''H1N1 in Myanmar''

in #steemit9 years ago

H1N1 outbreak ဖြစ်နိုင်တယ်ဆိုတဲ့အခြေအနေဟာ မြန်မာပြည်လိုနိုင်ငံအတွက် စိုးရိမ်မယ်ဆိုရင် တကယ်စိုးရိမ်စရာကောင်းပါတယ်။
အရင်ရက်တွေကတည်းက suspect လို့ အသံသဲ့သဲ့ထွက်ထားသလို၊ မနေ့ကလည်း ဆရာဝန်အသိုင်းအဝိုင်း ကကို confirm လုပ်တဲ့သူများပါတယ်။

H1N1 က တစ်ယောက်ဖြစ်ပြီဆိုရင်ကို WHO ထိ report တင်ရမယ်ထင်ပါတယ်။ H1N1 ကြောင့် သေတယ်/မသေဘူး ဆိုတာထက် အဓိကကျတာက H1N1 ဟုတ်မဟုတ် confirm လုပ်ပေးဖို့ပါ။

ဒီနေ့ ညနေ ၄နာရီအစည်းအဝေးပြီးမှ confirm လုပ်မယ်လို့ ပြောပါတယ်။ စိတ်ပူစရာမို့၊ impact ကြီးတဲ့ ကိစ္စမို့ ကျွန်တော်လည်း မိတ်ဆွေတွေကို သတိထားတာ လုံးဝမမှားနိုင်တဲ့ ကိစ္စမို့ သတိပြုဖို့ကို တိုက်တွန်းပါတယ်။ ဒါကို အရေးမကြီးသလို လာပြောနေတဲ့သူတွေကြောင့် အာရုံတော်တော်နောက်ရပါတယ်။

မီဒီယာတွေ စောရေးတာ လုံးဝ အပြစ်မတင်ပါဘူး။ ကြောက်
တာ/မကြောက်တာထက် စောစော ဂရုစိုက်မိလေ ကောင်းလေပါပဲ။ မဟုတ်ခဲ့ရင်တော့ အကောင်းတကာ့အကောင်းဆုံးပါပဲ။
ခရက်ဒစ် aung ko ko image

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.065
BTC 69529.54
ETH 2139.94
USDT 1.00
SBD 0.48