✏📒

in #artzone6 years ago

❦ လူ့ဘဝရနေတဲ့အခိုက်မှာ…
အရေးကြီးဆုံးက ကုသိုလ်ရဖို့ပဲ။
တွေးမိတိုင်း လောဘနဲ့ မတွေးမိဖို့၊
ဒေါသနဲ့ မတွေးမိဖို့၊
မျက်စိ၊ နား၊ အသံအာရုံတွေနဲ့
ဆုံတဲ့အခါမှာလည်း …
လောဘမဖြစ်အောင်၊
ဒေါသမဖြစ်အောင်၊
မောဟမဖြစ်အောင်လို့ …
သတိဆောင်ပြီးတော့ သမ္ပဇညတရား
ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး
နေထိုင်ရတယ်။

❦ အရေးကြီးဆုံးက ကိုယ့်စိတ်လေးထဲမှာ
အကုသိုလ်တရားတွေ မဖြစ်အောင်၊
ဖြစ်လာလို့ရှိရင် ဖယ်ရှားသုတ်သင်ဖို့
အရေးကြီးတယ်။
မဖြစ်အောင် ထိန်းတယ်ဆိုတာတောင် …
အကုသိုလ်က ဖြစ်တတ်သေးတယ်။
ဘာဖြစ်လို့တုန်းဆိုတော့ အကျင့်ကြီးပါနေလို့။
လူ့စိတ်က ခေါက်ရိုးကျိုးနေတာ။
အဲဒီခေါက်ရိုးကျိုးနေတာကို …
ဘာနဲ့ကာကွယ်ရမလဲဆိုရင်
ခုနကပြောတဲ့သတိနဲ့ ကာကွယ်ရမယ်။
သတိထားနေရမယ်။

❦ ဘယ်အရာပဲဖြစ်ဖြစ် ဆင်ခြင်တုံတရားဟာ
အင်မတန်ပဲ အရေးကြီးတယ်။
လောကမှာ ဆင်ခြင်မှုစွမ်းအားဖြင့်
အကုသိုလ်တော်တော်များများကို ဖယ်ရှားနိုင်တယ်။
မြတ်စွာဘုရားက " ပဋိသင်္ခါရဗလ " တဲ့။
ဆင်ခြင်မှုစွမ်းအားကို အသုံးချပြီးတော့ …
မိမိရဲ့ သန္တာန်မှာ အကုသိုလ်တွေ မဖြစ်ရအောင်၊
အကုသိုလ်တွေ ဖယ်ရှားနိုင်အောင်၊
ကြိုးစားအားထုတ်ရမယ်လို့ ဟောတာ။

❦ အဲဒီတော့ …
ကိုယ့်ဘဝကို တန်ဖိုးထားတဲ့ပုဂ္ဂိုလ်တိုင်း၊
ကိုယ့်ကိုယ်ကို ဘဝမှာ …
အဆင့်မြင့်သထက်မြင့်ချင်တဲ့ ပုဂ္ဂိုလ်တိုင်း၊
ကြိုးစားကြရမယ်။

❦ ကြီးပွားတိုးတက်ခြင်းရဲ့ အကြောင်းက ဘာလဲ။
အဲဒီကြီးပွားတိုးတက်ခြင်းရဲ့ အကြောင်းတရားတွေကို
မသိသည့်အတွက်ကြောင့် …
မှားမှားယွင်းယွင်းတွေလုပ်ပြီး …
" ကြီးပွားချင်လျက် ဆုတ်ယုတ်သွားရတယ်၊
မြင့်တက်ချင်လျက် နိမ့်ကျသွားကြတယ်။"
" ကောင်းကျိုးချမ်းသာတွေ ရချင်လျက်နဲ့
ဆင်းရဲဒုက္ခနဲ့ တွေ့ကြုံသွားကြရတယ်။ "

❦ ဘုရားပွင့်တဲ့အခါမှာသာ အကြောင်းတရားတွေကို
မှန်မှန်ကန်ကန်သိခွင့်ရတယ်ပေါ့။
တရားဓမ္မတွေကို နာလိုက်ရတဲ့အခါ
လုပ်သင့်တာနဲ့ မလုပ်သင့်တာ
ခွဲခြားပြီးတော့ သိလာတယ်။
ဘယ်လိုတွေးရမယ်၊
ဘယ်လိုစဉ်းစားရမယ်၊
အကုသိုလ်ကို …
ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ …
ဒီနည်းစနစ်တွေကို သိလာတယ်။
ဒီနည်းစနစ်တွေအတိုင်း လိုက်နာကျင့်သုံးခြင်းဖြင့်
ကိုယ့်ဘဝဟာ …
တန်ဖိုးရှိတဲ့ဘဝတစ်ခု ဖြစ်လာနိုင်တာပေါ့။

❦ တရားဆိုတာ လက်တွေ့ကျင့်သုံးရမှာ။
မြတ်စွာဘုရားက " ဘဝအရေးနဲ့ ပတ်သက်ပြီး
ထာဝရတွေး " ဆိုတာ meditation တစ်ခုပဲပေါ့။
အဲဒီ meditation ဟာလည်း လူတိုင်း
လုပ်သင့်တာတစ်ခုပဲ။
ကိုယ့်ဟာကိုယ်နေတဲ့အခါမှာ…
မကြာခဏ စဉ်းစားပေးရမယ့်အရာက
" တို့ဘဝ၊ တို့ရထားတဲ့ ခန္ဓာဆိုတာ
အိုခြင်းသဘောရှိတယ်၊ နာခြင်းသဘောရှိတယ်၊
သေခြင်းသဘောရှိတယ်။
အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတာတွေကို
မလွန်မြောက်သေးဘူး၊ ဘယ်တော့မှ
ကျော်လွှားလို့ ရမှာမဟုတ်ဘူး " ဆိုတာ တွေးပေးရမယ်။

