"ဝိဘဇ္ဇလုပ်မိခြင်း"
in #artzone6 years ago
"ဝိဘဇ္ဇလုပ်မိခြင်း"
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးဟာ သာဝတ္ထိပြည်မှာ ဆွမ်းခံကြွစဉ် ဒိဋ္ဌိအယူရှိတဲ့ အစေဠကဿ ဖ အမည်ရှိသော ပုဂ္ဂိုလ်က မြတ်စွာဘုရားကို မေးလျှောက်ပါတယ်|
၁။ခန္ဓာငါးပါး ဒုက္ခသစ္စာတရားဟာ မိမိပြုတာလား?
၂။ခန္ဓာငါးပါး ဒုက္ခသစ္စာတရားဟာ သူတပါးပြု တာလား?
၃။ခန္ဓာငါးပါး ဒုက္ခသစ္စာတရားဟာ မိမိ သူတပါး နှစ်ဦးသားပေါင်းလုပ်မိလို့ ဒုက္ခရောက်တာပါလား?
၎။သို့မဟုတ် ခန္ဓာငါးပါးဒုက္ခသစ္စာကြီးဟာ သူ့အလိုလို ရောက်လာတာလား? ဆိုပြီးတော့ မေးလာပါတယ်|
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက အစေဠကဿ ဖမေးတဲ့မေးခွန်း လေးခုလုံးကို ပယ်ချလိုက်ပါတယ်|
အစေဠကဿ ဖ မင်းမေးတဲ့မေးခွန်း လေးခုလုံးကြောင့် ဒုက္ခရောက်တာ တခုမှမဟုတ်ဘူးဟေ့ ဆိုပြီးပြောလိုက်ပါတယ်
ကျွန်တော်တို့ ဓမ္မမိတ်ဆွေတွေရော မြတ်စွာဘုရား ပြောလိုက်သော တခုမှမဟုတ်ဘူးဆိုတော့ ဒီခန္ဓာငါးပါးဒုက္ခသစ္စာကြီးဟာ
ဘယ်သူကလုပ်လို့ရပါသလဲ?
ဘယ်ဝါ့ကြောင့် ဒုက္ခရရတာပါလဲ?ဆိုတာကို အဖြေရှာကြည့်ကြရအောင်ပါခင်ဗျာ။
ကျွန်တော်နောက်ရက် အကြောင်းညီညွတ်ခဲ့ရင် ထပ်ပြီး တင်ပါအုံးမည်ခင်ဗျာ။
အာကာသသိမ်​နှင့်​ ဆက်​စပ်​၍ ​မေးမြန်းထား​သော
အရှင်​မြတ်​၏ ​မေးခွန်းကို ​ဖြေကြားလိုက်​ပါသည်​ဘုရား။
=============================
ရှေးဦးစွာ ​ချောက်​မြို့၊ မဟာဝိဇိတာရုံ၊ ဆင်​ဖြူကျွန်းဆရာ​တော်
ဘဒ္ဒန္တ ဉာဏိန္ဒ(အဂ္ဂမဟာပဏ္ဍိတ)နိုင်​ငံ​​တော်​သံဃမဟာနာယက
အဖွဲ့ဝင်​ဆရာ​တော်​မ​ထေရ်​မြတ်​ ရေးသား​တော်​မူ​သော
"သိမ်​နုတ်​ သိမ်​သမုတ်​ နည်းမျိုးစုံကျမ်းမဟာ"မှ ​ကောက်​နှုတ်
ဖြေကြားပါ့မည်​ဘုရား။
