မူးယစ်ဆေး မဖြတ်နိုင်တဲ့ ကျွန်တော့်သူငယ်ချင်းများsteemCreated with Sketch.

in #travel7 years ago (edited)

image

ကျွန်တော် အရင်တစ်ခေါက်ပြောတဲ့ နမ့်ဟူးရွာကို
ပထမဆုံးတစ်ခေါက်ရောက်ဖြစ်တဲ့အချိန်က ၂၀၁၃ နှစ်လယ်လောက်မှာပါ။
ကချင်လူငယ်တွေဦီးဆောင်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နဲ့
အသိပညာပေး ဟောပြောပွဲအတွက် လိုက်ပါခဲ့ရင်း ရောက်ဖြစ်သွားတာပါ။
အဲ့ဒီရွာက ကျဉ်းကျဉ်းလေးဆိုပေမဲ့ မူးယစ်ဆေးတွေ တော်တော်သုံးတဲ့နေရာပါ
နမ့်ဟူးကနေ နောက်ထပ် ၈ မိုင်လောက်ထပ်သွားရင် ဘိန်း ခြံရှိပါတယ်။
ဘိန်းထွက်တဲ့အချိန်မှာ ဘိန်းတွေကိုဈေးဝယ်တဲ့အချိန်မှာ ဟင်းတွေနဲ့ အလှဲအထပ်လုပ်ကြတာပါ။
ဘိန်းအထွက်များတဲ့နှစ်ဆိုရင် တစ်ပိသာကို သောင်းဂဏန်းလောက်နဲ့ ရောင်းတယ်လို့သိရပါတယ်။
အဲ့ရဲ့ အောက်ရွာဘက်မှာက လက်နက်ကိုင်တွေလဲ ရှိပါသေးတယ်။
ကျွန်တော်တို့သွားရင် ဒီတိုင်းဝင်ခွင့်မပေးပါဘူး။ အဲ့ဘက်ရွာတွေက အသိတွေနဲ့
သွားမှသာ သူတို့တွေနဲ့ အတူဝင်ခွင့်ရှိတာပါ။ ကျွန်တော်တော့ ကြောက်လို့မသွားဖြစ်ခဲ့ပါဘူး။
ဘိန်းထွက်တဲ့အချိန် အဲ့ရွာနားမှာ ဘိန်းတွေကိုင်ပြီး ဆိုင်ကယ် ကယ်ရီသမားတွေဆီ
ဆိုင်ကယ်နဲ့တိုက်ရိုက်လှဲကြပါသေးတယ်။ အဲ့ဒီဘိန်းခြံကို ၂၀၁၅ လောက်မှာ
ဖျက်စီးလိုက်နိုင်တယ်လို့ ပြောသံကြားပါတယ်။

ကျွန်တော်တို့ ပညာပေးသွားတဲ့အချိန်တုန်းက ရွာမှာ ဆေးသုံးတတ်တဲ့ လူငယ်တွေကို
အရင်ဆုံး စည်းရုံးရပါတယ်။ သူတို့ကို စည်းရုံးဖို့အတွက် ရွာက လူငယ်ခေါင်းဆောင်နဲ့
ခရစ်ယာန်ကျောင်းက ဆရာတွေကို အရင်ဆုံး အကျိုးအကြောင်းပြောရပါတယ်။
အနည်းဆုံး ၅ ယောက်လောက်ရှာရပါပြီး သူတို့ကနေမှ တဆင့် အရင်ဆုံး မူးယစ်ဆေးသုံးတဲ့သူနဲ့
အချိတ်အဆက်ရယူပြီး အခြားသုံးတဲ့သူတွေကို နာမည်စာရင်းကောက်မှတ်တမ်းတင်ကြပါတယ်။
ပြီးရင် ရွာမှာ လူငယ်ဟောပြောပွဲလို့ ခေါင်းစဉ်တပ်ပြီး သူတို့ကို တက်ရောက်စေပါတယ်။
တစ်ပတ်တစ်ခါနှုန်းနဲ့ ၃ လတိတိ ပညာပေးဟောပြောပွဲအပြီးမှာ အားလုံးကို
ဆီးစစ်ဖို့ စတင်ပါတယ်။ ဆီးမအောင်တဲ့သူတွေထဲက ကျောင်းသားဆိုရင် မိဘကိုအကျိုးအကြောင်းပြောပြပြီး
လူငယ်ခေါင်းဆောင်ရဲ့ ထိန်းချုပ်မှုအောက်မှာ စာသင်စေပြီး ကျောင်းမတက်တဲ့သူဆိုရင်
လားရှိုးက ကချင်ခရစ်ယာန်ဘုရားကျောင်းက အထက်ပိုင်းလူကြီးတွေ ဦးစီးပြီး
အချို့ ဝါရင့်တဲ့သူတွေဆိုရင် KIA စစ်တပ်တွေထဲမှာ မူးယစ်ဆေးသွားဖြတ်ခိုင်းပါတယ်။ သိပ်မစွဲသေးတဲ့သူဆိုရင်
ကျွန်တော်တို့ လားရှိုးက စိုက်ပျိုးမွှေးမြူရေးခြံမှာ သွားဖြတ်ကြပါတယ်။

