ချန်ပီယံလိဂ် ဗိုလ်လုပွဲဖွင့်ပွဲမှာ သီဆိုဖျော်ဖြေမယ့် Dua Lipa

in #steemit8 years ago

image

ချန်ပီယံလိဂ် ဗိုလ်လုပွဲဖွင့်ပွဲမှာ သီဆိုဖျော်ဖြေမယ့် Dua Lipa

ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ရဲ့ ဖွင့်ပွဲအခမ်းအနားကို မေလ ၂၇ ရက်နေ့ ပြိုင်ပွဲမကျင်းပမီ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံ၊ ကိယက်မြို့မှာရှိတဲ့ Olympic Stadium ကွင်းကြီးထဲမှာ ပြုလုပ်မှာဖြစ်ပြီး လူငယ်အဆိုတော်တစ်ဦးဖြစ်တဲ့ Dua Lipa က တင်ဆက်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာ အသက် ၂၂ နှစ်အရွယ်သာရှိသေးပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

image

ဒီတေးဂီတဖျော်ဖြေပွဲကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) နဲ့ Pepsi တို့က ပူးပေါင်းစီစဉ်တာလည်းဖြစ်ပါတယ်။ Dua Lipa ဟာ လန်ဒန်မြို့ဇာတိဖြစ်ပြီး အောင်မြင်နေတဲ့အသက်ငယ်ဆုံးအမျိုးသမီးအဆိုတော်ဖြစ်ပါတယ်။ သူမရဲ့ တေးသီချင်းဗီဒီယိုကို YouTube မှာ ကြည့်ရှုသူပေါင်း ၁ ဘီလီယံရှိခဲ့ပြီး သူမရဲ့ နောက်ဆုံးထွက်ရှိတဲ့အယ်လ်ဘမ်ဟာ နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ အားပေးမှုအခိုင်အမာရရှိနေပြီဖြစ်ပါတယ်။ Dua Lipa အနေနဲ့ အယ်လ်ဘမ်ချပ်ပေါင်း ၂ သန်းကျော်ကို ကမ္ဘာတစ်ဝန်းကို ရောင်းချထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ချန်ပီယံလိဂ်ဖွင့်ပွဲမှာ ပါဝင်ဖျော်ဖြေခွင့်ရတာနဲ့ပတ်သက်လို့ သူမအနေနဲ့ ပရိသတ်တွေရှေ့မှာ ဖျော်ဖြေဖို့ မစောင့်နိုင်တော့သလို အခုတည်းက စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

image

သူမအနေနဲ့ မမေ့လျော့နိုင်တဲ့ဖျော်ဖြေပွဲတစ်ခုဖြစ်လာဖို့ ဘက်စုံက စီစဉ်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ Lipa ဟာ ဗြိတိန်ရဲ့ အကောင်းဆုံးအမျိုးသမီးတေးသံရှင်ဆုကိုလည်း ပူပူနွေးနွေး ရရှိထားသူဖြစ်ပါတယ်။ သူမသီဆိုထားတဲ့ New Rules၊ IDGAF စတဲ့ တေးသီချင်းတွေက ပရိသတ်တွေ အကြား ကျော်ကြားပါတယ်။ ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲကို မြန်မာစံတော်ချိန် မေလ ၂၇ ရက် နံနက် ၁ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂလန်ကလပ် လီဗာပူးတို့ကယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒီ ၂ သင်းယှဉ်ပြိုင်ကစားတဲ့ ဗိုလ်လုပွဲစဉ်ကို နိုင်ငံပေါင်း ၂၂ဝ နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ UEFA က ထုတ်ပြန်ကြေညာထားပါတယ်။

Coin Marketplace

STEEM 0.06
TRX 0.28
JST 0.048
BTC 65977.08
ETH 1930.32
USDT 1.00
SBD 0.51