ဘာမထီ အချစ်

in #esteem6 years ago

image
ငါကပန်းပင်​​တွေမလိုချင်​ဘူး သျှံ စံအိမ်​တစ်​အိမ်​လုံးရဲ့ သခင်​​လေးဖြစ်​တဲ့ နင့်​ကိုလိုချင်​တာ ဆိုရင်​​ရော။ငါက အပြိုင်​အဆိုင်​လုရတာ​တွေ​တော့ မကြိုက်​ဘူး သျှံ....
ပြိုင်ဘက်​ကင်းရင်ကင်း မကင်းရင်​ငါကပဲအနိုင်​လိုချင်​တာ။

" အမ​လေး​လေး ​စိတ်​​တွေ ချမ်းသာလိုက်​တာ​နော် "

ဒေါသအိုးက အင်း​လေးက ပြန်​​ရောက်​ပြီးထဲကငြိမ်နေ
လိုက်​တာ အလင်းထိုးလိုက်​လို့ အသိတရား​တွေ ရသွား
တာ​နေမှာ။ အင်း....အလင်းဆိုလို့

" သျှံ ​မွေး​နေ့ငါလာခဲ့မယ်​ အ​ဖြေ​ပေးဖို့ စဉ်းစားထား "
ဆိုပြီး ဂျူလိုင်​အလစ်​မှာ ​ပြောပြီး ​ပြေးသွားတာကို လမင်း သတိရသွားမိသည်​။ဟင်း...အလင်းကလဲ​လေ ဘာ​ဆေး​တွေအစားမှားပြီးလာ​ပြော​နေလဲမသိပါဘူး။ငါ့ကိုဘာ​ကြည့်
ပြီး ကြိုက်​သွားရတာလဲမသိပါဘူး ။ရုပ်​ကလဲ ဂျူလိုင့်
လောက်​​တောင်​ မ​ချောဘူး။ ပြီး​တော့ ငါကဘာပိုင်​ဆိုင်​မှု
မှလဲမရှိတဲ့အပြင်​ သူများအိမ်​မှာကပ်​​နေရတဲ့သူ​လေ။
အဟင်း....ငါကလဲ စိတ်​ကူး​တွေယဉ်​​နေလိုက်​တာ မဖြစ်​နိုင်
ပါဘူး အလင်းကစတာ​နေမှာပါ။

" လမင်းဖြူ​ရေ စိတ်​ကူး​တွေယဉ်​မ​နေနဲ့​တော့ အလင်းက ချစ်​တယ်​ဆိုရင်​​တောင်​ နင့်​နဲ့မတန်​ဘူး​​လေ အင်း.....ဟုတ်​တယ်​ "လမင်း​ခေါင်း​လေးညိတ်​ပြီး ကိုယ့်​ပါကိုသတိ​ပေး​နေမိသည်​။

လမင်း ပန်းပင်​​တွေ​ရေ​ပိုက်​နဲ့လောင်းနေရင်း ​တစ်ယောက်
ထဲ ခေါင်း​လေးညိတ်​လိုက်​ ​ခေါင်း​လေးခါလိုက်​နှင့်​ အလုပ်​​တွေရှုပ်​​နေ​လေသည်​ကို ခြံရဲ့အပြင်​ဘက်​က​နေရပ်​ကြည့်​​နေတဲ့ လူတစ်​​ယောက်​က

" ဟိတ်​....ချွတ်​.......ချွတ်​......."