KIA မှာသွားဖြတ်ပြီး ပြန်လာတဲ့သူတွေရှိသလို အဲ့မှာ မခံနိုင်လို့ ထွက်ပြေးတဲ့သူလဲရှိပါတယ်။
ထွက်ပြေးပြီးလွတ်လာတဲ့တစ်ယောက်ဆိုရင် ပြေးတာသိသွားလို့ သေနတ်နဲ့ အပစ်ခံထားရပါသေးတယ်။
သူပြောပြတာတော့ ပြေးတဲ့သူတွေ ဖမ်းလို့မိရင် ခြေထောက်တွေ သံကြိုးနဲ့ချည်ပြီး ပြန်ထားပါတယ်။
မမိနိုင်တဲ့သူဆိုရင် သေနတ်နဲ့ သေသေရှင်ရှင် ပစ်တယ်လို့သိရပါတယ်။ သူကတော့ မသေပဲလွတ်လာတာပေါ့ဗျာ။
သူလားရှိုးကိုပြန်လာပြီးတော့ မူးယစ်ဆေးတွေ မသုံးဖြစ်သလောက်ဖြစ်နေပါပြီ။
ဒါမဲ့ ဒီကအရင်အပေါင်းအသင်းတွေနဲ့ ပြန်တွဲဖြစ်တာတစ်ကြောင်း ပြီးတော့
သူ့စိတ်သူမထိန်းနိုင်တာ တစ်ကြောင်းကြောင့် တစ်ခါပြန်ပြီးသုံးဖြစ်သွားတာပါ။
သူက ကျွန်တော့်ထက် အသက် ၇ နှစ်လောက်ကြီးပါတယ်။ ကျွန်တော် သူ့ကိုပြန်ဖြတ်ဖို့ပြောတော့
ကျွန်တော်က ငယ်သေးတယ် သူ့လောက်မသိဘူးဆိုတဲ့ပုံစံမျိုးနဲ့ ပြန်ပြောတာပေါ့ဗျာ။
အခုနောက်ပိုင်းတော့ အဆက်အသွယ်မရတာနဲ့ မတွေ့ဖြစ်တာ ၂ နှစ်ကျော်သွားပါပြီ။
အချို့ကလဲ အဖမ်းခံရတယ်ပြောကြပါတယ်။ အချို့ကျတော့လဲ မူးယစ်ဆေးတွေ မှောင်ခိုသယ်နေတယ်ပြောကြပါတယ်။
ဒါမဲ့ အတိအကျတော့ ဘယ်သူမှမသိပါဘူး။

