စပ်စုစိန်B Pyae …… ၁
Steemit post တွေနေ့တိုင်းရေးတင်ရမှာဆိုတော့ ကိုယ်ရေးတဲ့ post တွေကို အကြောင်းအရာတွေ မထပ်စေချင်မိတော့ စဉ်းစားရေးရတာပေါ့ ။
B Pyae ရဲ့ နေ့စဉ်အဖြစ်အပျက်တွေကို ရေးတင်ရတာလဲ B Pyae ကိုယ်တိုင်ကို ငြီးငွေ့သလိုခံစားရတော့ စာဖတ်သူအကိုအမတွေလဲ B Pyae လိုဘဲဖြစ်မှာစိုးရိမ်မိလာတယ် ။
#crd photo
B Pyae က ငယ်ရွယ်သူ ပူပူနွေးနွေး single လေးဆိုတော့ feel post တွေလည်း မရေးချင်တော့ဘူးလေ ။ အမှန်က မာမီကဆူလို့ ပါ ခ်ခ် ။
အခု B Pyae ရေးမှာက အိမ်ကလူကြီးတွေပြောနေကြတဲ့ မန်းလေးမြို့မှာ သွားလာရမလုံခြုံဖြစ်ရတဲ့အကြောင်းနဲ့ စက်စပ်ပြီး B Pyae ရဲ့အထင်အမြင်လေးကို ရေးပြချင်တာပါ ။
B Pyae သုံးသပ်တာဟာ မှန်ချင်မှလဲ မှန်မှာပါ ။ ဆက်စပ်တွေးမိတဲ့ အတွေးကို စတီးမစ်ပိုစ့်အဖြစ် အသွင်ပြောင်းရေးတာလို့ ဘဲ မြင်ပေးကြပါရှင် ။
ပြီးခဲ့တဲ့ တပတ်လောက်က ဆက်တိုက်ဆိုသလို ဓားထိုးလုယက်မှုတွေဟာ လူမြင်ကွင်းတွေမှာဘဲ လုယက်အကြမ်းဖက်ခံခဲ့ရတာပါ ။
တရားခံတွေကို ဖမ်းဆီးမိလို့  သူတို့ ရဲ့ပုံတွေကို သက်ဆိုင်ရာစခန်းက facebook မှာဖော်ပြတော့လည်း ငယ်ရွယ်သူတွေသာများကြပါတယ် ။ တချို့၃ဦးလောက်ဆို B Pyae ထက်တောင်ငယ်နေပါသေးတယ် ။
စခန်းက မာမီမိတ်ဆွေများပြောပြတာက အသက်မပြည့်လို့ ထောင်ကိုပို့မရဘဲ လူငယ်သင်တန်းကျောင်းကိုပို့ထားရတယ်လို့ သိရပါတယ် ။
နောက်တခုက သူတို့တွေရဲ့ မိဘဆွေမျိုးများကို ဆက်စပ်မေးတော့လည်း ခိုးဆိုးလုယက်ခြင်းမျိုး မကျုးလွန်ဘူးဘဲ သူတို့ ကသာကျူးလွန်ထားတာကို သိရပါတယ် ။
သူတို့ဘာကြောင့် ခုလိုရဲတင်းစွာ လုပ်လာကြသလဲဆိုတာကို B Pyae စိတ်ဝင်စားပြီး နောက်ဆက်တွဲတွေကို သို့လော သို့လောနဲ့ တွေးရင်း ဆက်စပ်ကြည့်မိချင်လာတာတယ် ။
အမှန်ကတော့ B Pyae စပ်စုချင်စိတ်တွေဖြစ်လာတာပါ ။ ဆက်ရန်ကို မနက်ဖန်ကျ ဆက်ရေးမယ်နော် ။
MSC 021
လိုချင်တပ်မက်စိတ်ကို မထိန်းချုပ်နိုင်သေးတာရယ်,ငယ်သေးတော့ အတွေးအခေါ်ရင့်ကျက်မှု့မရှိတာတွေရယ်ကြောင့် ထင်တာပဲ။
ကိုယ်တောင် စပ်စပ်စုစု သိချင်မိတယ် ဘာလို့ ငယ်ငယ်လေးတွေနဲ့ လူဆိုးသခိုး ဖြစ်နေလဲဆိုတာကို
ဟီး အဖော်ရပီ
ဒါလည်းစိတ်ဝင်စားစရာမို့...ဆက်ရန်ဖတ်ဖို့စောင့်နေမယ်...
ဟုဟုမမ
စိတ်ကြွရူးသွပ်ဆေးပြားတစ်မျိုးမျိုး သုံးစွဲတယ်လို့ ထင်မြင်မိပါတယ် နပြည့်ရေ
ဟုတ်မာပါမမစုရယ်
အထက်ကျောင်းတွေမှာတောင်ဆေး ပြားတွေမိနေတာပြည့်ရေ။အခုခေတ်ကအဲဒါတွေသုံကြတာများလို့ဒုစရိုက်မှူတွေများလာတယ်ထင်ရတာပဲ။
ပေါချင်တိုင်းပေါနေကြတာခုက
လူတွေပြောပြောနေတဲ့ F A တာ အမြဲတမ်းတစ်ယောက်တည်း ရှိနေတတ်တဲ့ လူပျိုဂျီး အပျိုဂျီးတွေကို ပြောတာလား အဲဒါဆိုရင်တော့ နင်လည်း Forever Alone ဖြစ်နေအုံးမယ် ☺☺☺
လူငယ်တွေ လု ယက် ခိုး ဆိုး နေတာက အဓိက မူးယစ်ဆေးရဲ့ သားကောင်တွေ ဖြစ်နေကြလို့ပဲ ငပြည့်ရေ...
သူညားရေးမာကို လာလာပီး အဆုံးသတ်ကြနဲ့အေ ခ်ခ်
ရေးတတ်ပါပေ့ ၊ပူပူနွေးနွေး singleလေးဆိုတော့ ။ မိုက်တယ်ဟ
ဟီးး
ခွေးပစ်ဒုတ်လောက်တောင် မရှိသေးဘူး ဆေးလိပ်နဲ့ ကွမ်းနဲ့ ကြားထဲ ဘီယာပါ ချနေကြတယ်......။ ရှေ့ရေး ရင်လေးမိတယ် တကယ်။
ဟုပ အရက်သောက်ပီး လမ်းပေါ်ပုလင်းခွံလွှင့်ပစ်တာဂုဏ်ယူနေကြတာ
စပ်စုချင်လာပီ
😂😂😂
B Pyae Mediaဆိုပြီး ဂျာနယ်လစ်ဆိုက်ထောင်မို့စဉ်းစားနေပြီလား😁😁😋
ထောင်မို့ လုပ်တာ ဆီပုံးပါဆို သိသားနက်အေ 😢
😂😂😂