ဘာမထီ အချစ်
ငါကပန်းပင်တွေမလိုချင်ဘူး သျှံ စံအိမ်တစ်အိမ်လုံးရဲ့ သခင်လေးဖြစ်တဲ့ နင့်ကိုလိုချင်တာ ဆိုရင်ရော။ငါက အပြိုင်အဆိုင်လုရတာတွေတော့ မကြိုက်ဘူး သျှံ....
ပြိုင်ဘက်ကင်းရင်ကင်း မကင်းရင်ငါကပဲအနိုင်လိုချင်တာ။
" အမလေးလေး စိတ်တွေ ချမ်းသာလိုက်တာနော် "
ဒေါသအိုးက အင်းလေးက ပြန်ရောက်ပြီးထဲကငြိမ်နေ
လိုက်တာ အလင်းထိုးလိုက်လို့ အသိတရားတွေ ရသွား
တာနေမှာ။ အင်း....အလင်းဆိုလို့
" သျှံ မွေးနေ့ငါလာခဲ့မယ် အဖြေပေးဖို့ စဉ်းစားထား "
ဆိုပြီး ဂျူလိုင်အလစ်မှာ ပြောပြီး ပြေးသွားတာကို လမင်း သတိရသွားမိသည်။ဟင်း...အလင်းကလဲလေ ဘာဆေးတွေအစားမှားပြီးလာပြောနေလဲမသိပါဘူး။ငါ့ကိုဘာကြည့်
ပြီး ကြိုက်သွားရတာလဲမသိပါဘူး ။ရုပ်ကလဲ ဂျူလိုင့်
လောက်တောင် မချောဘူး။ ပြီးတော့ ငါကဘာပိုင်ဆိုင်မှု
မှလဲမရှိတဲ့အပြင် သူများအိမ်မှာကပ်နေရတဲ့သူလေ။
အဟင်း....ငါကလဲ စိတ်ကူးတွေယဉ်နေလိုက်တာ မဖြစ်နိုင်
ပါဘူး အလင်းကစတာနေမှာပါ။
" လမင်းဖြူရေ စိတ်ကူးတွေယဉ်မနေနဲ့တော့ အလင်းက ချစ်တယ်ဆိုရင်တောင် နင့်နဲ့မတန်ဘူးလေ အင်း.....ဟုတ်တယ် "လမင်းခေါင်းလေးညိတ်ပြီး ကိုယ့်ပါကိုသတိပေးနေမိသည်။
လမင်း ပန်းပင်တွေရေပိုက်နဲ့လောင်းနေရင်း တစ်ယောက်
ထဲ ခေါင်းလေးညိတ်လိုက် ခေါင်းလေးခါလိုက်နှင့် အလုပ်တွေရှုပ်နေလေသည်ကို ခြံရဲ့အပြင်ဘက်ကနေရပ်ကြည့်နေတဲ့ လူတစ်ယောက်က
" ဟိတ်....ချွတ်.......ချွတ်......."
" ဟင်..... "လူစိမ်းတစ်ယောက်ပါလား သူများခြံရှေ့မှာရပ်ပြီး ဘယ်သူ့ကိုခေါ်နေပါလိမ့် "လမင်း သူမအနောက်ဘက်နဲ့ ဘေးပတ်လည်ကိုကြည့်လိုက်သည် ။
" ဟိတ် ချာတိတ် ဘာတွေလိုက်ကြည့်နေတာလဲ မင်းကိုခေါ်နေတာ တံခါးလာဖွင့်ပေး "
" ဟင်......ဘာလို့ဖွင့်ပေးရမှာလဲ ကြီးမေကမှာထားတယ် လူစိမ်းတွေလာရင် ခြံတံခါးဖွင့်မပေးရဘူးတဲ့ မဖွင့်ပေးနိုင်
ဘူး "
" ဒီချာတိတ်နဲ့တော့ ဒုက္ခပါပဲ "
မာန် စိတ်ညစ်သွားမိသည်။ ကိုယ့်အိမ်ကိုပြန်လာတာတောင်တံခါးဖွင့်မပေးဘူးတဲ့။ဘွားဘွားနဲ့မာမီ့ကို ဖုန်းကြို
ဆက်မထားတာ မှားပြီထင်တယ်။
တံခါးမဖွင့်ပေးဘူးပြောတာတောင် လှည့်မပြန်သေးပဲ ခြံရှေ့မှာရပ်နေသေးသည်မို့ လမင်းကြောက်သွားမိသည်။ မြို့မှာဆိုရင် လူလိမ်တွေက အဝတ်အစားကောင်းတွေဝတ်ပြီး အိမ်ထဲလိမ်ပြီးဝင်တယ်ပြီးရင် လူတောင်သတ်သွားတယ်ဆိုတာ လမင်းခဏခဏ ကြားဖူးတာကြောင့်
