သံသရာ

in #artzone6 years ago

သံသရာ

ဒီနေ့ကိုရင်ဆိုင် မနက်ဖြန်တွေကိုကြိုဆိုရင်း
ငါတို့အသက်တွေ အိုမင်းလာပြီ. . . . .

နေဖို့ထက်သေဖို့ခက်နေတဲ့
လောကဒဏ်တွေကို အံတုရင်း
ငါတို့တွေရဲ့ရင်မှာ
အတ္တတွေဘယ်လောက်တောင်ခိုအောင်းနေပြီလဲ??

သံသရာဟာ တစ်ပတ်လည်ပြီးရင်တောင်
ကိုယ်ကိုယ်တိုင် မရပ်တန့်သ၍တော့
ပြီးဆုံးသွားမှာ မဟုတ်ဘူးလေ. . . . .

ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာနဲ့အတူ
မကုန်ဆုံးနိုင်တဲ့ စိတ်ခံစားချက်တွေကိုဖက်တွယ်ရင်း
မနက်ဖြန်မှာ သေသွားခဲ့ရင်
ငရဲမင်းကဟားတိုက်ရယ်မောနေလိမ့်မယ်. . . . .
ပျမ်းမျှရှင်သန်ခြင်းရဲ့ ထက်ဝက်ကို
မကောင်းတဲ့အကုသိုလ်တွေနဲ့
ငါတို့တွေရှင်သန်ပျော်မွေ့ပြီးသွားပြီ. . . . .

နောင်တမရပါနဲ့
မနက်ဖြန်မှာ သေခြင်းတရားက
ကိုယ့်ဆီရောက်လာရင်ဆိုတဲ့အတွေးနဲ့
ဒီနေ့မှာ အကောင်းဆုံးရှင်သန်ရင်းး
ရသလောက်ကုသိုလ်တွေကို
သင့်အိတ်ထဲကို ကောက်ထည့်သွားလိုက်ပါ. . .။

ပထမသပြေကန်ဆရာတော်ကြီးအား ပူဇော်ဖွဲ့
(အဂ္ဂမဟာပဏ္ဍိတ ပူဇော်ပွဲတေးထပ်)

ဖလ်မြေရွှေငွေ ဓာတ်ရောင်လွင့်၊
နတ်ဘောင်နှုတ်ဆင့် မြေတွင်ဗဟို၊
မြတောင်သခင့် ရွှေမြင့်မိုရ်တွင်၊
ထေရ်ရှင့်နဂို သမာဓိ။
ပညာရောင်လက် လျှံတက်ထိန်သည်၊
ဉာဏ်စက်ဝရဇိန် ချိန်တိုင်းရွယ်လို့ထိ။ ။

သိက္ခာသီလ တရားမြတ်အရှင်၊
တရားဓာတ်စဉ် စတုပါရိ၊
ဘုရားမြတ်သခင် ယခုအခါရှိလျှင်ဖြင့်
ဥပါလိတို့ အဆင့်အတန်းတွင်။
ဧတဒဂ္ဂံ နှုတ်ဖော်မြွက်၊
ထုတ်ဖော်လျက် မြှောက်စားလေမယ့်ထင်။ ။

နိကာယ်ငါးရပ် လှည့်ပတ်မြင်သည်၊
ပိဋကအပြင် သင်သင်္ကရိုက်ရယ်နဲ့၊
အစဉ်တစိုက် ကျမ်းမြတ်အဆူဆူ၊
ကမ်းခပ်ပါရဂူ…။
ပညာရောင်လင့် နေပွင့်တူသည်၊
ရွှေကျင့်သရဖူ ထိပ်ဆောင်းတင်သင့်လေး။ ။
မကိုဋ်ဦးမို့ တိုက်ဦးတခိုမှာ၊
လှိုင်ကြူးထိုထို ဂုဏ်ပေါင်းဝေလို့လေး။ ။

(သပြေကန်ဆရာတော်ကြီး အရှင်ဝါသေဋ္ဌာဘိဝံသ)

စစ်ကိုင်း ရွှေဟင်္သာဆရာတော်ဘုရားကြီးနှင့် သပြေကန်ဆရာတော်ကြီး

image

@aakk

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57756.99
ETH 3058.42
USDT 1.00
SBD 2.26