ပြာသာဒ်​​ဆောင်​၌ ဥပရိပါသာဒသိမ်​ သမုတ်​ပုံ
••••••••••••••••••••••••••••••••••••••••
......... ဤ၌ ပြာသာဒ်​ဟူသည်​ နှစ်​ထပ်​ သုံးထပ်​ရှိ​သော
ကျောင်းကို ဆိုလို​ပေသည်​။ထို​ကျောင်းမျိုး၌ အ​ပေါ်ထပ်​တွင်
သမုတ်​​သောသိမ်​ကို ဥပရိပါသာဒသိမ်​ဟု​ခေါ်သည်​။
ထိုသို့ ​ကျောင်းအ​ပေါ်ထပ်​၌ သိမ်​သမုတ်​ရာတွင်​ နံရံကို
နိမိတ်​မကြားဘဲ နံရံအတွင်းဘက်​က (​၆) လက်​မ,(၁)ပေ
စသည်​ခွာ၍ အထက်​ထပ်​ကြမ်းပြင်​​ပေါ်၌ ​ကျောက်​နိမိတ်​ကိုထား၍
သမုတ်​ရ​လေသည်​။
အကယ်​၍ နံရံအတွင်း၌ သံဃာ(၂၁)ပါး မ​နေ​လောက်​လျှင်
ဆင်​ဝင်​၌ နိမိတ်​တို့ကိုထား၍လည်း သမုတ်​နိုင်​၏။
ယင်းသို့ သမုတ်​လျှင်​ အထက်​ထပ်​၌သာ သိမ်​ဖြစ်​၍
အောက်​ထပ်​သို့ သိမ်​မသက်​ပါ။
ထိုတွင်​ နံရံ​လေးဘက်​အတွင်း၌ နိမိတ်​ထား၍ သမုတ်​ရာ၌
အောက်​သို့ သိမ်​သက်​စရာမရှိဘဲ ဟင်းလင်းဖြစ်​​နေ​သော​ကြောင့်
အောက်​သို့ မသက်​​ရောက်​ခြင်းဖြစ်​သည်​။
ဆင်​ဝင်​၌ နိမိတ်​ထား၍ သမုတ်​ရာ၌ကား ​ကျောင်းနှင့်​ဆင်​ဝင်
ကြားတွင်​ရှိ​သော နံရံသည်​ ​အောက်​ထပ်​နှင့်​ဆက်​​နေ​သော်​လည်း
ယင်း နံရံ​ပေါ်၌ သံဃာ(၂၁)ပါး မ​နေ​လောက်​​သော​ကြောင့်
သိမ်​မသက်​​ရောက်​ခြင်းဖြစ်​သည်​။
နံရံ၏ အထက်​ပိုင်းအရပ်​ကား သီမဋ္ဌပင်​ဖြစ်​၏။
အကယ်​၍ သိမ်​သမုတ်​မည့်​​နေရာ ​အောက်​ထပ်​၌ တိုင်​များရှိ၍
ထိုတိုင်​တို့၏ အ​ပေါ်တွင်​ ထုပ်​,​လျှောက်​တင်​၍ ယင်း ထုပ်​,
လျှောက်​တို့နှင့်​ တစ်​ဆက်​တည်းပြုကာ အ​ပေါ်ထပ်​ကို
ဆောက်​ထားအံ့။ ထိုသို့ ​ဆောက်​ရာ၌ -
{၁} ​အောက်​ထပ်​ နံရံတို့သည်​ အထက်​ထပ်​တွင်​ သမုတ်​မည့်​သိမ်​၏
ကျောက်​နိမိတ်​အတွင်း၌ ​ရောက်​ရှိ​နေခြင်း။
{၂} ထို ​အောက်​ထပ်​ နံရံသည်​ ​လေးဘက်​​လေးတန်​လုံး၌ရှိခြင်း။