" ဒီမှာ ဟိတ်လူ ရှင်ခြံရှေ့ကမသွားရင် ကျွန်မရဲစခန်းကို
ဖုန်းဆက်လိုက်မှာနော် "
" ဟမ် မင်းကဘယ်သူလဲ ဒီအိမ်ကနဲ့ဘာတော်လို့်လဲ "
" ကျွန်မက ဒီအိမ်ရဲ့မြေးပဲ အဲ့တော့ ရဲမတိုင်ခင်ဒီလူမြန်မြန်
ပြန်သွားလို်က်တော့ "
မြေးအရင်းမဟုတ်လဲ ကြောက်အောင်တော့ ဖြဲခြောက်ရ
မှာပဲလေး။
ဟင် မြေးဆိုတော့ သူက သျှံရဲ့ချစ်သူများလား။ခယ်မလေး
က ချစ်စရာတော့ကောင်းသားပဲ။ညီကအကိုထက်တော့
ဒီနေရာမှာ သာနေပြီထင်တယ် ။သူ့မှာတော့ ခုထိသူချစ်ရမဲ့မိန်းကလေးက မမွေးသေးဘူးထင်တယ်။အဟင်း...
ဒါပေမဲ့ ခပ်စွာစွာ ခယ်မလေးကိုတော့ မာန်နည်းနည်းစချင်
သေးသည်။
"ကိုယ်ကသျှံရဲ့မွေးနေ့ပွဲကိုလာတာ မင်းဘွားဘွားဖိတ်ထား
တဲ့ ဧည့်သည် အဲ့ဒါဆိုရင်ရော ဖွင့်ပေးလို့ရပြီလား "
လမင်း လူစိမ်းကိုအကဲခတ်သလို သေချာကြည့်လိုက်သည်
လှိုင်းထနေသော ညိုပျော့ပျော့ဆံပင်ကုပ်ထောက်နှင့်မျက်
မှန်အနက်တပ်ထားကာ နားမှာနားကွင်းသေးသေးလေးနဲ့
နိုင်ငံခြားစတိုင်မျိုးဖြစ်သည်။ဒါပေမဲ့ လူဆိုးရုပ်တော့မ
ပေါက်ပေ။ အနောက်တိုင်းဝတ်စုံအပြည့်နဲ့မို့ လူချမ်းသာ
အသိုင်းဝိုင်း ကတော့ဖြစ်နိုင်သည်။ဒါပေမဲ့ ဘွားဘွားဖိတ်ထားတာဖြစ်နိုင်ပါ့မလား။
်
" ဟိတ် မင်းဧည့်သည်ကို တံခါးမဖွင့်ပေးတော့ဘူးလား "
"ခဏစောင့်ဦး ဦးချိုကိုခေါ်ပေးမယ် "
" ဟင် စောင့်ရဦးမှာလား တော်ပြီးမင်းသွားမခေါ်နဲ့တော့ အိမ်ထဲရောက်ဖို့က အဝေးကြီးဝင်ရဦးမှာ "
" ဟင် သူကဘယ်လိုသိတာလဲ "
လမင်း ကြည့်လိုက်တော့ထိုလူက ဖုန်းထုတ်ပြီးဆက်နေလေရဲ့ ။ခဏကြာတော့ အိမ်ကြီးထဲကကားလေးထွက်လာ
သည်။ကားပေါ်မှာ ဘွားဘွားရော အန်တ်ီရောပါလာကြ
သည် လမင်းက VlPဧည့်သည်ပဲထင်သော်လဲ ခြံတံခါးဖွင့်
ပြီးတာနဲ့ ကြားလိုက်ရသော ဘွားဘွားစကားသံကြောင့် လမင်း မျက်လုံးတွေပင် ပြူးသွားရသည်။
" မြေးကြီးက မမြင်တာကြာလို့လားမသိဘူးကွယ် ထွားလာ
လိုက်တာကြည့်စမ်းပါဦး "
" ဟုတ်တယ်မာမီ သားမာန်က အမေတူမို့လားမသိဘူး
ချောလာလိုက်တာ ။
" သားမာန် ဟင်ဒါဆို သျှံရဲ့အကိုကြီး ဘုန်းမာန်သော် ပေါ့"
လမင်း နင်တော့သေသင့်နေပြီး ဘုန်းမာန်သော်ကို လူလိမ်
ထင်ရတယ်လို့ ။ လမင်း ကိုယ့်နဖူးကို လက်သီးလေးနဲ့ထု
ပြီးမှ" အား...."နာသွားတာကြောင့်ပြန်ပွတ်လိုက်၏။
မာန်ကတော့ လမင်းကိုကြည့်ကာ ပြုံးပြပြီးမှ ဖွားဖွားကို
ဖက်လိုက်ပြီး.....
