Taxi (1998) [original writing by yekoko]
Taxi (1998)
[original writing by yekoko]
မင်္ဂလာပါ ဘော်ဒါတို့။
ဒီနေ့တော့ ရယ်စရာ ဟာသဇာတ်ကားလေး တစ်ကား တင်ပေးချင်ပါတယ်။ဟာသကားဆိုပေမယ့် ခပ်ညံ့ညံ့ ခပ်ပေါပေါ ဟာသကားတော့ မဟုတ်ပါဘူး။အာက်ရှင်နဲ့ ဟာသရောထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ဇာတ်ကားရဲ့ နာမည်ကတော့ ''Taxi'' ဖြစ်ပါတယ်။
ဒါကတော့ movie trailer တွေပဲဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ ပြင်သစ်က အူကြောင်ကြားရဲနဲ့ မာဆေးလမ်းမပေါ်က ဂျလန်းတက္ကစီသမားတို့က အဓိကသရုပ်ဆောင် အနေနဲ့ ပါဝင်ထားပါတယ်။
ဒီဇာတ်ကားဟာ ပြင်သစ်ဒါရိုက်တာ Gérard Pirèက ရိုက်ကူးထားပြီး IMGb rating 7/10 နဲ့ Rotten Tomatoes 81% ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ကုန်ကျစရိတ် $8.7 million သုံးထားပြီး ရုံဝင်ငွေ (Box office) $44.5 million ပြန်လည်ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး အအောင်မြင်အကြော်ကြားဆုံး ပြင်သစ်ရုပ်ရှင် ဇာတ်ကားစာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။
အခု Taxi ဇာတ်ကားဟာ အရမ်းအောင်မြင်ကြော်ကြားခဲ့တဲ့အတွက် သူ့ရဲ့နောက်ဆက်တွဲ series ပုံစံနဲ့ Taxi 2(2000),Taxi 3(2003), Taxi 4(2007)နဲ့ Taxi 5(2018)ဆိုပြီးတော့ နောက်ထပ်ဇာတ်ကား ၄ကား ထပ်မံထွက်ရှိခဲ့ အဲ့ဒီဇာတ်ကားတွေဟာလည်း ပထမဇာတ်ကားတွေလိုပဲ အောင်မြင်ကြော်ကြားခဲ့ပါတယ်။
ဒီဇာတ်ကားမှာ ပြင်သစ်နာမည်ကြီး မော်တော်ကားကုမ္ပဏီဖြစ်တဲ့ ''Peugeot'' မော်တော်ကားတွေကို အဓိက အသုံးပြုပြီးရိုက်ကူးထားတာကိုလည်း တွေ့ရပါတယ်။မော်တော်ကား ကြော်ငြာတာလည်း ပါတယ်နေမှာပေါ့။ကဲ-----အဲဒီတော့ ဂျက်ကီချန်းဇာတ်ကားတွေလိုမျိုး အက်ရှင်နဲ့ဟာသ ပေါင်းစပ်ရိုက်ကူးထားတဲ့ အခု Taxi ဇာတ်ကားလေးကို ကြည့်ရှုရင်း ပေါ့ပေါ့ပါးပါး ရယ်မောပျော်ရွှင်ကြရအောင်ဗျာ။
ချန်နယ်မြန်မာကို ခရင်ဒစ်ပေးပါတယ် ခင်ဗျာ။
ဗွီဒီယိုကြည့်ရန်နှင့် ဒေါင်းလုတ်ဆွဲရန် Google Drive Link
မူဗွီတိုက်ရိုက်လင့်ဖြစ်ပြီး ကြော်ငြာလင့်တွေ ခံမထားပါဘူး ခင်ဗျာ။
Author - yekoko




Congratulations @yekoko! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOPTo support your work, I also upvoted your post!
Do not miss the last post from @steemitboard:
SteemitBoard and the Veterans on Steemit - The First Community Badge.