured by lightning while talking inches.

Last week wedding in New Browne permanent link on a Jewish-owned apple he checked, and hold the microphone while holding the lock, and thunder occurred News reported. "My son-in-law and lots 'to afford a really lucky, I still say' I was cast in heavy thunderstorm," said Jewish.

Inch was injured during the event, except for the Jews did not receive serious injuries. On July 8, at the wedding earlier this gloomy weather and ground near the location to see the daughter of a thunderstorm.

"I hold the microphone sound system I think lightning spins. The fire at hand. Open fire. If you suddenly become my torch. Wondered how to do, "he joked that it was the Jews.

The event for all who attended the wedding ceremony marveled driven into panic successful, could be safely held. "It's a lovely game-Disney. As far as a second bit of panic to happen here, "said the wife of the Jewish Maggie Thomas noted.

It is unfortunate that the Jewish experience - conformity lucky person said. In 2015 ဖောက် near the islands Li Bo filing Despite working on the ship and cruise ship fire due to the rescue of the British Royal Navy had survived.

"I have not really had many scars. But still we are still turning a blind eye to death, "the Jews said.

Ref: BBC
ကနေဒါ နိုင်ငံတွင် သမီးဖြစ်သူ၏ မင်္ဂလာဆောင်၌ ဖခင်ဖြစ်သူ မိုးကြိုးပစ်ခြင်း ခံခဲ့ရကြောင်း သိရသည်။ ဂျေပီ နာဂျူးသည် မင်္ဂလာပွဲတွင် ကောင်းချီးပေး စကားပြောနေစဉ် မိုးကြိုးပစ်ခံရသဖြင့် လက်မတွင် ဒဏ်ရာရသွားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ် မင်္ဂလာပွဲကို နယူးဘရွန်းဝစ်ခ်ရှိ နာဂျူးပိုင်ဆိုင်သော ပန်းသီးခြံထဲတွင် ကျင်းပနေစဉ် ၎င်းကိုင်ထားသည့် မိုက်ကရိုဖုန်းကို မိုးကြိုးပစ်ချမှုနှင့် ကြုံခဲ့ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။ “ကျွန်တော့် သားမက်ကို ရည်စူးပြီး ‘မင်းကတော့ တကယ်ကံကောင်းတဲ့ သူပဲကွာ’လို့ ပြောနေတုန်း ဝုန်းဆို မိုးကြိုးပစ်ချလိုက်တာပဲ”ဟု နာဂျူးက ပြောကြားခဲ့သည်။

လက်မတွင် ဒဏ်ရာရသွားသည်မှလွဲ၍ အဆိုပါ ဖြစ်ရပ်အတွင်း ဆိုးဆိုးရွားရွား ဒဏ်ရာမရခဲ့ဟု နာဂျူးက ဆိုသည်။ ဇူလိုင်လ ၈ ရက်က မင်္ဂလာပွဲတွင် ရာသီဥတု အုံ့မှိုင်းနေပြီး အစောပိုင်းက အနီးရှိ မြေပြင်တစ်နေရာသို့ မိုးကြိုးပစ်ချသည်ကို သတို့သမီးက တွေ့မြင်ခဲ့သေးသည်။

“ကျွန်တော်က မိုက်ကရိုဖုန်း ကိုင်ထားတော့ အသံစနစ်ဆီ လျှပ်စီး ဝင်သွားတာ ထင်တယ်။ ကျွန်တော့်လက်မှာ မီးထလောင်တယ်။ မီးပွင့်သွားတာကိုလည်း မြင်လိုက်တယ်။ ရုတ်တရက်ဆိုရင် ကျွန်တော့်လက်က မီးရှူးတိုင်လို ဖြစ်သွားတာ။ ဘယ်လောက် အံ့ဩဖို့ ကောင်းသလဲ”ဟုလည်း နာဂျူးက အရွှန်းဖောက်ခဲ့သည်။

ထိုဖြစ်ရပ်ကြောင့် မင်္ဂလာပွဲ တက်ရောက်လာသူ အားလုံး အံ့ဩ ထိတ်လန့်သွားသော်လည်း အခမ်းအနားကို အောင်မြင် ချောမောစွာ ဆက်လက် ကျင်းပနိုင်ခဲ့သည်။ “တကယ့်ကို ချစ်စရာကောင်းတဲ့ ပွဲလေးပါပဲ။ တစ်စက္ကန့်စာလောက်တော့ နည်းနည်း အထိတ်တလန့် ဖြစ်သွားတာပေါ့လေ”ဟု နာဂျူး၏ ဇနီးဖြစ်သူ မက်ဂီသောမတ်စ်က မှတ်ချက်ပြုခဲ့သည်။

နာဂျူးက ၎င်းသည် ကံဆိုး-ကံကောင်း ဒွန်တွဲ၍ တွေ့ကြုံရတတ်သူ တစ်ဦးဟုလည်း ဆိုသည်။ ၂၀၁၅ ခုနှစ်က ဖောက္ကလန် ကျွန်းအနီးတွင် လီဘိုရီရဲလ် ခရုစ်သင်္ဘော မီးလောင်ချိန်က သင်္ဘောပေါ်တွင် အလုပ်လုပ်နေသော်လည်း ဗြိတိသျှ တော်ဝင်ရေတပ်၏ ကယ်ဆယ်မှုကြောင့် သေဘေးမှ လွတ်မြောက်ခဲ့ဖူးသည်။

“ကျွန်တော့်မှာ သေရာပါမယ့် ဒဏ်ရာဒဏ်ချက်တွေ အများကြီးပဲ။ ဒါပေမဲ့ သေခြင်းတရားကတော့ ကျွန်တော့်ကို ခုထိ မျက်ကွယ်ပြုထားတုန်းပါ”ဟု နာဂျူးက ပြောကြားသွားသည်။

Ref: BBC

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 60943.34
ETH 3387.52
USDT 1.00
SBD 2.57