" ဟုတ်တယ်ဘွား ဘွားဘွားကတော့ ဒီအတိုင်းပဲနုတုန်း"
" ဟင်.....မာမီကရော မာန် "
" ဟာ မာမီက မာန်ထက်တောင်နုသေးတာ မာမီရဲ့"
" ဟား လူလည်လေး အမေကိုမြှောက်နေပြန်ပြီး မာမီက
သားကြီးကို လွမ်းနေတာသားရဲ့ ၅နှစ်တောင်ရှိပြီခုမှပြန်
လာရလားဟင်...."
" ကဲ သားအမိနှစ်ယောက် နောက်မှအလွမ်းသယ်တော့
ခုအိမ်ထဲသွားရအောင် ကလေးလဲနားချင်မှာပေါ့ "
" ဟုတ်သားပဲ လာသားမာန် ကားထဲဝင် သွားရအောင် "
" yes...mom "
မာန်ပြောပြီးကားထဲ မဝင်သေးပဲဟိုကြည့်ဒီကြည့်လုပ်နေ
တာကြောင့် ဒေါ်မေလဲ့ပိုင်က" သားမာန် ဘာရှာနေတာလဲ"
" ဘာမှမရှာပါဘူး မာမီ "မာမီကိုပြောပြီး သူကားထဲဝင်ထိုင်
လိုက်သည်။အမှန်တော့ မာန် သူရဲ့ခယ်မလေးကိုရှာနေမိသည်။ ဟိုချာတိတ်က ဘယ်ပျောက်သွားတာလဲ မြန်လိုက်တာ။သျှံ ရဲ့အကိုမှန်း တရားဝင် မိတ်ဆက်မလို့ဟာ။ ဒီအိမ်မှာပဲဆိုတော့ နောက်လဲတွေ့ရမှာပဲလေ။
" ဘုန်းမာန် ပြန်လာတယ် ဟုတ်လား လမင်း "
" ဟုတ်တယ်ကြီးမေရဲ့ လမင်းတော့သေပြီးထင်တယ် သူကရော သျှံလိုပဲဆိုးလားဟင် "
" မာန်လေးက သျှံလောက်ဆိုးမယ်မထင်ပါဘူးကွယ်
"ဟုတ်ရဲ့လားကြီးမေ သူ့ညီတောင် အရမ်းဆိုးတာကို သူက
မြေးဦးဆိုတော့ ပိုဆိုးမှာပေါ့လို့ "
" အဲ့လိုလဲမဟုတ်ပါဘူး သမီးရယ် သျှံငယ်ငယ်ကကြီးမေ
ပဲထိန်းပေးခဲ့တာလေ ငယ်ငယ်ကဆို သျှံကအရမ်းလိမ္မာပြီး
ချစ်စရာကောင်းတယ်။ဒါပေမဲ့ သျှံလူမှန်းသိတက်စမှာပဲ
လူတစ်ယောက်က သျှံအမေရဲ့ရည်းစားဟောင်းဆိုပြီးပေါ်လာပြီး သူကသျှံရဲ့အဖေပါဆိုပြီးငွေညှစ်လို့် အဲ့ဒီ နောက်ပိုင်း သျှံရဲ့အဖေ ဦးဓနသျှံက သားကြီးနဲ့၅နှစ်ကွာပြီးမှ မွေးတဲ့သျှံကိုသူ့သားအရင်းလို့မသတ်မှတ်တော့
ဘူး ။နောက်တော့ သားကြီးကိုခေါ်ပြီး စင်္ကာပူမှာပဲနေပြီး
အိမ်တွက်တော့လိုလေသေးမရှိအောင်တော့ပိုက်ဆံပို့ပေး
တယ်လေ ။ဘွားအေနဲ့အမေကလဲ သမီး မြင်တဲ့တိုင်းအလို
လိုက်လွန်းတော့ ဆိုးသွားတာပေါ့ကွယ် "
