သူငယ်ချင်းတွေ အကြောင်း အပိုင်း ၃၅

in #wafrica8 years ago

images(3).jpg

ကျနော်နဲ့ ဦးစိန်မောင် ကားပေါ်ရောက်နေပြီ။
နောက် ကိုအောင်မြိုင် တက်လာတယ်။
ကိုစိုးပိုင် ကားနားရောက်လာပြီး ဘာလုပ်မလို့လဲ မေးတယ်။
ကိုအောင်မြိုင်က မုန့်ဟင်းခါးစား လို့ပြောတယ်။
ဒါဆို ကျနော်လဲ လိုက်စားမယ်ဆိုပြီး တက်လာတယ်။
ဟိုရောက်တော့ ဦးစိန်မောင်က ဆန်တစ်အိတ် ထမ်းတယ်။
ကိုအောင်မြိုင်က ကိုစိုးပိုင်ကို ဆန်တစ်အိတ်ထမ်းခိုင်းတယ်။
ကိုစိုးပိုင် ဆန်တစ်အိတ် မထမ်းနိုင်ဘူး။
နှစ်လှမ်း သုံးလှမ်း ပဲ၊ ပစ်ချလိုက်တယ်။
ကျနော်ပဲ ကောက်ထမ်းလိုက်ပြီး ပို့ပေးလိုက်တယ်။
ကျနော်တို့ ဦးဇော်ဇော်အောင်ကို နှတ်ဆက်ပြီး ရုံးပြန်ကြမယ် ပြောတယ်။
ကိုစိုးပိုင်က ဝင်ပြောတယ်၊ ကိုအောင်မြိုင် ကျနော် ဗိုက်ဆာတယ်။
မုန့်ဟင်းခါးစားရမယ် ပြောလို့ လိုက်လာတာ။
မုန့်ဟင်းခါးစားဆိုတာ ဆန်အိတ်ထမ်းရမှာကို ပြောတာကွ။
မင်းက လိုက်လာပြီး ဆန်အိတ်တောင် မထမ်းနိုင်ဘူး။
မသိဘူးဗျာ၊ ကျနော်က အလှူအိမ်သွားစားမှာ မှတ်တာ။
ဦးဇော်ဇော်အောင် ကိုအောင်မြိုင်ကို ကြည့်နေတယ်။
ကိုအောင်မြိုင်က ကျပ်မပြည့်ဘူးလို့ အမူအယာ လုပ်ပြတယ်။
ဦးဇော်ဇော်အောင်က သူလိုက်ကျွေးမယ် ပြောတယ်။
ကျနော်တို့က မလိုဘူး၊ ရပါတယ် ပြောတယ်။
ကိုစိုးပိုင်က လိုက်စားမယ် ပြောတယ်။
ဒါဆို မင်းတစ်ယောက်ထဲ လိုက်စားလို့ ကိုအောင်မြိုင်က ပြောတယ်။
ကျနော်တို့ကားပေါ် ပြန်တက်ကြတယ်။
ကိုအောင်မြိုင် ကိုစိုးပိုင်ကို မကျေမချမ်းနဲ့ ထပ်ပြောတယ်။
မင်းမို့ စားရက်တယ်ကွာ။
ကိုစိုးပိုင်က မခံဘူး၊ ပြန်ပြောတယ်။
ဗိုက်ဆာနေတော့ စားရမှာပဲ။
ငါ့ဝမ်းပူဆာ မနေသာပါတကား။

Sort:  

This user is on the @buildawhale blacklist for one or more of the following reasons:

  • Spam
  • Plagiarism
  • Scam or Fraud

Coin Marketplace

STEEM 0.06
TRX 0.29
JST 0.054
BTC 71636.07
ETH 2125.59
USDT 1.00
SBD 0.50