ကျိန်စာသင့်ဂိမ်း သို့ Truth or Dare

in #steemit8 years ago

image

ကျိန်စာသင့်ဂိမ်း သို့ Truth or Dare

ဇာတ်ကားကောင်တွေချည်းဆက်တိုက် ရုံတင်နေတဲ့ ရန်ကုန်မြို့ရဲ့ ရုံတင်စာရင်းတွေထဲမှာ ဓာတ်ဘူးတွေ၊ မြန်မာဇာတ်ကားတွေကြားထဲကနေ စိတ်ဝင်တစားကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်ရဲ့နာမည်က Truth or Dare

ရုပ်ရှင်အတွက် ရင်းနှီးမြုပ်နှံငွေက အမေရိကန်ဒေါ်လာ ၃.၅ သန်းသာဆိုပေမယ့် လက်ရှိအချိန်အထိ ရုံဝင်ငွေ သန်း ၇၀ ကျော်ပြန်လည်ရရှိပြီး အောင်မြင်တယ်လို့ ဆိုနိုင်တဲ့ ရုပ်ရှင်တစ်ကား…

image

ဇာတ်လမ်း၊ ဇာတ်ညွှန်းက အရမ်းကြီးထူးခြားပြီး လိုက်တွေးတောနေရတာမျိုးမဟုတ်ပေမယ့် ကိုယ်တွေလို လူငယ်ပိုင်းအရွယ်တွေအတွက်တော့ အံကိုက်။ ရွယ်တူ သူငယ်ချင်းတွေ ခရီးထွက်ကြတယ်၊ ကမ်းခြေသွားကြတယ်၊ ပျော်ကြ၊ ပါးကြတယ်ဆိုတာ ဒီနေ့ခေတ်မြန်မာနိုင်ငံမှာလည်း ခေတ်စားလာပြီမို့ ဇာတ်လမ်းထဲမှာ ကိုယ့်ကိုကိုယ်ထည့်စိတ်ကူးယဉ်ဖို့ကောင်းတယ်။ ဒီဇာတ်ကားအကြောင်း ပြောပြဖို့ စိတ်အားထက်သန်နေတာကြာပြီ။ ပြောလိုက်ရင် စပွိုင်းလာတွေရော၊ ဘာတွေရော ပါကုန်မှာစိုးတာရယ် အပြင်က သူငယ်ချင်းတွေကိုပြောလိုက်ရင် ဝိုင်းကောမှာစိုးလို့ မပြောဖြစ်သေးပေမယ့် WowBox က သူငယ်ချင်းတွေကိုတော့ ပြောပြမယ်နော်…

image

အိုလီဗီယာနဲ့ မာကီးတို့ ခပ်ဟော့ဟော့ကောင်မလေး ၂ယောက်က အခင်ဆုံးသူငယ်ချင်းတွေ… အိုလီဗီယာက မြန်မာပြည် ဖေစ့်ဘုတ်စကားနဲ့ပြောရရင် FA ပေါ့… မာကီးကတော့ ခပ်လန်းလန်းဘဲလေးရှိတယ်။ တစ်နေ့တော့ သူတို့ သူငယ်ချင်း ၆ယောက် ပေါင်းပြီး မက္ကဆီကိုကို အလည်သွားပြီး အသားကုန်ကဲကြတယ်။ ဒီအထိ ဇာတ်လမ်းက ပုံမှန်ပဲ… လူငယ်တွေကြား ခင်ကြ၊မင်ကြတာ၊ ချစ်ကြတဲ့ ဇာတ်ဝင်ခန်းတွေအပါအဝင်ပေါ့… ဒါတွေကို ဗြောင်းဆန်သွားစေတာက အိုလီဗီယာနဲ့ ခင်သွားတဲ့ မက္ကဆီကန်သား ကာတာ။ လူငယ်ပီပီ စွန့်စားချင်စိတ်တွေ ပြည့်နှက်နေတဲ့ အိုလီဗီယာတို့အဖွဲ့ကို ခြောက်ခြားဖို့ကောင်းတဲ့ အိမ်ကြီးဆီသွားဖို့ ခေါ်ဆောင်သွားပြီး အားလုံးနဲ့ ရင်းနှီးကြတဲ့ ဂိမ်းလေးတစ်ခုကို ကစားကြတယ်။ ဂိမ်းကတော့ အမှန်ပြောမလား… ခိုင်းတာလုပ်မလားတဲ့… အင်္ဂလိပ်စကားနဲ့တော့ Truth or Dare လို့ မေးပြီး ကိုယ်ရွေးချယ်တာကိုလိုက်ပြီး လုပ်ဆောင်ရတာပါ…

ဂိမ်းကစားတဲ့အထိ ဘာမှ မထူးခြားပေမယ့် ထူးခြားတာက သွားကစားမိတဲ့နေရာနဲ့ ဦးဆောင်ခေါ်လာသူ ကာတာ… တကယ်တော့ ကာတာက ကျိန်စာသင့်နေသူတစ်ယောက်… သူ့ရဲ့ ကျိန်စာကို တခြားသူတွေကို လွှဲပေးဖို့အတွက် အိုလီဗီယာတို့ကို ဒီနေရာအထိခေါ်လာခဲ့ပြီး ဒီဂိမ်းကစားဖြစ်အောင် မြှောက်ပေးခဲ့တာ…

ဂိမ်းကို ကစားမိလျက်သားဖြစ်သွားပြီးတဲ့ အိုလီဗီယာတို့ အတွက်တော့ ဂိမ်းရဲ့ ကျိန်စာသင့်ခြင်းကို ခံရတော့တာပါပဲ… ကျိန်စာကလည်း သူတို့ကစားခဲ့တဲ့ ဂိမ်းလို ရိုးရိုးလေးပါပဲ… အမှန်ပြောမလား ? ခိုင်းတာလုပ်မလား ?

သူငယ်ချင်း အချင်းချင်းကြားက အဖြူရောင်လိမ်လည်မှုတွေ၊ အသက်နဲ့ရင်းရလောက်တဲ့အထိ ဂိမ်းက ခိုင်းတဲ့အတိုင်း လိုက်လုပ်ရတာတွေ၊ မထင်မှတ်ထားတဲ့ ကန့်သတ်ချက်တွေ စတာတွေက ပိတ်ကားကနေ မျက်လုံးကို တစ်ချက်မှ မခွာနိုင်အောင် ဖမ်းစားထားလွန်းပါတယ်။

ကျိန်စာကလွတ်အောင် ကြိုးစားကြရင်း အဆုံးသတ်သွားကြသွားပုံက ဟာကွာ… ဟယ်… လို့ ဖြစ်သွားရလောက်တဲ့အထိပါပဲ…

ကဲ… ဒီတော့ ပြတ်တုန်းလပ်တုန်း ၂၃ ၂၄ ၂၅ ဖြစ်နေပေမယ့်လည်း ရုံမချခင်လေး အပြေးအလွှားသွားကြည့်လိုက်ကြပါဦး သူငယ်ချင်းတို့ရေ…

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.064
BTC 72078.86
ETH 2255.21
USDT 1.00
SBD 0.50