" ဟင်​..... "လူစိမ်းတစ်​​ယောက်​ပါလား သူများခြံ​ရှေ့မှာရပ်​ပြီး ဘယ်​သူ့ကို​ခေါ်​နေပါလိမ့်​ "လမင်း သူမအ​နောက်​ဘက်​နဲ့ ​ဘေးပတ်​လည်​ကိုကြည့်​လိုက်​သည်​ ။

" ဟိတ်​ ချာတိတ်​ ဘာ​တွေလိုက်​ကြည့်​​နေတာလဲ မင်းကို​ခေါ်​နေတာ တံခါးလာဖွင့်​​ပေး "

"​ ဟင်​......ဘာလို့ဖွင့်​​ပေးရမှာလဲ ကြီး​မေကမှာထားတယ်​ လူစိမ်း​တွေလာရင်​ ခြံတံခါးဖွင့်​မ​ပေးရဘူးတဲ့ မဖွင့်​​ပေးနိုင်
ဘူး "

" ဒီချာတိတ်​နဲ့​တော့ ဒုက္ခပါပဲ "

မာန်​ စိတ်​ညစ်​သွားမိသည်​။ ကိုယ့်​အိမ်​ကိုပြန်​လာတာ​တောင်​တံခါးဖွင့်​မ​ပေးဘူးတဲ့။ဘွားဘွားနဲ့မာမီ့ကို ဖုန်းကြို
ဆက်​မထားတာ မှားပြီထင်​တယ်​။

တံခါးမဖွင့်​​ပေးဘူး​ပြောတာ​တောင်​ လှည့်​မပြန်​​သေးပဲ ခြံ​ရှေ့မှာရပ်​​နေ​သေးသည်​မို့ လမင်း​ကြောက်​သွားမိသည်​။ မြို့မှာဆိုရင်​ လူ​လိမ်​တွေက အဝတ်​အစား​ကောင်း​တွေဝတ်​ပြီး အိမ်​ထဲလိမ်​ပြီးဝင်​တယ်​ပြီးရင် လူ​တောင်​သတ်​​သွားတယ်​ဆိုတာ လမင်းခဏခဏ ကြားဖူးတာ​ကြောင့်

" ဒီမှာ ဟိတ်​လူ ရှင်​ခြံ​ရှေ့ကမသွားရင်​ ကျွန်​မရဲစခန်းကို
ဖုန်းဆက်​လိုက်​မှာ​နော်​ "

" ဟမ်​ မင်းကဘယ်​သူလဲ ဒီအိမ်​ကနဲ့ဘာ​တော်​လို့်​လဲ "

" ကျွန်​မက ဒီအိမ်​ရဲ့​မြေးပဲ အဲ့​တော့ ရဲမတိုင်​ခင်​ဒီလူမြန်​မြန်
ပြန်​သွားလို်​က်​​တော့ "
image
မြေးအရင်းမဟုတ်​လဲ ​ကြောက်​​အောင်​​တော့ ဖြဲ​​ခြောက်ရ
မှာပဲ​လေး။

ဟင်​ ​မြေးဆို​တော့ သူက သျှံရဲ့ချစ်​သူများလား​။ခယ်​မ​လေး
က ချစ်​စရာ​တော့​ကောင်းသားပဲ။ညီကအကိုထက်​​တော့
ဒီ​နေရာမှာ သာ​နေပြီထင်​တယ်​ ။သူ့မှာ​တော့ ခုထိသူချစ်​ရမဲ့မိန်းက​လေးက မ​မွေး​သေးဘူးထင်​တယ်​။အဟင်း...
ဒါ​ပေမဲ့ ခပ်​စွာစွာ ခယ်​မ​လေးကို​တော့ မာန်​နည်းနည်းစချင်
သေးသည်​။

"ကို​ယ်​ကသျှံရဲ့​မွေး​နေ့ပွဲကိုလာတာ မင်းဘွားဘွားဖိတ်​ထား
တဲ့ ဧည့်​သည်​ အဲ့ဒါဆိုရင်​​ရော ဖွင့်​​ပေးလို့ရပြီလား "

