တစ်​ကြိမ်​တစ်​ခါ​ မဟုတ်​​တော့တဲ့ အလိမ်​အညာ​တွေ ရပ်​လိုက်​ပါ​တော့ကွယ်​...။

in #poem6 years ago

တစ်​ကြိမ်​တစ်​ခါ
မဟုတ်​​တော့တဲ့ အလိမ်​အညာ​တွေ
ရပ်​လိုက်​ပါ​တော့ကွယ်​...။

လိမ္မာ ဖို့ ခဏခဏ ​ပြော​နေရ​အောင်
မင်းက က​လေးမှမဟုတ်​ပဲ။
ဒီလိုပဲ ​နေသွားလို့ မရတဲ့ ဘဝမှာ
တစ်​က ပြန်​စရင်​လည်း
နောက်​မကျ​သေးပါဘူး။

မထူးဇတ်​ခင်းတဲ့
လုပ်​ရပ်​​တွေနဲ့ အဆုံးသတ်​ ဖို့ထိ​​တော့
မိုက်​မဲ ဖို့ မဆုံးဖြတ်​လိုက်​ပါနဲ့ဟာ
ဘဝဟာ ခဏတာ​လေးဆို​ပေမယ့်
အဓိပ္ပါယ်​ ရှိစွာ ဖြတ်​သန်း ဖို့​တော့
လိုအပ်​တယ်​​လေ။

ထပ်​တူမကျနိုင်​တဲ့
စိတ်​ကူးယဉ်​ မူ​တွေ​နောက်​လိုက်​ရင်း
လက်​​တွေ့ ဘဝကို​တော့
လျစ်​လျူရှု ပြစ်​မသင့်​ဘူး​လေ။

ကိုယ့်​ဒူးကိုယ်​ချွန်​ စိတ်​ဓာတ်​ ​လေးနဲ့
မတ်​မတ်​​လေးရပ်​ ရင်​ဘတ်​​ကော့ပြီး
ဖြတ်​သန်းလိုက်​စမ်းပါ
မနက်​ဖြန်​ များစွာကျန်​​သေးတယ်​​လေ။

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 61952.36
ETH 2417.96
USDT 1.00
SBD 2.64