သေပြီးနောက်
ဝိမုတ္တိ တပတ်ပြန်လည်လာတဲ့ ခေတ်မှာ ဘယ်ဘာသာ ဘယ်နိုင်ငံ ဘယ်အကြမ်းဖက်မှ ဗုဒ္ဓဘာသာကို မဖျက်ဆီးနိုင်ပါဘူး|
ဘာကြောင့်လည်း တရားကျင့်ကြံပြီး သောတာပန်-သကဒါဂါမ်-အနာဂါမ်-ရဟန္တာတွေ လှို င်လှို င်ပေါ်ထွန်းအုံးမှာပါ ဘယ်လောက်ဆိုးတဲ့ အကြမ်းဖက်ဖြစ်ဖြစ် ဘာမှလုပ်မရနိုင်ပါဘူး ကိုယ့်အလုပ်ကိုယ်လုပ်နေဖို့ပါပဲ|
ကိုယ်ဒါ ဒီတရားကိုနှလုံးသွင်းနေရင် သာသနာကို စောင့်ရှောက်နေတာပါပဲ ဗုဒ္ဓဘာသာကို ကာကွယ်နေတာပါပဲ။
ပုထုဇဉ်ပုဂ္ဂိုလ်များအတွက် ကြိုတင်မသိနိုင်သော ဋ္ဌာန (၅)မျိုး
ဇီဝိတံ ဗျာဓိ ကာလောစ၊ ဒေဟ နိက္ခေပနံ ဂတိ။
ပဉ္စတေ ဇီဝလောကသိံ္မ ၊ အနိမိတ္တာ န နာယရေ။
( ဝိသုဒ္ဓိမဂ် - ပ - ၂၂၈)
ဇီဝိတံ=အသက်တိုရှည် မည်မျှနေရမည်လည်းကောင်း၊
(ဝါ) ကြီးကြီးငယ်ငယ် ဘယ်အရွယ်၌ သေနယ်သို့ရောက် သေပျောက်ရမည့် အသက် အပိုင်းအခြားလည်းကောင်း၊
ဗျာဓိ=မည်သည့်ရောဂါ မည်သည့်အနာဖြင့် သေရွာသို့ရောက် သေပျောက်ရမည့် အနာလည်းကောင်း၊ (ဝါ) အဆုတ်ကင်ဆာ သွေးကင်ဆာနှင့် များစွာမျိုးမျိုး ရောဂါဆိုးတို့ ဝင်တိုးရောက်လာ သေပျောက်ရမည့် အနာလည်းကောင်း၊
ကာလောစ=ဥတု, လ, ရက် ချင့်တွက်ဆကာ သေဆုံးရမည့် အခါကာလလည်းကောင်း၊ (ဝါ) ညဉ့်နေ့နံနက် ချင့်တွက်ဆကာ သေဆုံးရမည့်အခါကာလလည်းကောင်း၊
ဒေဟနိက္ခေပနံ=မြို့တောဌာနီ မြိုင်တောဆီဟု မည်သည့်ရပ်ဌာန် မြေသုသာန်တည်းဟူသော မြှုပ်နှံရမည့်အရပ်လည်းကောင်း၊
ဂတိ=ဒေဝ မနုဿ-နိရယနှင့် ပေတ တိရစ္ဆာန် ငါးတန်အရှိ လားရောက်ရမည့် ဂတိလည်းကောင်း၊
ဧတေပဉ္စ=မုချမသွေ ဖြစ်ရချေမည့် ဤငါးထွေသော အရာတို့ကို၊
ဇီဝလောကသ္မိံ=အသက်ခေါ်ထွေ ဇီဝိတိနြေ္ဒကို မှီနေကြရ သတ္တလောကကြီး၌၊
အနိမိတ္တာ=သိနိုင်ဖွယ်ရာ ခြင်းရာအရိပ် အကြောင်း နိမိတ် မရှိကြကုန်သည်ဖြစ်၍၊
နနာယရေ=ဘယ်ရွယ်ဘယ်နာ ဘယ်ခါဘူမိ ဘယ်ဂတိဟု မသိနိုင်ကြလေကုန်။
(၁) ဇီဝိတံ - ဘယ်အသက် ဘယ်အရွယ်မှာ သေရမလဲ?
(၂) ဗျာဓိ - ဘယ်လိုရောဂါ ဘယ်လိုအနာနဲ့ သေရမလဲ?
(၃) ကာလ - မနက်လား? ညနေလား? ဘယ် အချိန်မှာ သေရမလဲ?
(၄) ဒေဟနိက္ခေပနံ - ဘယ်သင်္ချိုင်းမှာ မြေမြုပ် မီးရှို့ခံရမလဲ?
(၅) ဂတိ - သေပြီးတဲ့အခါ အပါယ်လေးပါး,လူ, နတ်,ဗြဟ္မာ
ဘယ်ဘဝကိုရောက်ရမလဲ?
{၁} မိမိအသက် သေမည့်ရက် သေချာတိကျ မသိနိုင်။
{၂} မည်သည့်ရောဂါ သေရမှာ သေချာတိကျ မသိနိုင်။
{၃} မည်သည့်ချိန်ခါ သေရမှာ သေချာတိကျ မသိနိုင်။
{၄} မည်သည့်နေရာ သေရမှာ သေချာတိကျ မသိနိုင်။
{၅} သေပြီးနောက်မှာ ဘယ်ရောက်မှာ သေချာတိကျ မသိနိုင်။
ယောနိသောမနသီကာရ ဖြစ်နိုင်ကြပါစေ။
![image](https://img.esteem.ws/w5fjc5fige.jpg)
@flay