လမင်း လူစိမ်းကို​အကဲခတ်သလို ​သေချာကြည့်​လိုက်​သည်
လှိုင်းထ​နေ​သော ညို​ပျော့​ပျော့ဆံပင်​ကုပ်​​ထောက်​နှင့်​မျက်
မှန်​အနက်​တပ်​ထားကာ နားမှာနားကွင်း​သေးသေး​လေးနဲ့
နိုင်​ငံခြားစတိုင်​မျိုးဖြစ်​သည်​။ဒါ​ပေမဲ့ လူဆိုးရုပ်​​တော့မ
ပေါက်​​​ပေ။ အ​နောက်​တိုင်းဝတ်​စုံအပြည့်​နဲ့မို့ လူချမ်းသာ
အသိုင်းဝိုင်း က​တော့ဖြစ်​နိုင်​သည်​။ဒါ​ပေမဲ့ ဘွားဘွားဖိတ်​ထားတာဖြစ်​နို​င်​ပါ့မလား။
်
" ဟိတ်​ မင်းဧည့်​သည်​ကို တံခါးမဖွင့်​​ပေး​တော့ဘူးလား "

"ခဏ​စောင့်​ဦး ဦးချိုကို​ခေါ်​ပေးမယ်​ "

" ဟင်​ ​စောင့်​ရဦးမှာလား ​တော်​ပြီးမင်းသွားမ​ခေါ်နဲ့​တော့ အိမ်​ထဲ​ရောက်​ဖို့က အဝေးကြီးဝင်​ရဦးမှာ "

" ဟင်​ သူကဘယ်လိုသိတာလဲ "

လမင်း ကြည့်​လိုက်​တော့ထိုလူက ဖုန်းထုတ်​ပြီးဆက်​​နေ​လေရဲ့ ။ခဏကြာ​တော့ အိမ်​ကြီးထဲကကား​လေးထွက်​လာ
သည်​။ကားပေါ်မှာ ဘွားဘွား​ရော အန်​တ်ီ​​ရောပါလာကြ
သည်​ လမင်းက VlPဧည့်​သည်​ပဲထင်​​သော်​လဲ ခြံတံခါးဖွင့်
ပြီးတာနဲ့ ကြားလိုက်​ရ​သော ဘွားဘွားစကား​သံကြောင့်​ လမင်း မျက်​လုံး​တွေပင်​ ပြူးသွားရသည်​။

"​ မြေးကြီးက မမြင်​တာကြာလို့လားမသိဘူးကွယ်​ ထွားလာ
လိုက်​တာကြည့်​စမ်းပါဦး "

" ဟုတ်​တယ်​မာမီ သားမာန်​က အ​မေတူမို့လားမသိဘူး
ချောလာလို​က်​တာ ။

" သားမာန်​ ဟင်​ဒါဆို သျှံရဲ့အကိုကြီး ဘုန်းမာန်​​သော်​ ​ပေါ့"

လမင်း နင်​​တော့​သေသင့်​​နေပြီး ဘုန်းမာန်​​သော်​ကို လူလိမ်
ထင်​ရတယ်​လို့ ။ လမင်း ကိုယ့်​နဖူးကို လက်​သီး​လေးနဲ့ထု
ပြီးမှ" အား...."နာသွားတာ​ကြောင့်​ပြန်​ပွတ်​လိုက်​၏။
မာန်​က​တော့ လမင်းကိုကြည့်​ကာ ပြုံးပြပြီးမှ ဖွားဖွားကို
ဖက်​လိုက်​ပြီး.....
image
" ဟုတ်​တယ်​ဘွား ဘွားဘွားက​တော့ ဒီအတိုင်းပဲနုတုန်း"

" ဟင်​.....မာမီက​ရော မာန်​ "

" ဟာ မာမီက မာန်​ထက်​​တောင်​နု​သေးတာ မာမီရဲ့"

" ဟား လူလည်​​လေး အ​မေကို​မြှောက်​​နေပြန်​ပြီး မာမီက
သားကြီးကို လွမ်း​နေတာသားရဲ့ ၅နှစ်​​တောင်​ရှိပြီခုမှပြန်
လာရလားဟင်​...."