KIA က ပြန်လာတဲ့ နောက်တစ်ယောက်ကျတော့လဲ သိပ်မကွာပါဘူး။
သူ KIA မှာ ၃ နှစ်လောက် မူးယစ်ဆေးဖြတ်ပြီး ပြန်လာတော့ ပန်းရံလုပ်ပါတယ်။
ပန်းရံလုပ်ပြီး တစ်လတောင် မကြာဘူး မူးယစ်ဆေးလိုင်းပြန်ရောက်သွားရော။
သူ့ကိုမေးကြည့်တော့ ရောင်းမဲ့နေရာမသိရင် မလုပ်လဲနေနိုင်တယ်တဲ့။
လားရှိုးပြန်လာတာနဲ့ ခေါင်းထဲမှာက မြေပုံတစ်ခုလို ဘယ်နေရာသွားရမလဲဆိုတာ
သူ့အလိုလို ဆွဲဆောင်လာတယ်လို့ ပြောပြပါတယ်။ ဒါတော့ သူတို့တွေပဲ သိမဲ့ခံစားချက်ပေါ့ဗျာ။
ပြန်ရောက်ပြီး သူသုံးတာလဲ နှစ်နဲ့ချီရှိခဲ့ပါတယ်။ သူကျတော့ သူသာဆေးသုံးနေတာ ကျွန်တော်တို့ဆီ
ပိုက်ဆံတောင်းတာမျိုးတွေ မရှိပါဘူး။ ကျွန်တော်တို့တွေ အရက် ဘီယာသောက်တာတောင် လာတားနေတာပါ။
သူအမြဲတမ်း ကျွန်တော်တို့ကို သူ့လိုမဖြစ်စေနဲ့ သူ့လိုဖြစ်ရင် ဘာမှလုပ်မရတော့ဘူး ဆိုပြီး အမြဲဆုံးမတတ်ပါတယ်။။
ပြီးခဲ့တဲ့နှစ်မှာ ဆေးသုံးပြီးအပြန် လမ်းမှာ အခြားဆေးသုံးတဲ့သူတွေ ရိုက်ပြီး ဆိုင်ကယ်လုသွားတယ်ထင်ပါတယ်။
ဆိုင်ကယ်က အနီးအနားမှာမရှိတော့ဘူး သူက ရိုက်ခံရတဲ့ ဒဏ်ရာနဲ့ အဲ့ဒီနေရာမှာ အသက်ဆုံးရှုံးသွားခဲ့ပါတယ်။

Written By Kyaw Kyaw Naing

Sort:  

Really sad for heard about that.

Yes, Hope people will stay away from drugs .

ဆရာတို့ တာဝန်ကျစဉ်က နမ့်ဟူးမှာ ကူးတို့ဆိပ်ရှိတယ် ဆရာတို့က ကူးတို့ဆိပ်လုံခြုံရေး ပါ။ နမ့်ဟူးက ဆက်သွာ်းရင် တစ်ဖက်က တရုပ်ပြည်ဖက်နဲ့ တစ်ဖက်က ဟိုပန်မြို့ပါ။ အရင်ကတော့ တရုပ်ကို ဆန်မှောင်ခိုပို့တဲ့လမ်းတွေပေါ့။

ကျွန်တော်သွားတဲ့ နမ်ဟူးနဲ့ ဘဘတာဝန်ကျတဲ့နမ့်ဟူး မတူဘူးထင်တယ် ဘဘ
ကျွန်တော်ပြောတဲ့နမ့်ဟူးက တရုပ်ပြည်ဘက်ဆို မိုင် ၉၀ ကျော်လိုသေးတယ် ဘဘ

အတိအကျဆို ၉၇ မိုင်ပါ

ဟုတ် ဘဘ

ဟုတ်အစ်ကို။ မူးယစ်ဆေးကြောင့် ဖြစ်သွားရတော့ စိတ်မကောင်းဖြစ်မိတာအမှန်ပါပဲဗျာ။

အတွေ့အကြုံများတဲ့ညီလေး စာအရေးအသားတိုးတက်လာသလို အမှားလည်း တော်တ်ာနည်းသွားပီ ဆက်လက်ချီတက်ပါညီရေ
ကျင်းကျင်းလေး ကျဉ်းကျဉ်းလေး ဒါမဲ့ ဒါပေမယ့် (tag မှာ myanmar ကို ရှေ့ဆုံးကထည့်စေချင်ပါတယ်)

ဟုတ် ကျေးဇူးပါ အစ်ကိုစိုး။
Tag က အရင် Post က ဟာပါသွားတာ
သိသိချင်းပြန်ပြင်ပေမဲ့ Link မှာက Travel ထဲရောက်သွားတာ

tag မှာ ရှေ့ဆုံးရေးတဲ့ tag ကို ပြောင်းမရပါ ကျန်တာတွေက ပြောင်းရပါသည် ဒါကြောင့် myanmar ကို ပထမ ထားခဲ့တာပါညီ

ဟုတ်တယ် အစ်ကိုစိုး အရှေ့ဆုံးမှာထားလိုက်တော့
ပြန်ပြင်မရဖြစ်သွားတာ

စုံလွန်းလှတဲ့ ဘ၀အတွေ့အကြုံတွေပါပဲ ။ ဆက်လက်ရေးတင်ပေးပါ။ အားပေးနေပါတယ်။

ဟုတ် ကွီးရွှေ ကြိုးစားပြီးရေးနေဆဲပါ။
အတွေ့အကြုံဆိုတာထက် စပ်စုတာလဲပါလို့ပါ ဟီး...

This post recieved an upvote from minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61746.46
ETH 3447.41
USDT 1.00
SBD 2.50