One of my life experience: keep to be disciplined

in #steempress6 years ago

ကျွန်မတို့ လျှောက်လှမ်းရတဲ့ဘဝတစ်လျှောက်မှာ အခက်အခဲဒုက္ခမျိုးစုံကို ကျော်ဖြတ်ရမှာ မလွဲဧကန်ပါပဲ။ အဲ့ဒါတွေကို ကျွန်မတို့အနေနဲ့ စိတ်ရှည် သည်းခံ၍ ဖြတ်ကျော်ကြရပါတယ်။ ကျွန်မအနေနဲ့ ပင်ကိုယ်စိတ်ရင်းက စိတ်ဆတ် စိတ်မြန်သူ တစ်ယောက် ဖြစ်လို့ လူမှုပတ်ဝန်းကျင်နဲ့ ဆက်ဆံပြောဆိုရာမှာ အလွန်ကို ဒုက္ခရောက် ခဲ့ရပါတယ်။ အိမ်မှာ စည်းစနစ်နဲ့ နေခဲ့ရတဲ့ ကျွန်မအနေနဲ့ ပတ်ဝန်းကျင်ရဲ့အပြုအမူတချို့က ကျွန်မစိတ်ကို ကသိကအောက် ဖြစ်စေပါတယ် ။

ကျွန်မတို့နေထိုင်ရာ နေရာက ကျွန်မအတွက် အနည်းငယ် စရိုက်ဆန်ခဲ့တယ်။ ထို့ကြောင့် ကျွန်မ ပတ်ဝန်းကျင်နဲ့ သိပ်အခေါ်အပြောမရှိခဲ့ဘူး။ တစ်နေ့ ကျွန်မ ရင်မဆိုင်ချင်တဲ့အရာကို ရင်ဆိုင်ရချိန်မှာ ကျွန်မဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် အတော့်ကို သည်းခံ၍ နေခဲ့ရပါတယ်။


Image credit -https://pixabay.com/illustrations/laundry-wash-washing-machine-dry-1026180/

ကျွန်မတို့အရပ်၌ အသုဘတစ်ခုဖြစ်သော် အိမ်စောင့်အနေနဲ့ ဖဲရိုက်ရင်း ကူကြပါတယ်။ ကျွန်မလက်မခံချင်သော်လည်း အဖေတို့က လူကြီးချင်းအားနာသောကြောင့် လက်ခံလိုက်တယ်။ ထို့ကြောင့် ကျွန်မ စိတ်လျော့လိူက်တယ်။အဖေ့ကို စိတ်မဆင်းရဲစေ ချင်ဘူးလေ။ အဲ့လိုနဲ့ ပထမနေ့အပြီး မနက်ပိုင်း၌ ကျွန်မတို့ အိမ်ရှေ့မှာ အမှိုက်များ ပွစာကြဲ၍ နေတယ်။ ကျွန်မ သိပ်စိတ်ပင်ပန်းခဲ့တယ်။ အရင်က ပြောင်ရှင်းနေတဲ့ ကျွန်မအိမ်ရှေ့က တစ်ညတည်းနဲ့ အမှိုက်များဖြင့် ရုပ်ဆိုးအကျည်းတန်သွားတယ်။ထိုသူတို့ကို ကျွန်မသိပ်စိတ်ဆိုးတယ်။ ကျွန်မတို့မှာ အပူတွေနဲ့ ခံစားနေရတဲ့အချိန် ကိုယ်ချင်းစာနာစေချင်တယ်။ ဒါပေမယ့် ကျွန်မ အကြံတစ်ခုရရှိခဲ့တယ်။ သူတို့အတွက် အမှိုက်ဇကာလေး တစ်ခု အနားမှာ ချပေးခဲ့တယ်။ ဒုတိယနေ့ညက အနည်းငယ်ပြေလည်ခဲ့တယ်။ တစ်ချို့က အမှိုက်ကို ခြင်းထဲ ထည့်ပေးခဲ့တယ်။ တစ်ချို့ကတော့ မူလအကျင့်ကို မပြင်ခဲ့ကြဘူး။ ဒါပေမယ့် ကျွန်မ ကျေနပ်ခဲ့တယ်။ ကျွန်မရဲ့လုပ်ရပ်သည် ချောမွေ့စွာ အဆင်ပြေခဲ့တဲ့အတွက် ပျော်မိပါတယ် ။

ထိုအချိန်က ကျွန်မအရမ်းစိတ်ပင်ပန်းနေရသော်လည်း အရာရာသည်းခံခဲ့ပါတယ်။ ပတ်ဝန်းကျင်နဲ့ လည်း သဟဇာတဖြစ်ဖို့ အတော့ကို စိတ်ရှည်ခဲ့ရပါတယ်။ သို့သော် ကျွန်မအတွက် သင်ခန်းစာ ဗဟုသုတများစွာ ရရှိခဲ့ပါတယ်။ အရှုံးထဲက အမြတ်လို့ ယူဆခဲ့ပါတယ်။

ဟန်နီမိုး ရေးသားသည်။



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=216

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.060
BTC 66604.70
ETH 2023.19
USDT 1.00
SBD 0.50