" အာ့ဆို သျှံအဖေကတစ်ခါမှ ပြန်မလာဘူးလားဟင် "
" သျှံကိုသူ့အဖေက မချစ်ပေမဲ့ သူ့အကိုကတော့ ချစ်ရှာ
ပါတယ်။သူ့အဖေက၁၀နှစ်လောက်ရှိပြီးနိုင်ငံခြားမှာ
သွားနေတာတစ်ခါမှပြန်မလာဘူး မာန်ကတော့ တစ်ခါနှစ်
ခါလောက်တော့ပြန်လာဖူးပါတယ် "
" သြော်..."သျှံကလဲ သူ့လိုဖခင်က စွန့်ပစ် တာခံနေရတဲ့သူ
ပါလား။ လမင်း သျှံရဲ့ခံစားချက်ကိုနားလည်နိုင်ပါတယ်။
ဒါပေမဲ့ မာန်ကတော့ သျှံလောက်မဆိုးပါစေနဲ့လို့ လမင်း
ဆုတောင်းနေမိသည် ။
မင်းပဲစဉ်းစားကြည့်…ဘယ်အချိန်ကတည်းက မိုးပြင်ထဲမှာ…တောင့်ပြီးသေနေလည်းမသိဘူး…
ဒီလောက်အေးတဲ့ဒဏ်ကိုပေါင်ကြားထဲကကလေးလေးတစ်နှစ်အခါလည်ကွာ ဘယ်ခံနိုင်ရည်ရှိရှာမလဲ နာရီဝက်လောက်နဲ့တင် ကလေးအသက်ဆုံးနိုင်တယ်…အမေဖြစ်သူကသေဆုံးသွားပေမဲ့သူ့ရဲ့မေတ္တာတွေနဲ့ ကလေးလေးကိုအနွေးဓာတ်ပေးပြီးအသက်ဆက်ရှင်စေခဲ့တယ်…မဟုတ်လား…
"အင်းးးးဟုတ်တယ်နော်ကိုသန်းနိုင်"
"အေးကွ"
နောက်တခုရှိသေးတယ်…သူက သေလောက်အောင်ချမ်းနေပေမဲ့သူရဲ့ကလေးလေးကို အသက်အန္တရယ်ကင်းဖို့မိုးရေးတွေမစိုချွဲအောင်ပေါင်ကြားထဲမှာညပ်ပြီးအကျီ င်္လေးနှစ်စကို တင်းတင်းဆွဲထားတာ ငါခုထိမျတ်စိထဲကမထွက်ဘူးကွာ…"
"အန်နာပါ"
"ဘာ မင်းကများ အတင့်ရဲလိုက်တာ"
"ကျွန်မမလုပ်ရဲပါဘူး ဂျင်မီခိုင်းတာပါ"
"ဘာ ဘယ်သူခိုင်းတယ်"
"ဟုတ်ပါတယ် ဂျင်မီခိုင်းတာပါ သူက သူ့အပြစ်သူမမြင်ဘဲ မင်းသားလေး တို့ကသူ့အမေကိုသတ်တယ်ဆိုပြီး ထွက်သွားပါတယ် ပြီးတော့ ကျွန်မကို သူ့နေရာ အစားဝင်ဖို့ ပြောခဲ့တာပါ"
"သူက အစားဝင်ခိုင်းတယ်"
"အ၀တ်ဖုံးထားရင်မမြင်ရဘူးတဲ့"
"တောက်"
ဂျက် စိတ်တိုသွားရသည် သူ့အချစ်ကို မျက်ကွယ်ပြုသည်
"ထွက်သွား"
"မင်းသား ကျွန်မတို့က ဘာပဲဖြစ်ဖြစ် လင်မယားတွေဖြစ်နေပြီလေ ဒီတော့"
"မင်းကိုငါ ထွက်သွားလို့ပြောနေတာ"
အန်နာ ကြောက်သွားသည် ဒါနဲ့ ထွက်သွားသည် ဂျက်က ဒေါသ တွေနဲ့ ကျန်ခဲ့သည်