{၃} ထို နံရံ​လေးဘက်​၏ အတွင်းအရပ်​သည်​ သံဃာ(၂၁)ပါး
စည်း​ဝေး​လောက်​ခြင်းအားဖြင့်​ အင်္ဂါသုံးပါးနှင့်​ပြည့်​စုံ​သော
အထက်​အရပ်​၌ သမုတ်​အပ်​​သောသိမ်​သည်​ ​အောက်​ထပ်​သို့
သက်​​ရောက်​၍ ​အောက်​ထပ်​ပါ သိမ်​ဖြစ်​​လေသည်​။
ထိုသို့ သက်​​ရောက်​ရာ၌ ​အောက်​ထပ်​ နံရံပြင်​ဘက်​စွန်း
ရှိသ​လောက်​သာ သိမ်​သက်​​ရောက်​သည်​။
နံရံပြင်​ဘက်​စွန်း၏ အပြင်​ဘက်​သို့ တစ်​ဆံခြည်​ဖျားမျှပင်
သိမ်​ မသက်​​ရောက်​​ပေ။
အောက်​ထပ်​၌ တိုက်​ကြီးတစ်​တိုင်​ စသည်​ဖြင့်​ ​ဆောက်​အပ်​​သော
တစ်​ပင်​တိုင်​ ပြာသာဒ်​​ဆောင်​မျိုး ဖြစ်​အံ့။ ထိုတိုင်​​ပေါ်၌ သံဃာ
(၂၁)ပါး စည်း​ဝေး​လောက်​လျှင်​ ​အောက်​ထက်​သို့ သိမ်​သက်​သည်​။
သံဃာ(၂၁)ပါး မစည်း​ဝေး​လောက်​လျှင်​ သိမ်​မသက်​ပါ။
"နိယျူဟက"​ခေါ် ပြာသာဒ်​နံရံ၏ အပြင်​ဘက်​သို့ ထုတ်​ထား​သော
ဆင်​စွယ်​​ကောက်​ အ​ဆောင်​ငယ်​၌ နိမိတ်​ကို ချိတ်​ဆွဲထား၍
သမုတ်​အံ့၊ အထက်​ထပ်​တွင်​ သမုတ်​အပ်​​သော သိမ်​အတွင်းဘက်
ကျ​သော ​အောက်​ထပ်​နံရံ ​လေးဘက်​တို့၌ အ​ပေါ်ထပ်​ ထုပ်​,
လျှောက်​တို့နှင့်​ တစ်​ဆက်​တည်းဖြစ်​၍ ​အောက်​ထပ်​၌ သံဃာ
(၂၁)ပါး စု​ဝေး​လောက်​အံ့၊ ထိုသို့ဖြစ်​​သော်​ ​အောက်​ထပ်​သို့
သိမ်​သက်​သည်​။
သံဃာ(၂၁)ပါး မစု​ဝေး​လောက်​​သော်​ သိမ်​မသက်​ပါ။
ဒုတိယအ​နေနဲ့ ဟင်္သာတမြို့ မိုး​ကောင်းဆရာ​တော်​ဘုရားကြီး
ဘဒ္ဒန္တ သုဓမ္မာစာရာဘိဝံသ ( အဂ္ဂမဟာပဏ္ဌိတ/အဂ္ဂမဟာ
ဂန္တဝါစကပဏ္ဌိတ/အဘိဓဇမဟာရဋ္ဌဂုရု/ပိဋကတ္တယပါရဂူ/
ပဉ္စနိကာယဏ္ဏဝပိဋကတ္တယပါရဂူ/နိုင်​ငံ​တော်​ သံဃမဟာ
နာယက ဒုတိယဥက္ကဋ္ဌဆရာ​တော်​)မ​ထေရ်​မြတ်​ ​ရေးသား
တော်​မူ​သော "ဂါမသီမာဒိဝိနိစ္ဆယ"ကျမ်းမှ ​ကောက်​နှုတ်​၍
ဖြေကြားပါ့မည်​ဘုရား။
ဥပရိပါသာဒသိမ်
•••••••••••••••••••
