iPhone 2018

in #apple8 years ago

Apple ဟာ ဒီနှစ်မှာ iPhone အသစ် ၃ မျိုးကို မိတ်ဆက်သွားမယ်ဆိုတာကို လူတိုင်သိပြီးဖြစ်မှာပါ။ အခုအချိန်မှာတော့ အဆိုပါ iPhone အသစ် ၃ မျိုး ထဲက ဈေးအပေါဆုံးဖြစ်မယ့် 6.1″ LCD Display နဲ့ iPhone ရဲ့ ဒီဇိုင်းပုံတွေထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။.IMG_20180626_194622.jpg

အခု 6.1″ Display တပ်ဆင်ထားတဲ့ iPhone အသစ်ဟာဆိုရင် ယခင် iPhone X ထက််ပိုပြီး ကြီးမားတယ်လို့ ပြောလို့ရပြီးတော့ ဖုန်းရဲ့အရှေ့ပိုင်းအောက်ဖက်မှာ ဘောင်အနည်းငယ်ပိုပြီးထူနေတာကို တွေ့ရပါတယ်။ ဖုန်းရဲ့ အရှေ့ဖက် အပေါ်မှာတော့ Face ID စနစ်ပါဝင်တဲ့ Notch ပါဝင်မှာပါ။
IMG_20180626_194631.jpg
နောက်ကျောဘက်မှာကတော့ Dual Camera ကို သုံးထားတာ မတွေ့ရပဲ Single Camera ကိုပဲ အသုံးပြုထားတာကို တွေ့ရပါတယ်။ အဲ့ဒီအတွက် Apple ကနေ Screen မှာတင် LCD Display သုံးပြီး ဈေးနှုန်းသက်သာအောင် လုပ်တာတင်မဟုတ်ပဲ Camera မှာပါ လျော့ထားမယ့်ပုံပါပဲ။

ကျန်တဲ့အချက်တွေကတော့ မနှစ်က iPhone X လိုမျိုးပဲ Glass Body ကြောင့် Wireless Charging တွေပါဝင်လာမှာဖြစ်ပါတယ်။ Apple ကတော့ အခု LCD Display နဲ့ iPhone ကို ဒေါ်လာ ၆၅၀ ဝန်းကျင်နဲ့ ရောင်းချသွားဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.059
BTC 70687.69
ETH 2153.91
USDT 1.00
SBD 0.51