" ကဲ သားအမိနှစ်​​ယောက်​ ​နောက်​မှအလွမ်းသယ်​​တော့
ခုအိမ်​ထဲသွားရ​အောင်​ က​လေးလဲနားချင်​မှာ​ပေါ့ "

" ဟုတ်​သားပဲ လာသားမာန်​ ကားထဲဝင်​ သွားရ​အောင်​ "

" yes...mom "
မာန်​​ပြောပြီးကားထဲ မဝင်​​သေးပဲဟိုကြည့်​ဒီကြည့်​လုပ်​​နေ
တာ​ကြောင့်​ ဒေါ်​မေလဲ့ပိုင်​က" သားမာန်​ ဘာရှာ​နေတာလဲ"

" ဘာမှမရှာပါဘူး မာမီ "မာမီကို​ပြောပြီး သူကားထဲဝင်​ထိုင်
လိုက်​သည်​။အမှန်​တော့ မာန်​ သူရဲ့ခယ်​မ​လေးကိုရှာ​နေမိသည်​။ ဟိုချာတိတ်​က ဘယ်​​ပျောက်​သွားတာလဲ မြန်​လိုက်​တာ။သျှံ ရဲ့အကိုမှန်း တရားဝင်​ မိတ်​ဆက်​မလို့ဟာ။ ဒီအိမ်​မှာပဲဆို​တော့ ​နောက်​လဲ​တွေ့ရမှာပဲ​လေ။

" ဘုန်းမာန်​ ပြန်​လာတယ်​ ဟုတ်​လား လမင်း "

" ဟုတ်တ​ယ်​​ကြီး​မေရဲ့ လမင်း​တော့​သေပြီးထင်​တယ်​​ သူက​ရော သျှံလိုပဲဆိုးလားဟင်​ "

" မာန်​​လေးက သျှံ​လောက်​ဆိုးမယ်​မထင်​ပါဘူးကွယ်

"ဟုတ်​ရဲ့လားကြီးမေ သူ့ညီ​တောင်​ အရမ်းဆိုးတာကို သူက
မြေးဦးဆို​တော့ ပိုဆိုးမှာ​​ပေါ့လို့ "

" အဲ့လိုလဲမဟုတ်​ပါဘူး သမီးရယ်​ သျှံငယ်ငယ်ကြ​​ကီး​မေ
ပဲထိန်း​ပေးခဲ့တာ​လေ ငယ်​ငယ်​ကဆို သျှံကအရမ်းလိမ္မာပြီး
ချစ်​စရာ​ကောင်းတယ်​။ဒါ​ပေမဲ့ သျှံလူမှန်းသိတက်​စမှာပဲ
လူတစ်​​ယောက်​က သျှံအ​မေရဲ့ရည်းစား​ဟောင်းဆိုပြီး​ပေါ်လာ​ပြီး သူကသျှံရဲ့အ​ဖေပါဆိုပြီး​ငွေညှစ်​လို့်​ အဲ့ဒီ ​နောက်ပိုင်း သျှံရဲ့အ​ဖေ ဦးဓနသျှံက သားကြီးနဲ့၅နှစ်​ကွာပြီးမှ ​မွေးတဲ့သျှံကို​သူ့သားအရင်းလို့မသတ်​မှတ်​​တော့
ဘူး ။နောက်​​တော့ သားကြီးကို​ခေါ်ပြီး စင်္ကာပူမှာပဲ​နေပြီး
အိမ်​တွက်​​တော့လို​လေ​သေးမရှိ​အောင်​​တော့ပိုက်​ဆံပို့​ပေး
တယ်​​လေ ။ဘွား​အေနဲ့အ​မေကလဲ သမီး မြင်​တဲ့တိုင်းအလို
လိုက်​လွန်း​တော့ ဆိုးသွားတာ​ပေါ့ကွယ်​ "

" အာ့ဆို သျှံအ​ဖေ​ကတစ်​ခါမှ ပြန်​မလာ​ဘူးလားဟင်​ "

