အိပ်ပျော်နေသော နဂါး (သို့မဟုတ်) အေးခဲနေသော ကာဗွန်များ

in #steemit8 years ago

image

အိပ်ပျော်နေသော နဂါး (သို့မဟုတ်) အေးခဲနေသော ကာဗွန်များ

ကမ္ဘာကြီး ပူနွေးလာခြင်းကြောင့် ဝင်ရိုးစွန်းဒေသမှ ရေခဲများ အရည်ပျော်ခြင်းဟာ ပင်လယ်၊ သမုဒ္ဒရာရေ မြင့်တက်လာနိုင်တယ် ဆိုပေမယ့်.. အဲ့ဒီ့ထက် ပိုပြီး အရေးကြီးတဲ့ အချက်တစ်ခု ရှိနေပါသေးတယ်..။ အဲ့ဒါကတော့... ရေခဲပြင်အောက်မှာ အေးခဲပြီး ပိတ်မိနေတဲ့ ကာဗွန်များပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Permafrost carbon လို့ ခေါ်ပါတယ်။

image

ရေခဲခေတ် တစ်ခေတ်ကို ဖြတ်သန်းနေတဲ့ ကျနော်တို့ ကမ္ဘာမှာ တောင် နဲ့ မြောက် ဝင်ရိုးစွန်းဒေသတွေမှာ ရေခဲပြင်တွေရှိပါတယ်။ ယခုအခါမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များ အဆမတန် ထုတ်လွှတ်မှုကြောင့် မြောက်ဝင်ရိုးစွန်းဒေသ (ဆိုက်ဘေးရီးယား၊ အလက်စကား) များမှာရှိတဲ့ ရေခဲများ အရည်ပျော်ခဲ့လျှင်.. ပိတ်မိနေတဲ့ ကာဗွန်ဟောင်းများ ပြန်လည် ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ထို့အပြင်.. အဲ့ဒီ့ထဲမှာ ရှိတဲ့ ဘက်တီးရီးယားများ ပြန်လည် ရှင်သန်လာပြီး အော်ဂဲနစ် စွန့်ပစ်ပစ္စည်းများဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် နဲ့ မီသိန်း ကဲ့သို့သော အားကောင်းတဲ့ ဖန်လုံအိမ် ဓါတ်ငွေ့များ စွန့်ထုတ်ကြဦးမှာဖြစ်ပါတယ်။

image

ဖန်လုံအိမ် ဓါတ်ငွေ့များ လေထုထဲရောက် သွားတဲ့အခါ နေမှ လာသော အနီအောက်ရောင်ခြည်များကို စုပ်ယူကြပါတယ်။ အနီအောက်ရောင်ခြည်ဟာ မျက်စိဖြင့် မမြင်ရပေမယ့်.. ခံစားလို့တော့ရပါတယ်။ အဲ့ဒါကတော့ "အပူ" ပဲဖြစ်ပါတယ်။ နေပူထဲ သွားတဲ့အခါ သိသာပါတယ်။ ကမ္ဘာကြီးပူနွေးလာတာဟာ နေ နဲ့ ပိုနီးသွားလို့မဟုတ်ပါဘူး။ လေထုထဲမှာ အနီအောက်ရောင်ခြည်တွေကို စုပ်ယူထားနိုင်တဲ့ ဖန်လုံအိမ် ဓါတ်ငွေ့တွေ များပြားနေလို့ ဖြစ်ပါတယ်။

ဒီလို အဖြစ်မျိုးဟာ လာမယ့် ရာစုနှစ် တစ်ခု (သို့) နှစ်ခုအတွင်းမှာ မုချ ဖြစ်ပေါ်တော့မယ့် အရာဖြစ်ပါတယ်။ မိမိအပါအဝင်၊ မိမိရဲ့ သားစဉ်မြေးဆက် ခံစားရမဲ့ ပြဿနာ ကို ရှောင်လွှဲလို့တော့ မရပါ။ အိပ်ပျော်နေသော နဂါးများ (သို့မဟုတ်) ပိတ်မိနေသော အေးခဲကာဗွန်များ လေထုထဲမရောက်အောင်.. တတ်နိုင်သလောက် ကမ္ဘာမြေကို ကာကွယ်ဖို့ အတွက် သစ်ပင်များများ စိုက် ပြီး ကာဗွန်လျော့ထုတ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

အနာဂတ် ကမ္ဘာမြေအတွက်..

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.packagetrackr.com/

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.061
BTC 68089.86
ETH 2100.40
USDT 1.00
SBD 0.51