သက်​+တက်​ ဆိုရာ၌ သမုတ်​စဉ်​အခါက 
ရဟန်း(၂၁)ပါး​ နေ​လောက်​သည့်​ သိမ်​ပမာဏရှိ​သော 
နေရာရှိမှ သိမ်​ သက်​နိုင်​/တက်​နိုင်​၏။
သမုတ်​ပြီး​နောက်​မှ ဖြစ်​​ပေါ်လာ​သော သီမဋ္ဌသိမ်​ကား သိမ်​​ပေါ်ရှိ
သို့မဟုတ်​ သိမ်​နှင့်​ဆက်​စပ်​​သော အ​ဆောက်​အအုံမှဖြစ်​​စေ
သစ်​ပင်​သစ်​ကိုင်း စသည်​မှဖြစ်​​စေ မူလဗဒ္ဓသိမ်​နှင့်​ ထိစပ်​သမျှ
သီမဋ္ဌဖြစ်​​တော့၏ ဟု မှတ်​ပါ။
ဗဒ္ဓသီမာယ ဇာတံ ယံကိဉ္စိ ယတ္ထ ကတ္ထစိ၊
ဧကသမ္ဗ​န္ဓေန ဌိတံ သီမာသချာင်္​မေဝ ဂစ္ဆတိ။
(မဟာဝါ - ဋ္ဌ - ၃၂၇)ကို​ထောက်​။
အကယ်​၍ သိမ်​နုတ်​ပြီး အ​ဆောက်​အအုံ​ဆောက်​အံ့၊ 
ထို​ဆောက်​ထား အ​ဆောက်​အအုံ​ပေါ်၌ နံရံကို နိမိတ်​မကြားဘဲ
နံရံအတွင်း၌သာ နိမိတ်​ထားပြီး ကြား၍သမုတ်​ပါက ​အောက်
မြေကြီးသို့ သိမ်​မသက်​ဘဲ အ​ပေါ်ထပ်​၌သာ သိမ်​သက်​​ရောက်
သော ဥပရိပါသာဒ ဖြစ်​​တော့၏။
ထို ဥပရိပါသာဒသိမ်​၌ ​အောက်​သို့ မသက်​နိုင်​သလို နံရံကို
နိမိတ်​မကြားခြင်း သိမ်​ပမာဏ​လောက်​​သော (အထက်​သို့ 
တက်​စရာ)တိုင်​မရှိခြင်းတို့​ကြောင့်​ အထက်​လည်း မတက်​နိုင်
ဟု မှတ်​ပြီး ​အောက်​ပါ အ​မေး/အ​ဖြေတို့ကို ​လေ့လာကြည့်​ပါ။
(​မေး) ​မြေအပြင်​၌ သမုတ်​​သောသိမ်​၊ အထက်​ထပ်​၌သာ
သမုတ်​​သောသိမ်​တို့၌ သိမ်​မနုတ်​ဘဲ သမုတ်​လျှင်​ ဖြစ်​/မဖြစ်
စိစစ်​​ဝေဖန်​ပြပါ။
(​ဖြေ) သိမ်​သမုတ်​မည့်​ ​အောက်​​မြေအ​ပြင်​၌ ဗဒ္ဓသိမ်​​ဟောင်း
ရှိခဲ့​သော်​ သီမာသ​မ္ဗေဒ/သီမာအ​ဇ္စျောတ္ထရဏ ဖြစ်​နိုင်​​သော
ကြောင့်​ သိမ်​မနုတ်​ဘဲ မသမုတ်​သင့်​ပါ။  
{ရှင်းလင်းချက်​} ဝိနယာလင်္ကာရဋီကာ၌ သိမ်​နုတ်​​သော
ပုဂ္ဂိုလ်​တို့အတွက်​ ရှိရမည့်​ အင်္ဂါ(၃)ချက်​ကို ပြဆိုထား၏။
{၁} သိမ်​​ဟောင်း​ပေါ်၌ အနည်းဆုံး ရဟန်း​လေးပါးစု​ဝေးမိခြင်း၊
