📖📖

in #artzone6 years ago

ဒီတစ်ပတ် ပြန်ဖြေပေးဖြစ်တဲ့ မေးခွန်းတချို့

Q 1.
my honourable teacher, I don't know how to say " 1. ကလိမ်ကကျစ်ကျတယ်

  1. ဖင်ခေါင်းမကျယ် နဲ့ရယ်
  2. လေကြီးလေကျယ်လာမပြောနဲ့ "
    Please reply me.

A 1.

  1. He is quite tricky. (OR) He is a fraud.
  2. Don't be so pompus./ Don't be such a snob.
  3. Don't talk big.

Q 2.
He could not help but laugh.
ဆိုတာမျိုးတွေကြဘယ်လိုဘာသာပြန်ရမလဲခင်ဗျာ။

A 2.
မလုပ်ဘဲမနေနိုင်ဘူး
When I saw his face, I couldn't help but laugh.
သူ့မျက်နှာတွေ့တော့ ငါ မရီဘဲ မနေနိုင်ဘူး။
can't help+ Ving လည်းအလားတူပါပဲ။
I can't help falling in love with you.
ကိုယ် မင်းကို မချစ်ပဲ မနေနိုင်ပါ။
He can't help smoking.
သူ ဆေးလိပ် မသောက်ဘဲကို မနေနိုင်ဘူး။

Q 3.
ဆရာ
ဒီနေ့...မျော်လင့်ချက်ကုန်ပြီ...
ကို ဘယ်လိုရေးရမလဲ ဆရာ

A 3.
There is no hope (for) today.

Q 4.
မင်္ဂလာပါဆရာ "မနက်​ဖြန်​တိုင်းဟာ ငါ့ဘဝအတွက်​ ​မျှော်​လင့်​ခြင်းအသစ်​​တွေကို​ပေးတယ်​" ကိုဘယ်​လို​ရေးရမလဲဆရာ။

A 4.
Every new day brings new hope for my life.

Q 5.
အရှိကို အရှိအတိုင်းလက်​ခံဖို့လိုတယ်​ ဆိုတာကို you just need to accept the way it is. လို့ သုံးလို့ရပါသလားရှင့်​။
ကျေးဇူးတင်​ပါတယ်​ရှင့်​။

A 5.
You just need to accept it the way it is. လို့ရေးပါ။

Q 6.
အားတော့နာပါတယ် ဆရာ။
မေးပါရစေ။
ဗိုလ်လောင်းတက္ကသိုလ်မှာ "နေရပ်လိပ်စာယူပြီး နောက်ကြောင်းလိုက်စုံစမ်းတာမျိုး" ရှိပါတယ်။ အဲ့ဒါကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲခင်ဗျ။

A 6.
background check လုပ်တယ်လို့ခေါ်ပါတယ်။
They do a routine background check on the new recruits.
သူတို့ဟာ တပ်သားသစ်တွေရဲ့ နောက်ကြောင်းကို ပုံမှန်စုံစမ်းလေ့ရှိတယ်။

Q 7.
" ​ကျော​ထောက်​​နောက်​ခံ " ကို Eng လို ဘယ်​လို​ရေးရလဲ ဆရာ။

A 7.
backing, support, back up

Q 8.
I can see the irony. က ဘာကို​ပြောတာလဲဆရာ ဝဋ်​လည်​တာကို ​ပြောတာမှတ်​လို့။

A 8.
No.
ဖြစ်သင့်တာမဖြစ် မဖြစ်သင့်တာဖြစ်
အမြီးအမောက်မတည့်တာကိုပြောတာ။
ဖမ်းမိတဲ့သူခိုးက ရဲသားဖြစ်နေတာမျိုး။

Q 9.
ဆရာ
တောမကမြို့မကျ ကိုဘယ်​လို​ပြောလဲရှင့်​။

A 9.
တိုက်ရိုက် ဘာသာပြန်ချင်လို့တော့မရဘူး
His style is neither contemporary nor old-fashioned.
ဒီလိုနီးစပ်အောင်ရေးလို့တော့ရတယ်

