ချစ်ခွင့်ပန်လွှာ တစ်သက်တာ

in #poem8 years ago

ချစ်ခွင့်ပန်လွှာ တစ်သက်တာ

image

စိတ်ထဲရှိတာ
သူ့ ...ကိုသာပေါ့
ရင်မှာစွဲလမ်း
သူ့ ...အနမ်းလေး
အတွေးမှာငြိ
သူ့ ...အကြည့်ပေါ့
ဟတ်ထိရင်မှာ
အကြင်နာတွေ
ရင်မှာနု ရ
သူ ...ပြုသမျှ
ချစ်မဝပင်
စိတ်,ဘဝင်မှာ
မငြိုငြင်အား
သူ ...စိမ်းကားမှာ
စိုးကြောက်စွာဖြင့်
တင့်တင့်တယ်တယ်
ရင်ခွင်ကျယ်မှာ
ကြင်နာယုယ
သမုဒယ
ပုထုဇနော
သံယောဇဉ်ဖြစ်
ချစ်ကြိုးငြိတွယ်
လွမ်းဖွယ်စုံညီ
ချစ်မိသည်မှ
တမ်းတစွဲလမ်း
အသဲနန်းမှာ
နွမ်း,ပမ်း, ဆယ်နွေ
စမ်းရေတစ်ခါ
သံသာချစ်တေး
လွမ်းတေးဆယ်ခါ
လျာနဲ့လျက်ရ
ဓားသွားထက်မှ
တစ်စက်ပျားရည်
ချိုမြိန်စေတယ်
ရင်ဝယ် စိတ်များ
ချစ်, ကစားက
လားလား မတွေး
ဓား,သွားလေးရယ်
တစ်ကယ်ထက်လို့
ရက်စက်ဖို့မြင်
သူ့ ...သွင်ပြင်ဟန်
နာခံပါလျှက်
တစ်ချက်တစ်ချက်
သွေးပျက်မတတ်
ကျီစားတတ်သေး
စိတ်,ဓာတ်...ခလေး
အို...ပန်းလေးရယ်
ဝေးမနေ ချင်
မပြန်ချင်ပါ
ရင်မှာထုဆစ်
ကိုယ့်အချစ်သည်
ချစ်မိသည်မှ
တစ်ဘဝလုံး
စိတ်မှာဆုံးဖြတ်
အနာဂါတ်ကို
ကြိုဆိုနုတ်ဆက်
ချစ်လျှက်အမြဲ
တစ်သက်လုံးပဲ
ဆက်ထုံးမပါ
ညီညာတွဲလက်
မခွဲတစ်သက် ချစ်ပါ့မယ်။

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.065
BTC 68402.99
ETH 2099.39
USDT 1.00
SBD 0.48