စပ်စုစိန်B Pyae …… ၁

in #myanmar7 years ago

Steemit post တွေနေ့တိုင်းရေးတင်ရမှာဆိုတော့ ကိုယ်ရေးတဲ့ post တွေကို အကြောင်းအရာတွေ မထပ်စေချင်မိတော့ စဉ်းစားရေးရတာပေါ့ ။

B Pyae ရဲ့ နေ့စဉ်အဖြစ်အပျက်တွေကို ရေးတင်ရတာလဲ B Pyae ကိုယ်တိုင်ကို ငြီးငွေ့သလိုခံစားရတော့ စာဖတ်သူအကိုအမတွေလဲ B Pyae လိုဘဲဖြစ်မှာစိုးရိမ်မိလာတယ် ။

76270f5009b9f2bd14b82151e60f84a0.jpg

#crd photo

B Pyae က ငယ်ရွယ်သူ ပူပူနွေးနွေး single လေးဆိုတော့ feel post တွေလည်း မရေးချင်တော့ဘူးလေ ။ အမှန်က မာမီကဆူလို့ ပါ ခ်ခ် ။

အခု B Pyae ရေးမှာက အိမ်ကလူကြီးတွေပြောနေကြတဲ့ မန်းလေးမြို့မှာ သွားလာရမလုံခြုံဖြစ်ရတဲ့အကြောင်းနဲ့ စက်စပ်ပြီး B Pyae ရဲ့အထင်အမြင်လေးကို ရေးပြချင်တာပါ ။

B Pyae သုံးသပ်တာဟာ မှန်ချင်မှလဲ မှန်မှာပါ ။ ဆက်စပ်တွေးမိတဲ့ အတွေးကို စတီးမစ်ပိုစ့်အဖြစ် အသွင်ပြောင်းရေးတာလို့ ဘဲ မြင်ပေးကြပါရှင် ။

ပြီးခဲ့တဲ့ တပတ်လောက်က ဆက်တိုက်ဆိုသလို ဓားထိုးလုယက်မှုတွေဟာ လူမြင်ကွင်းတွေမှာဘဲ လုယက်အကြမ်းဖက်ခံခဲ့ရတာပါ ။

တရားခံတွေကို ဖမ်းဆီးမိလို့  သူတို့ ရဲ့ပုံတွေကို သက်ဆိုင်ရာစခန်းက facebook မှာဖော်ပြတော့လည်း ငယ်ရွယ်သူတွေသာများကြပါတယ် ။ တချို့၃ဦးလောက်ဆို B Pyae ထက်တောင်ငယ်နေပါသေးတယ် ။

စခန်းက မာမီမိတ်ဆွေများပြောပြတာက အသက်မပြည့်လို့ ထောင်ကိုပို့မရဘဲ လူငယ်သင်တန်းကျောင်းကိုပို့ထားရတယ်လို့ သိရပါတယ် ။

နောက်တခုက သူတို့တွေရဲ့ မိဘဆွေမျိုးများကို ဆက်စပ်မေးတော့လည်း ခိုးဆိုးလုယက်ခြင်းမျိုး မကျုးလွန်ဘူးဘဲ သူတို့ ကသာကျူးလွန်ထားတာကို သိရပါတယ် ။

သူတို့ဘာကြောင့် ခုလိုရဲတင်းစွာ လုပ်လာကြသလဲဆိုတာကို B Pyae စိတ်ဝင်စားပြီး နောက်ဆက်တွဲတွေကို သို့လော သို့လောနဲ့ တွေးရင်း ဆက်စပ်ကြည့်မိချင်လာတာတယ် ။

အမှန်ကတော့ B Pyae စပ်စုချင်စိတ်တွေဖြစ်လာတာပါ ။ ဆက်ရန်ကို မနက်ဖန်ကျ ဆက်ရေးမယ်နော် ။

@pyaesonekhinkhin

MSC 021

Sort:  

လိုချင်တပ်မက်စိတ်ကို မထိန်းချုပ်နိုင်သေးတာရယ်,ငယ်သေးတော့ အတွေးအခေါ်ရင့်ကျက်မှု့မရှိတာတွေရယ်ကြောင့် ထင်တာပဲ။

ကိုယ်​​တောင်​ စပ်​စပ်​စုစု သိချင်​မိတယ်​ ဘာလို့ ငယ်​ငယ်​​လေး​တွေနဲ့ လူဆိုးသခိုး ဖြစ်​​နေလဲဆိုတာကို

ဟီး အဖော်ရပီ

ဒါလည်းစိတ်​၀င်​စားစရာမို့...ဆက်​ရန်​ဖတ်​ဖို့​စောင့်​​နေမယ်​...

ဟုဟုမမ

စိတ်ကြွရူးသွပ်ဆေးပြားတစ်မျိုးမျိုး သုံးစွဲတယ်လို့ ထင်မြင်မိပါတယ် နပြည့်ရေ

ဟုတ်မာပါမမစုရယ်

အထက်​​ကျောင်း​တွေမှာ​တောင်​​ဆေး ပြား​တွေမိ​နေတာပြည့်​​ရေ။အခု​ခေတ်​ကအဲဒါ​တွေသုံကြတာများလို့ဒုစရိုက်​မှူ​တွေများလာတယ်​ထင်​ရတာပဲ။

ပေါချင်တိုင်းပေါနေကြတာခုက

လူတွေပြောပြောနေတဲ့ F A တာ အမြဲတမ်းတစ်ယောက်တည်း ရှိနေတတ်တဲ့ လူပျိုဂျီး အပျိုဂျီးတွေကို ပြောတာလား အဲဒါဆိုရင်တော့ နင်လည်း Forever Alone ဖြစ်နေအုံးမယ် ☺☺☺
လူငယ်တွေ လု ယက် ခိုး ဆိုး နေတာက အဓိက မူးယစ်ဆေးရဲ့ သားကောင်တွေ ဖြစ်နေကြလို့ပဲ ငပြည့်ရေ...

သူညားရေးမာကို လာလာပီး အဆုံးသတ်ကြနဲ့အေ ခ်ခ်

‌ရေးတတ်‌ပါ‌ပေ့ ၊ပူပူ‌နွေး‌နွေး single‌လေးဆို‌တော့ ။ မိုက်‌တယ်‌ဟ

ခွေးပစ်​ဒုတ်​​လောက်​​တောင်​ မရှိ​သေးဘူး ​ဆေးလိပ်​နဲ့ ကွမ်းနဲ့ ကြားထဲ ဘီယာပါ ချ​နေကြတယ်​......။ ​ရှေ့​ရေး ရင်​​လေးမိတယ်​ တကယ်​။

ဟုပ အရက်သောက်ပီး လမ်းပေါ်ပုလင်းခွံလွှင့်ပစ်တာဂုဏ်ယူနေကြတာ

စပ်စုချင်လာပီ

B Pyae Mediaဆိုပြီး ဂျာနယ်လစ်ဆိုက်ထောင်မို့စဉ်းစားနေပြီလား😁😁😋

ထောင်မို့ လုပ်တာ ဆီပုံးပါဆို သိသားနက်အေ 😢

😂😂😂