" သျှံကိုသူ့အ​ဖေက မချစ်​​ပေမဲ့ သူ့အကိုက​တော့ ချစ်​ရှာ
ပါတယ်​။သူ့အ​ဖေက၁၀နှစ်​​လောက်​ရှိပြီးနိုင်​ငံခြားမှာ
သွား​နေတာတစ်​ခါမှပြန်​မလာဘူး မာန်​က​တော့ တစ်​ခါနှစ်
ခါ​လောက်​​တော့ပြန်​လာဖူးပါတယ်​ "

" ​သြော်​..."သျှံကလဲ သူ့လိုဖခင်​က စွန့်​ပစ်​ တာခံ​နေရတဲ့သူ
ပါလား။ လမင်း သျှံရဲ့ခံစားချက်​ကိုနားလည်​နို​င်​ပါတယ်​။
ဒါ​ပေမဲ့ မာန်​က​တော့ သျှံ​လောက်​မဆိုးပါ​စေနဲ့လို့ လမင်း
ဆု​တောင်း​နေမိသည်​ ။

မင်းပဲစဉ်းစားကြည့်…ဘယ်အချိန်ကတည်းက မိုးပြင်ထဲမှာ…တောင့်ပြီးသေနေလည်းမသိဘူး…
ဒီလောက်အေးတဲ့ဒဏ်ကိုပေါင်ကြားထဲကကလေးလေးတစ်နှစ်အခါလည်ကွာ ဘယ်ခံနိုင်ရည်ရှိရှာမလဲ နာရီဝက်လောက်နဲ့တင် ကလေးအသက်ဆုံးနိုင်တယ်…အမေဖြစ်သူကသေဆုံးသွားပေမဲ့သူ့ရဲ့မေတ္တာတွေနဲ့ ကလေးလေးကိုအနွေးဓာတ်ပေးပြီးအသက်ဆက်ရှင်စေခဲ့တယ်…မဟုတ်လား…
"အင်းးးးဟုတ်တယ်နော်ကိုသန်းနိုင်"
"အေးကွ"
နောက်တခုရှိသေးတယ်…သူက သေလောက်အောင်ချမ်းနေပေမဲ့သူရဲ့ကလေးလေးကို အသက်အန္တရယ်ကင်းဖို့မိုးရေးတွေမစိုချွဲအောင်ပေါင်ကြားထဲမှာညပ်ပြီးအကျီ င်္လေးနှစ်စကို တင်းတင်းဆွဲထားတာ ငါခုထိမျတ်စိထဲကမထွက်ဘူးကွာ…"
"အန်နာပါ"
"ဘာ မင်းကများ အတင့်ရဲလိုက်တာ"
"ကျွန်မမလုပ်ရဲပါဘူး ဂျင်မီခိုင်းတာပါ"
"ဘာ ဘယ်သူခိုင်းတယ်"
"ဟုတ်ပါတယ် ဂျင်မီခိုင်းတာပါ သူက သူ့အပြစ်သူမမြင်ဘဲ မင်းသားလေး တို့ကသူ့အမေကိုသတ်တယ်ဆိုပြီး ထွက်သွားပါတယ် ပြီးတော့ ကျွန်မကို သူ့နေရာ အစားဝင်ဖို့ ပြောခဲ့တာပါ"
"သူက အစားဝင်ခိုင်းတယ်"
"အ၀တ်ဖုံးထားရင်မမြင်ရဘူးတဲ့"
"တောက်"
ဂျက် စိတ်တိုသွားရသည် သူ့အချစ်ကို မျက်ကွယ်ပြုသည်
"ထွက်သွား"
"မင်းသား ကျွန်မတို့က ဘာပဲဖြစ်ဖြစ် လင်မယားတွေဖြစ်နေပြီလေ ဒီတော့"
"မင်းကိုငါ ထွက်သွားလို့ပြောနေတာ"
အန်နာ ကြောက်သွားသည် ဒါနဲ့ ထွက်သွားသည် ဂျက်က ဒေါသ တွေနဲ့ ကျန်ခဲ့သည်
image
