Successful Millionare Trader Ingeborg Mootz

in #stock7 years ago (edited)

အောင်မြင်ကျော်ကြားMillionare Trader ဖွားဖွား

်Financial Market လောကကြီးထဲမှာ
အံ့အားသင့်စရာအောင်မြင်မှု မျိုးကို ဖန်တီးခဲ့သူတစ်ယောက်
ပိုပြီးစိတ်ဝင်စားစရာက သူမဟာအသက်၈၃ နှစ်ရှိနေပြီ

အင်ဂီဘော့ မူဇ့် Ingeborg Mootz လို့ခေါ်တဲ့
အမျိုးသမီးကြီးဟာဂျာမဏီနိုင်ငံမှ မြို့ငယ်လေးဖြစ်တဲ့
Giessen ဂီဆန်မြို့လေးမှာနေထိုင်သူ ဖြစ်ပါတယ်
သူမဟာဆင်းရဲတဲ့မိသားစုမှာ မွေးဖွားလာပြီး
မွေးချင်းမောင်နှမများတာကြောင့် ဆင်းရဲချို့တဲ့စွာ
ကြီးပြင်းလာခဲ့ရသူဖြစ်ပါတယ်

အရွယ်ရောက်လို့ အိမ်ထောင်ကျတဲ့ အခါမှာလည်း
ခြိုးခြံချွေတာတဲ့ခင်ပွန်းနဲ့ ဘဝကိုကြပ်တည်းစွာ
ရပ်တည်ခဲ့ရပြန်တယ်
သူမခင်ပွန်းဟာ သူမကို အပြင်အလုပ်လုပ်ခွင့်မပေးခဲ့ပါဘူး

ဒါကြောင့်ဘဝတစ်လျှောက်လုံး
အိမ်ရှင်မကောင်းတစ်ယောက်အဖြစ်နဲ့ပဲနေထိုင်ခဲ့ရတယ်

သူမခင်ပွန်းဆုံးပါးသွားချိန်မှာ ချန်ထားခဲ့တဲ့
အငြိမ်းစားလစာဟာ ဘဝရပ်တည်ရေးအတွက်
်နည်းပါးလွန်းတယ်
ခင်ပွန်းဆုံးပြီး တစ်နှစ်အကြာမှာ
Stock trading လုပ်ဖို့ကိုသူမစဉ်းစားမိတယ်
ဒါပေမယ့် Initial deposit ကနဦးသွင်းငွေ
ထည့်ဖို့တောင်မရှိခဲ့ပါဘူး

ဒါပေမယ့် သူမခင်ပွန်းဟာ ခြိုးခြံချွေတာပြီး
စုဆောင်းထားတဲ့ ငွေနဲ့ ဂျာမဏီက
စွမ်းအင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတခုဖြစ်တဲ့
VEBA က စတော့ရှယ်ယာမဖြစ်စလောက်လေး
ဝယ်စုထားခဲ့တာကို သိလိုက်ရတယ်

အဲဒီအချိန်မှာပဲ သူမဘဝရပ်တည်ဖို့ ခင်ပွန်းချန်ထားခဲ့တဲ့
စတော့ရှယ်ယာကိုရင်းပြီး အသက်မွေးဝမ်းကျောင်း
လုပ်ငန်းတခုလုပ်တော့မယ် ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တယ်
ဒီလို ဆုံးဖြတ်ချက်ချခဲ့တာဟာ သူမဘဝကံကောင်းဖို့
လမ်းစဖြစ်လာခဲ့တယ်
အဲဒီအချိန်မှာ သူမအသက်၇၅ နှစ်ရှိနေပြီ

သူမ Stock Market မှာခြေချပြီဆိုတဲ့ အချိန်မှာ Speculator တချို့က အသက်ကြီးလွန်းနေပီဆိုပြီး
လှောင်ခဲ့ကြတယ်
သူမဟာ စီးပွားရေးနဲ့ပက်သက်တဲ့
ဘွဲ့ဒီဂရီ ရထားသူလည်းမဟုတ်သလို
ဘဝတစ်သက်တာလုံး Stock Trading နဲ့ လည်း
ရင်းနှီးကျွမ်းဝင်နေခဲ့တဲ့သူလည်းမဟုတ်ပါဘူး
ဒါ့အပြင် Computer, Internet လည်း
မသုံးတတ်တော့ နေ့စဉ်ထုတ်သတင်းစာကိုသာ
အားထားပြီး ဖတ်ခဲ့ရတယ်
အရောင်းအဝယ်လုပ်တော့လည်း
ဖုန်းလေးဆက်ပြီးပဲ လုပ်ခဲ့တာပါ

ဒီလိုနဲ့ ပထမ တစ်နှစ်မှာ သူမထည့်ဝင်ခဲ့တဲ့
Capital ရဲ့ 100% အမြတ်ရရှိခဲ့တယ်

နောက်တစ်နှစ်မှာ 130% မြတ်ခဲ့ပြီး
8 နှစ်အတောအတွင်း ယူရို 2 သန်းလောက်ရရှိခဲ့တယ်

သူမနဲ့တွေ့ဆုံမေးမြန်းတဲ့ အခါမှာ
သူမ Stock Trading ကို စိတ်ဝင်စားကြောင်း
Trading လုပ်နေစဉ်မှာလည်း
မိမိစိတ်ဆုံးဖြတ်ချက်အတိုင်းသာ
ယုံယုံကြည်ကြည်နဲ့ လုပ်ဆောင်ခဲ့ကြောင်း
စိတ်ရှည်လက်ရှည် ပြောပြပေးခဲ့တယ်
သူမကရိုးရှင်းတဲ့Trading Statergy ကိုပဲသုံးပါတယ်

အဲဒါကတော့ "BUY LOW and SELL HIGH"ပါတဲ့

သူမက Trading အတွေ့အကြုံ ကို
မျှဝေပေးရတာကိုလည်းနှစ်သက်သူဖြစ်တာကြောင့်
"Stock Market Detective "ဆိုတဲ့ စာအုပ်ကို
ကိုယ်တိုင်ရေးသားထုတ်ဝေခဲ့ပါတယ်

ယခု အခါမှာ ဆိုရင် အင်ဂီဘော့
ဟာအောင်မြင်ကျော်ကြားတဲ့ အမျိုးသမီးTraderကြီး
တစ်ယောက်ဖြစ်နေပါပီ

"အောင်မြငတာအသက်အရွယ်မရွေး
အောင်မြင်မှု ဆိုတာဟာ အသက်အရွယ်မရွေး
မည်သူမဆို ကြိုးစားရင် အောင်မြင်နိုင်ပါတယ်"
ဆိုတာကို သက်သေပြလိုက်တာပါ

Google မှ ဆောင်းပါးကို ကြိုးစား၍ သင့်လျော်အောင်
ဘာသာပြန်ထားခြင်းဖြစ်ပါတယ်

နန်းခမ်းသီရိဦး(nangkhamthiri)

Photo Credit image

Sort:  

Tag မှာ myanmar ထည့်ပါလားခင်ဗျာ ဆရာလုပ်ခြင်းမဟုတ်ပါ myanmar မှန်းသိမှ myanmar group ထဲရောက်ပြီး အလွယ်တကူ vote လုပ်လို့ရတာမို့ပါခင်ဗျာ

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့်
နောက်လည်းလိုအပ်တာပြောပြပေးပါနော်

Good post . Please tag in myanmar.

ကျေးဇူးပါရှင့်

Original story by ထည့်​​ရေး​​အောင်​ post ​တွေကို

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 60924.19
ETH 3382.45
USDT 1.00
SBD 2.54