{၂}သိမ်​​ဟောင်းကို နုတ်​အံ့ဟူ​သော အာ​ဘောဂရှိခြင်း၊
{၃}သိမ်​နုတ်​ ကမ္မဝါစာကို ဖတ်​ခြင်းတို့ ဖြစ်​၏။
အင်္ဂါ(၃)ပါးနှင့်​အညီ သိမ်​နုတ်​ပါမှ သိမ်​​ဟောင်းကျွတ်​၏။
အင်္ဂါ တစ်​ချက်​ချက်​ ပျက်​ကွက်​လျှင်​ သိမ်​​ဟောင်းမကျွတ်​ဘဲ
သိမ်​​ဟောင်းကို မနုတ်​ဘဲ၊ နုတ်​သည့်​တိုင်​အာင်​ သိမ်​​ဟောင်း
မကျွတ်​ဘဲ အ​ပေါ်က သိမ်​သစ်​ ထပ်​မံသမုတ်​ပါက သီမာသ​မ္ဗေဒ/
သီမာအ​ဇ္စျောတ္ထရဏ(စပ်​+လွှမ်း)ဖြစ်​ပြီး အသစ်​ သမုတ်​​သောသိမ်
မ​အောင်​မြင်​​သော​ကြောင့်​ သိမ်​မနုတ်​ဘဲ မသမုတ်​သင့်​။
ဤ​နေရာ၌ သိမ်​ပျက်​/ဝိပ္ပတ္တိသိမ်​ဆိုသည်​မှာ သိမ်​​ဟောင်း
ပျက်​သည်​မဟုတ်​၊ အသစ်​သမုတ်​သော သိမ်​သာ ပျက်​​သော
ကြောင့်​ ​နောက်​​ ​ဆောက်​​သော သိမ်​​ကျောင်းသိမ်​တိုက်​သည်
မကျွတ်​​သော ဗဒ္ဓသိမ်​​ဟောင်း​ပေါ်၌ တည်​ခဲ့​သော 
နောက်​ ​ဆောက်​​သော အ​ဆောက်​အအုံတစ်​ခုလုံး ဗဒ္ဓသီမဋ္ဌသိမ်
ဖြစ်​သွား၍ ၎င်းအ​ပေါ်၌ ကံ​ဆောင်​လျှင်​ ကံ​အောင်​၏။
သို့​သော်​ မပျက်​​သော ဗဒ္ဓသိမ်​အ​ဟောင်းသည်​"ဘယ်​က စတယ်​၊
ဘယ်​အထိ ​ရောက်​တယ်​"ဆိုတာကို မသိရသည့်​အတွက်​​ကြောင့်
"ဝဂ္ဂ​ဘေဒ"မဖြစ်​​အောင်​ ​စောင့်​​ရှောက်​နိုင်​ခဲ၏။
ဘာပဲဖြစ်​ဖြစ်​ အင်္ဂါ(၃)ချက်​နှင့်​ညီ​အောင်​ သိမ်​နုတ်​​သောအခါ
ခပ်​ပိုပို နုတ်​ခြင်းသာ အ​ကောင်းဆုံးဖြစ်​၏။
အချို​သော ​နေရာတို့၌ ဗဒ္ဓသိမ်​​ဟောင်း မရှိနိုင်​​သော်​လည်း
"မိုး မပြိုဘူး၊ ပြိုခဲ့​သော်​"ဟူ​သော သ​ဘောမျိုးဖြင့်​ သိမ်​​ဟောင်း
ရှိ၍ (စပ်​+လွှမ်း)ဖြစ်​ခဲ့​သော်​ သိမ်​ပျက်​ဖြစ်​မှာ စိုးရကား နုတ်​ခြင်း
သာ အ​ကောင်းဆုံးဖြစ်​၏။
နုတ်​​သော အင်္ဂါ၌လည်း အင်္ဂါ(၃)ချက်​ညီဖို့ရာ အထူးအ​ရေးကြီး၏။
အ​ဆောက်​အအုံ ​ဆောက်​​သောအခါ၌လည်း မပျက်​​သော ဗဒ္ဓသိမ်
