Mordovia Arena Stadium အားကစားကွင်း

in #steemit8 years ago

image

ကမ္ဘာ့ဖလားကျင်းပမယ့် Mordovia Arena အားကစားကွင်း

ဇွန်လအတွင်း ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲလက်ခံကျင်းပမယ့် အာကစားကွင်းတွေအကြောင်း တင်ဆက်လာခဲ့တာ တော်တော်လေး ခရီးရောက်ခဲ့ပါပြီ။
အခုတစ်ခါမှာလည်း အားကစားကွင်း ၁၂ ကွင်းထဲက Mordovia Arena အားကစားကွင်းအကြောင်း တင်ဆက်ပေးချင်ပါတယ်။

image

ဒီအားကစားကွင်းကို Mordovia ဒေသ၊ Saransk မြို့မှာ တည်ဆောက်ထားတာဖြစ်ပြီး ရုရှားကလပ်အသင်းတစ်သင်းဖြစ်တဲ့ FC Mordovia Saransk အသင်းက အိမ်ကွင်းအဖြစ်ကစားနေတဲ့ အားကစားကွင်းဖြစ်ပါတယ်။

image

မြက်ခင်းတွေ အသုံးပြုတည်ဆောက်ထားတာဖြစ်ပြီး ၂၀၁၀ ကနေ ၂၀၁၈ ခုနှစ်အထိ တည်ဆောက်ခဲ့တဲ့ အားကစားကွင်းဖြစ်ပါတယ်။ တည်ဆောက်မှုကုန်ကျစရိတ် အမေရိကန်ဒေါ်လာသန်း ၃၀၀ ခန့် ကုန်ကျခဲ့ပြီး လူဦးရေ ၄၄၀၀၀ ကျော် ၀င်ဆံ့တယ်လို့ သိရပါတယ်။ Saransk မြို့ရဲ့ မြို့လယ်ခေါင်မှာတည်ရှိပြီး Insar မြစ်အနီးမှာ တည်ရှိပါတယ်။ ၂၁ ရာစုရဲ့ ဆန်းသစ်တဲ့ပုံစံဒီဇိုင်းတွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး ရိုးရာဝါးကိုလည်း အနည်းငယ်အသုံးပြုတည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

ာအးကစားကွင်းတည်ရှိရာဝင်းအတွင်းမှာ ၀ါးနဲ့တည်ဆောက်ထားတဲ့ အိမ်ရာတွေကိုလည်း တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ ဒီအားကစားကွင်းကို ဂျာမန်ဗိသုကာပညာရှင်တွေက ဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီး basement ၂ ထပ်နဲ့ အလွှာ ၅ လွှာပါဝင်ပါတယ်။ ဒီအားကစားကွင်းမှာ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ် ၄ ခုကို လက်ခံကျင်းပသွားမှာဖြစ်ပြီး ပထမဆုံးစတင်ကျင်းပမယ့် ပွဲစဉ်ကတော့ အုပ်စု (C) ရဲ့ ပီရူးနဲ့ ဒိန်းမတ်ပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲစဉ်ကို ဇွန်လ ၁၆ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.070
BTC 72106.44
ETH 2196.33
USDT 1.00
SBD 0.48