ကိုယ်သာလျှင် ခိုင်မာအောင်ပြု

in #poem8 years ago

ချိနဲ့နဲ့ အိမ်တိုင်တွေရဲ့
မြည်သံကျယ် ကြမ်းခင်းတစ်ချို့က
ပြစ်တင်နေ အိမ်အရှင့်မကောင်းတဲ့
ပြိုကျလု ထရံတွေက
အိမ်တိုင်သာခိုင်မယ်ဆိုရင်တဲ့
ငါတို့လည်းတွယ်မှီကောင်းရဲ့
ခုတော့ဖြင့်မချိခံသာ ချိနဲ့နဲ့ အားပြတ်ရပေါ့
လေအဟုန်အပြင်းတစ်ချက်မှ
ဝုန်းကနဲ့ကို လဲပြိုမိမှ
အိုဘယ့်လေ အကြမ်းခါ လှုပ်ရမ်းစွာ
တိုက်ရသည့်လား အပြစ်တင်ကာပြောကြပြန်ရဲ့
ထိုသည့်ခါလေ အဟုန်က
နောက်ကြောင်းလှည့်ပြောလိုက်သည်ကား
အသင်တို့သာ ကိုယ်ပိုင်စွမ်းနဲ့အားပြုကာ
စည်းလုံးပါမူ ငါအားကိုမည်မျှပြုစေကာမူ
တုန်လှုပ်မည် ငါမထင်ဟု
ပြစ်ဆိုသံ ရဲ့ရဲ့ခြွေ၏
ငါ့အားသည်မည်မှခြွေလင့်
တောင်အမျှ အားပြုခံလျှင်
ငါ့အလျှင်ပြိုလဲပေမည်
ထိုပမာသင်အားသိက
အများသူငါ ပြစ်တင်မည်ထက်
ကိုယ်အားသာအမြဲရှေးရှု ခိုင်မြဲစွာ
တည်ဆောက်လေမည်

HFS_49

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.063
BTC 69275.57
ETH 2114.50
USDT 1.00
SBD 0.46