ဟောင်းကို မိ​အောင်​ သမုတ်​သမျှ ကုန်​​အောင်​​ဆောက်​ခြင်းသာ
အ​ကောင်းဆုံးဖြစ်​၏။
{မေး} အ​ဆောက်​အအုံ မ​ဆောက်​မီ သိမ်​မနုတ်​ဘဲ 
အ​ဆောက်​အအုံ ​ဆောက်​ပြီး အ​ဆောက်​အအုံ​ပေါ်မှ သိမ်​နုတ်​လျှင်
သိမ်​​ဟောင်း ကျွတ်​/မကျွတ်​​ဖြေပါ။
{​ဖြေ} ​ဆောက်​ထား​သော အ​ဆောက်​အအုံ၏ ​အောက်​၌ 
ဗဒ္ဓသိမ်​​ဟောင်း မရှိခဲ့​သော်​ ပြဿနာမရှိ၊ နုတ်​စရာလည်း
ဗဒ္ဓသိမ်​​ဟောင်း​ပေါ်၌ အနည်းနှင့်​အများ ကျ​ရောက်​​နေလျှင်
ထို အ​ဆောက်​အအုံသည်​လည်း ဗဒ္ဓသီမဋ္ဌ သိမ်​ဖြစ်​​နေ၍
အောက်​က ဗဒ္ဓသိမ်​​ဟောင်း ကျွတ်​ပါသည်​။
{ရှင်းလင်းချက်​} ဗဒ္ဓသိမ်​​ဟောင်းသည်​ ဘယ်​က စ၍၊ ဘယ်​မှာ
ဆုံးသည်​၊ အ​ဆောက်​အအုံ​အောက်​ မည်​မျှဝင်​​နေသည်​ကို
မသိနိုင်​သည့်​အတွက်​ နုတ်​​သောအခါ ပတ်​ပတ်​လည်​မှ
သိမ်​နှစ်​လုံးစာ​လောက်​အထိ သံဃာသိမ်း၍ (နယ်​သိမ်း၍)
နုတ်​အပ်​၏။ #သတိပြု။
သိမ်​​ဟောင်း လုံးဝမရှိလျှင်​ကား ​ပြောစရာမရှိပါ။ 
(၃)ယူဇနာအထိ ကျယ်​နိုင်​​သော မဟာသိမ်​ကြီးများ ရှိခဲ့လျှင်​လည်း
လုံးဝ နုတ်​လို့မဖြစ်​နိုင်​ပါ။ သံဃာ မသိမ်းနိုင်​​သော​ကြောင့်​တည်း။
အထူးအားဖြင့်​ ​ရေးလိုသည်​မှာ ​ဆောက်​ထား​သော အ​ဆောက်
အအုံ၏ ​အောက်​၌ ဗဒ္ဓသိမ်​​ဟောင်းနှစ်​လုံး မထိဘဲ နီးနီးကပ်​ကပ်
ရှိ​နေခဲ့​သော်​ အ​ပေါ်က အ​ဆောက်​အအုံသည်​ ဒွိသိမ်​ သီမဋ္ဌ
ဖြစ်​​နေ၍ (နာနာသီမာယ ဌိတစတု​တ္ထော​စေ)စ​သော မဟာဝါပါဠိ
(၄၄၀)အရ ၎င်း အ​ဆောက်​အအုံ၌ ​ဆောင်​ရွက်​​သော
သိမ်​နုတ်​ခြင်းစ​သော ကံကြီးကံငယ်​များ လုံးဝ မ​အောင်​မြင်​ပါ။
#သတိပြု။
သို့​သော်​ ဗဒ္ဓသိမ်​​ဟောင်း နီးနီးကပ်​ကပ်​ နှစ်​လုံးရှိဖို့ အသာထား
တစ်​လုံး ရှိဖို့ပင်​ မလွယ်​ပါ။ ရှိခဲ့ပါဘိတည်း။