❦ အဲဒီလိုတွေးတောခြင်းဖြင့် ဘာဖြစ်လာသလဲဆိုတော့
သံယောဇဉ်တွေ လျော့ချလာနိုင်တယ်။
အချိန်ဖြုန်းတာတွေ လျော့ချနိုင်တယ်။
အချိန်ရဲ့တန်ဖိုးကို ပိုသိလာတယ်။
" အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတာတွေ မရောက်ခင်
ငါတစ်စုံတစ်ခုလုပ်ရမယ်၊ မလုပ်ရင် ငါ့ဘဝမှာ
ဘာမှ ရလိုက်မှာ မဟုတ်ဘူး။" ဆိုတဲ့ …
သတိစွမ်းအားတွေ တက်လာတယ်။ ဒါအကျိုးပဲ။

❦ ဒီလိုဆင်ခြင်လိုက်လို့ စိတ်ပူပန်မှုတွေ
လျော့ကျသွားပြီးတော့ သတိစွမ်းအား၊
ဥာဏ်စွမ်းအားတွေ ရလာတာဟာ
အင်မတန်မှ ကြီးမားတဲ့ အကျိုးတစ်ခုပဲ။
ဒီလိုစိတ်ကလေးဖြစ်ဖို့ဆိုတာ
အင်မတန်မှ ခဲယဉ်းတယ်။
ဒါကြောင့် ဒီလိုစိတ်ဖြစ်လာအောင်
သတိဆောင်ကြရမှာ ဖြစ်တယ်။

❦ နောက်တစ်ခုဆင်ခြင်စဉ်းစားရမှာက
" ကမ္မဒါယာဒ "
ကောင်းတာလုပ်ရင်လည်း ကောင်းတဲ့အမွေ၊
မကောင်းတာလုပ်လည်း မကောင်းတဲ့အမွေ၊
ငါပဲရမှာပဲလို့။
ကိုယ်လုပ်သမျှဟာ ကိုယ်နဲ့သာ သက်ဆိုင်တယ်။

❦ ဒီလိုဆင်ခြင်စဉ်းစားပေးခြင်းဖြင့် …
မကောင်းတာ မလုပ်ဖြစ်တော့ဘူး။
ကောင်းတာတွေကိုကြိုးစားပြီး လုပ်ဖြစ်လာတယ်။
ဒါဟာ ကြီးမားတဲ့ အမြတ်ကြီး တစ်ခုပဲ။

❦ နောက်တစ်ခုဆင်ခြင်သင့်တာက
မိသားစုနဲ့ပဲနေနေ၊
မိတ်ဆွေသင်္ဂဟတွေနဲ့ပဲနေနေ၊
ပစ္စည်းဥစ္စာတွေ ပိုင်ဆိုင်တာပဲဖြစ်ဖြစ်
တစ်နေ့ကျရင် ငါနဲ့ခွဲခွာရမှာပဲလို့၊
ဒီသဘောကို ဆင်ခြင်စဉ်းစားပေးရမယ်တဲ့။

❦ အဲဒီလိုဆင်ခြင်စဉ်းစားပေးခြင်းဖြင့်
တွယ်တာမှုတွေကို လျော့ချပေးတယ်။
တွယ်တာမှုကို လျော့ချပေးလိုက်နိုင်တာနဲ့
တစ်ပြိုင်တည်း သောကဆိုတာ လျော့ကျသွားတယ်။

❦ မြတ်စွာဘုရားကတော့ အားလုံးခြုံငုံမိအောင်
သတိပဋ္ဌာန်တရားမှာ " ကာယာနုပဿနာ၊
ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ " လို့
" အနုပဿနာအာရုံ လေးမျိုးပေးထားတယ်။

❦ ခုနပြောတဲ့ ကိုယ့်ရဲ့သဘာဝတွေကို
ဆင်ခြင်စဉ်းစားတယ်ဆိုတာ အများအားဖြင့်
" ဓမ္မာနုပဿဿနာ " ထဲမှာ အကုန်အကျုံးဝင်တယ်။
အဲဒါကြောင့် အဖန်ဖန်အထပ်ထပ်
ဆင်ခြင်သုံးသပ်ခြင်းဆိုတဲ့ contemplation ဟာ
ဘဝမှာ အင်မတန် တန်ဖိုးရှိတယ်။
ပင်ပန်းတဲ့အရာလည်း မဟုတ်ဘူး။

【ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
" ကုသိုလ်ဖြစ်ပွားနှလုံးသွင်းတရား " မှ】

❝ အပ္ပမာဒေန သမ္မာဒေထ ❞
☘ရွှင်လန်း☘ချမ်းမြေ့☘ပါစေ☘
image

@elay

Sort:  

World of Photography
>Visit the website<

You have earned 5.45 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.09
Server time: 03:03:03
Account Level: 0
Total XP: 79.25/100.00
Total Photos: 15
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 60793.30
ETH 3356.37
USDT 1.00
SBD 2.48