He is neither a country bumpkin nor a city slicker.
သူဟာ ခပ်အအတောသားလည်း မဟုတ် မြို့သားလူလည်လည်းမဟုတ်။

Q 10.
ဟုတ်ကဲ့ရှင့်
မြို့တစ်​မြို့ သူ့အ​ခြေအ​နေက မြို့အမည်​ခံပြီး ​တောသာသာပဲရှိတာ
အဲဒီလိုဆိုရင်​​ရောရှင့်​။

A 10.
Though it's called a town, it meets the criteria of a village only.
မြို့လို့ခေါ်ပေမဲ့ တောအဆင့်ပဲရှိတာပါ။

Q 11.
မိဘက ကလေးကို ကျောင်းထားတယ် ကျောင်းစအပ်တယ်ဆိုတာမျိုး ဘယ်လိုသုံးသင့်ပါသလဲ ဆရာရှင့်။

A 11.
enroll သုံးလို့ရပါတယ်
I enroll my son in an international school.

Q 12.
ဆရာရှင့် expatriate ကိုရှင်းပြပေးလို့ရမလားရှင့်။

A 12.
expats လို့လည်း အတိုသုံးကြတယ်
.နိုင်ငံခြားသားတွေ foreigners တွေ။
ကျွန်တော်တို့ကျောင်းမှာ နိုင်ငံခြားသားဆရာတွေကို expat teachers လို့လည်းခေါ်တယ်။

Q 13.
ဆရာ ဝန်ထမ်းသက်သာချောင်ချိရေး စတိုး ကို ဘယ်လိုပြောမလဲ။

A 13.
England မှာတော့ (staff)union shop လို့ခေါ်တယ်။

Q 14.
ကောက်ချက်ချသည် ကိုဘယ်လိုရေးရလဲဆရာ...

A 14.
draw a conclusion
OR
deduce

Q 15.
ဆရာ
` သာတူညီမျှရှိပါ​စေ ´ကို ဘယ်​လို​ပြောရမလဲ ဆရာ
ကိစ္စတစ်​ခုခု လုပ်​တဲ့အခါ ဆုံးဖြတ်​တဲ့အခါ
သာတူညီမျှရှိ​စေဖို့အတွက်​​လေ။

A 15.
Please be fair and square.

Q 16.
''ငါ့အကြောင်းကိုငါသာအသိဆုံးပါ'' ဆိုတာကိုဘယ်လိုပြောရမလဲဆရာ

A 16.
Nobody knows me better than I do.
OR
Only I know about myself best.
OR
Only the wearer knows where the shoe pinches. (ကိုယ့်ဝမ်းနာ ကိုယ်သာသိ)

Q 17.
ဆရာ ပြောင်းလဲချိန် တန်ပြီ ကို
the time is ripe for changing. လို့ ရေးရင်
မှန်ပါသလား တခြားဘယ်လို
ရေးလို့ ရပါသေးလဲ ဆရာ
please.

A 17.
The time is ripe for change.
OR
It's time for change.

Q 18.
ဆရာ လုပ်ငန်းခွင်ထဲမှာ သူ့အလုပ် ငါ့အလုပ် ခွဲခြားပြီး အလုပ်တွက်ကတ်တာကိုဘယ်လိုပြောလဲဆရာ ကျေးဇူးတင်လျှက်ပါ။

A 18.
shirk
slack
ဒီ Verb ၂ခုစလုံးကို အချောင်ခိုတယ်၊ တွက်ကတ်တယ်လို့ပြောချင်ရင်သုံးပါ။

Q 19.
သင်္ဘောတွေ သောင်တင်တာကို ဘယ်လိုရေးလဲဆရာ။

A 19.
The ship runs aground.
to run aground ကိုမှတ်ထားပေါ့။

Q 20.
A battle of sexes ဘယ်လို ဆီလျှော်အောင် ပြန်ရမလဲ ဆရာ ။ ကျေးဇူးပါ

A 20.
"မတပြန် ကျားတပြန်"