ဂျင်မီကူးခတ်လာတာ ဂူတစ်ဂူရောက်လာသည် သူမအထဲဝင်ခဲ့သည် အထဲကိုဝင်လေ မှောင်လာလေ ဖြစ်သည် ၀င်လာရင်းနောက်ဆုံးမှာ ဂူတစ်ခုလုံး လင်းလာသည် ပုလ္လင်တစ်ခု
"ဟား. ဟား. ဟား. ဟား"
ရယ်သံနဲ့အတူ ပုလ္လင်ပေါ်မှာ လူတစ်ယောက်ပေါ်လာသည်
"မင်းကတော်သားပဲ ဒီအထိရောက်လာတယ်ဆိုတော့"
"ရှင်ကဘယ်သူလဲ"
"မင်းရှာနေတဲ့ မှော်ဘုရင်မလေ"
"ဟို ကျွန်မ"
"ငါသိတယ် မင်းခြေထောက်တွေလိုချင်တာမလား"
"ဟုတ် ဟုတ်ပါတယ် လုပ်ပေးနိုင်မလား"
"လုပ်ပေးနိုင်တာပေါ့ ဒါပေမယ့် အပေးအယူဆိုတာရှိတယ် မင်းငါ့ကို ဘာပေးနိုင်လဲ"
"ရှင်"
"ဟုတ်တယ်လေ ငါ့အတွက်ဘာယူခဲ့လဲ"
"ဘာမှမပါပါဘူး"
"ဘာမပါဘဲ မင်းကအလကားလိုချင်တာလား နေဦး မင်းလိပ်ပြာအရမ်းလှတာပဲ ငါလိုချင်တယ်"
"ကျွန်မ လိပ်ပြာ"
,"ဟုတ်တယ်"
"ကျွန်မ သေသွားမှာပေါ့"
"မဟုတ်ဘူး မဟုတ်ဘူး"
မှော်ဘုရင်မက ခေါင်းရမ်းလိုက်ပြီး
"အလောင်းစားလုပ်တာပေါ့ မင်းကို အချိန်တစ်ခုမေးမယ် အဲ့အချိန်တွင်း မင်းကို သူချစ်လာရင် မင်းမသေဘူး မရရင် မင်းသေမယ် ပြီးတော့ မင်းလိပ်ပြာကို ယူမယ်"
သူမ နည်းနည်းတော့ ကြောက်သွားသည်
"ကျွန်မ လိပ်ပြာ ကိုဘာလုပ်မှာလဲ"
"မင်းက တော်တော်စပ်စုတာပဲ ငါစားမှာပေါ့"
"ရှင်"
"မင်းက ငါမြင်ဖူးသမျှမှာ အလှဆုံးပဲ ဒါကြောင့် မင်းလိပ်ပြာကိုစားရင် ငါလည်း မင်းလို လှပလာလိမ့်မယ်"
"ကဲ ပြောငါ့မှာ အချိန်မရှိဘူး"
သူမ ဘာပြောရမှန်းမသိ အင်း ဘာဖြစ်ဖြစ် မင်းသားလေး ကိုလက်ထပ်ရတာထက်စာရင်တော့ ငါစွန့်စားရမယ်
"ကောင်းပြီ လက်ခံတယ်"
"ဟုတ်ပြီလေ ပင်လယ်ကြီးသက်သေရှိတယ်"
မှော်ဆရာမ ကသူ့လက်ကနေပစ္စည်းတစ်ခုထုတ်ပေးလိုက်သည်။
Hey. Hoping for a mutual subscription and upvote. I'm developing bots. Is the finished product: auto promoute in steem1t, bot inviter for telegram. Subscribe to mee