ရင့်ရော်မှုများ ကုန်လွန်သွားတဲ့အခါ

in #poem5 years ago

နာကျင်စွာနဲ့ ငါ ပြုံးမိသေးသည် အချိန်နေ့ရက်တွေက
အလှည့်ကျသီအိုရီအလား မနေ့ကထက် ပိုမိုရင့်ရော်နေတယ်
ရပိုင်ခွင့်တွေ ကုန်ဆုံးသွားမှာ စိတ်ပူနေတာမဟုတ်ရပါ
နောက်ထပ် ရနိင်လိမ့်မယ်လို့ ယုံကြည်နေသူအတွက်
အရာရာတိုင်းဟာ ရက်စက်မှုတွေနဲ့ပေါ့
မနက်ဖန်တိုင်းကို သစ်လွင်နေစေချင်တာလေ
နင်းဖြတ်လေဈာက်လာတဲ့ လမ်းတိုင်းမှာ ထင်ကျန်ရစ်တာက
ငိုနေတဲ့ ခလေးငယ် ဘာဆိုဘာမှမလိုအပ်တော့
အလင်းရောင်တွေ တောက်ပနေမယ်လို့ သိနေတာ
အခန်းကျဿ်းလေးထဲကနေ မေဈာ်တွေးမိတိုင်း
တဆစ်ဆစ်နာကျင်မိတယ်
အချိန်တွေရယ် မရပ်တန့်လိုက်ပါနဲ့
ရှေ့ဆက်လို့သာ သွားပေးပါ
နုပျိခြင်းတွေက လေနဲ့အတူ လိုက်ပါသွားနေခဲ့ပါပြီ

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.070
BTC 71474.52
ETH 2179.45
USDT 1.00
SBD 0.49