ကျားနှင့်မ လွန်ဆွဲမှု၊ ပြသနာများ

battle of the sexes ဖြစ်ရမှာ

Q 21.
ကျေးဇူးတင်ပါတယ်ဆရာ ဒါနဲ့ ကျွန်တော်သိချင်တာလေးတစ်ခုမေးပါရစေ ဆရာ ကျွန်တော်တို့ မြန်မာလို ခွက်ပုန်းခုတ်အရက်သောက်တာနဲ့ညီမျှတဲ့ English လိုအသုံးအနှုန်းလေး သိပါရစေခင်ဗျာ။

A 21.
a secret alcoholic ခွက်ပုန်း
a closet alcoholic လို့လည်းသုံးကြတယ်။

Q 22.
ဆရာ မျက်လုံးမှေးတဲ့သူကိုဘယ်လိုခေါ်လဲအင်္ဂလိပ်လို

A 22.
She has small eyes.
She has chinky eyes.
chink တို့ chinky တို့ကတော့ အနောက်နိုင်ငံတွေမှာ Asian တွေကို နှိမ်သလိုသုံးတဲ့ စကားလုံးတွေဆိုတော့ သတိထားသုံးပေါ့။ သိအောင်သာမှတ်ထားပါ။

Q 23.
Sir အသုံးမကျတဲ့လူကိုidiomလိုဘယ်လိုပြောလဲခင်ဗျ

A 23
good- for-nothing (adjective; noun)
He is a good-for-nothing.
He is good-for-nothing.
He is a good-for-nothing fellow.
ne'er-do-well လို့လည်း အသုံးမကျတဲ့ကောင်ကို သုံးတယ်။

Q 24.
ခုတစ်​မျိုး​တော်​ကြာတစ်​မျိုးလုပ်​တယ်​ကိုဘယ်​လို​ပြောပါသလဲဆရာခင်​ဗျ။

A 24.
blowing hot and cold
fickle-minded တို့ကိုသုံးပါ။
She has been blowing hot and cold about the trip to Korea.
သူဟာ ကိုရီးယားကို ခရီးထွက်ဖို့ဟာကို အမျိုးမျိုး စိတ်ပြောင်းနေတယ်။

Q 25.
ကျေးဇူးပါဆရာ။မိန်းကလေးတွေ "သနေတာ"ကို ဘယ်လိုသုံးရသလဲဆရာ။

A 25.
preen ဆိုတဲ့ Verb ကိုသုံးပါ။
Mya Mya spends ages preening herself before she goes out.
မြမြဟာ အပြင်မသွားခင် သ နေလိုက်တာ အကြာကြီးပါပဲ။

A 26.
ရင်ခံသည် ရင်ခံခြင်း (အစားကြောင့်)
ဘယ်လိုရေးရလဲ ဆရာရှင့်။

A 26.
indigestion= အစာမကြေခြင်း
ရင်ပြည့် ရင်ခံနေတယ်ဆိုရင်တော့ အောက်ကဝါကျတွေကိုသုံးပါ။
I am feeling full in the stomach.
My stomach is feeling full without eating.
ဗိုက်ကြီးပြည့်ဖေါင်းနေရင်တော့ bloated ကိုသုံးပါ။

မေးချင်တာတွေလေးတွေရှိရင် မေးကြပေါ့။ မေးခွန်းမေးခြင်းဟာ ကောင်းတဲ့အကျင့်ပါ။ မမေးခင် ကိုယ်တိုင်လည်း အားထုတ်ပြီး အရင်ရှာဖွေ စဉ်းစား research လုပ်သင့်ပါတယ်။ reasonable ဖြစ်တဲ့မေးခွန်းလေးတွေဆိုရင် အချိန်ရသလောက် ပြန်ဖြေပေးပါတယ်။
image
With love,
@alay1

Sort:  

World of Photography
>Visit the website<

You have earned 5.25 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.05
Server time: 00:08:04
Account Level: 0
Total XP: 41.50/100.00
Total Photos: 8
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64444.96
ETH 3506.53
USDT 1.00
SBD 2.58