ဂျင်မီကူးခတ်လာတာ ဂူတစ်ဂူရောက်လာသည် သူမအထဲဝင်ခဲ့သည် အထဲကိုဝင်လေ မှောင်လာလေ ဖြစ်သည် ၀င်လာရင်းနောက်ဆုံးမှာ ဂူတစ်ခုလုံး လင်းလာသည် ပုလ္လင်တစ်ခု
"ဟား. ဟား. ဟား. ဟား"
ရယ်သံနဲ့အတူ ပုလ္လင်ပေါ်မှာ လူတစ်ယောက်ပေါ်လာသည်
"မင်းကတော်သားပဲ ဒီအထိရောက်လာတယ်ဆိုတော့"
"ရှင်ကဘယ်သူလဲ"
"မင်းရှာနေတဲ့ မှော်ဘုရင်မလေ"
"ဟို ကျွန်မ"
"ငါသိတယ် မင်းခြေထောက်တွေလိုချင်တာမလား"
"ဟုတ် ဟုတ်ပါတယ် လုပ်ပေးနိုင်မလား"
"လုပ်ပေးနိုင်တာပေါ့ ဒါပေမယ့် အပေးအယူဆိုတာရှိတယ် မင်းငါ့ကို ဘာပေးနိုင်လဲ"
"ရှင်"
"ဟုတ်တယ်လေ ငါ့အတွက်ဘာယူခဲ့လဲ"
"ဘာမှမပါပါဘူး"
"ဘာမပါဘဲ မင်းကအလကားလိုချင်တာလား နေဦး မင်းလိပ်ပြာအရမ်းလှတာပဲ ငါလိုချင်တယ်"
"ကျွန်မ လိပ်ပြာ"
,"ဟုတ်တယ်"
"ကျွန်မ သေသွားမှာပေါ့"
"မဟုတ်ဘူး မဟုတ်ဘူး"
မှော်ဘုရင်မက ခေါင်းရမ်းလိုက်ပြီး
"အလောင်းစားလုပ်တာပေါ့ မင်းကို အချိန်တစ်ခုမေးမယ် အဲ့အချိန်တွင်း မင်းကို သူချစ်လာရင် မင်းမသေဘူး မရရင် မင်းသေမယ် ပြီးတော့ မင်းလိပ်ပြာကို ယူမယ်"
သူမ နည်းနည်းတော့ ကြောက်သွားသည်
"ကျွန်မ လိပ်ပြာ ကိုဘာလုပ်မှာလဲ"
"မင်းက တော်တော်စပ်စုတာပဲ ငါစားမှာပေါ့"
"ရှင်"
"မင်းက ငါမြင်ဖူးသမျှမှာ အလှဆုံးပဲ ဒါကြောင့် မင်းလိပ်ပြာကိုစားရင် ငါလည်း မင်းလို လှပလာလိမ့်မယ်"
"ကဲ ပြောငါ့မှာ အချိန်မရှိဘူး"
သူမ ဘာပြောရမှန်းမသိ အင်း ဘာဖြစ်ဖြစ် မင်းသားလေး ကိုလက်ထပ်ရတာထက်စာရင်တော့ ငါစွန့်စားရမယ်
"ကောင်းပြီ လက်ခံတယ်"
"ဟုတ်ပြီလေ ပင်လယ်ကြီးသက်သေရှိတယ်"
မှော်ဆရာမ ကသူ့လက်ကနေပစ္စည်းတစ်ခုထုတ်ပေးလိုက်သည်။

Sort:  

Hey. Hoping for a mutual subscription and upvote. I'm developing bots. Is the finished product: auto promoute in steem1t, bot inviter for telegram. Subscribe to mee

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62604.24
ETH 3437.54
USDT 1.00
SBD 2.50