ဤ​နေရာဝယ်​ ​မြေ​ပေါ်၌ သိမ်​နုတ်​စဉ်​ မဏ္ဌပ်​ထိုး/ဖျာခင်း
တစ်​ပါးနှင့်​တစ်​ပါး သင်္ကန်းစွန်းချင်း ထိတာကိုပင်​ ဝိနည်း
ကျွမ်းကျင်​ ပညာရှင်​များ မနှစ်​သက်​ကြ။ အ​ကြောင်းကား - 
ထို(နာနာသီမဋ္ဌ)ကို ​ကြောက်​​သော​ကြောင့်​တည်း။
ပဲခူမြို့ "ကလျာဏီသိမ်​ကြီး" သမုတ်​စဉ်​က မဏ္ဌပ်​ထိုး၍ နုတ်​၏ဟု
ကလျာဏီ​ကျောက်​စာ၌ပါ၏။ နာနာသီမဋ္ဌ မရှိနိုင်​ဟု ယုံကြည်
သော​ကြောင့်​ (သိမ်​နုတ်​+သိမ်​သမုတ်​)​တော်​မူကြပုံရ၏။
"တိုက်​​ဒေါင့်​ခဏ္ဌ တိုက်​လုံးကျ ဗဒ္ဓသိမ်​မဟာ"နှင့်​ အညီ
တစ်​တိုက်​လုံးကို သမုတ်​​သော်​ မဟာသိမ်​ကြီးများ မရှိနိုင်​ဟု
တွေးသလို နီးနီးကပ်​ကပ်​ သမုတ်​ထား​သော ဗဒ္ဓသိမ်​ နှစ်​လုံး
လည်း ရှိနိုင်​/မရှိနိုင်​ ပညာရှင်​များ စဉ်းစား​တော်​မူသင့်​၏။
(ဂါမသီမာဒိဝိနိစ္ဆယ ကျမ်း၌ အဆုံးအဖြတ်​ များစွာပါရှိ၏။
ဤ၌ အကျဉ်းမျှကိုသာ ​ဖော်​ပြ​ပေးခြင်း ဖြစ်​ပါသည်​။)
                            အရှင်​ဝါသဝ(သာသနာ့ဂုဏ်​ရည်​)
~~~~~~~~~~~~~~~~~~~~~~~~~~~
တတိယအ​နေနဲ့ အပြည်​ပြည်​ဆိုင်​ရာ ​ထေရဝါဒဗုဒ္ဓသာသနာပြု
တက္ကသိုလ်​ ပါ​မောက္ခချုပ်​ဆရာ​တော်​ အရှင်​သီလာနန္ဒာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ/အဂ္ဂမဟာသဒ္ဓမ္မ​ဇောတိကဓဇ){D.Litt}
မ​ထေရ်​မြတ်​ ​ရေးသား​တော်​မူခဲ့​သော "သိမ်​သင်​တန်း"စာအုပ်​မှ
ကောက်​နှုတ်​ ​ဖြေကြားလိုက်​ပါသည်​ဘုရား။
အ​ပေါ်ထပ်​၌ သိမ်​သမုတ်​ရာ
=====-==========
....... ပြာသာဒ်​အ​ပေါ်၌ သိမ်​သမုတ်​ရာ၌လည်း -
{၁} နံရံကို နိမိတ်​မကြားဘဲ နံရံအတွင်း၌ ​ကျောက်​ခဲတို့ကိုထား၍
သမုတ်​ရမည်​။ (ပုံ - ၃၅ အတိုင်း)
{၂} အကယ်​၍ အတွင်း၌ သံဃာ (၂၁)ပါး မ​နေ​လောက်​အံ့၊
အဦး ဆင်​ဝင်​၌လည်း နိမိတ်​တို့ကိုထား၍ သမုတ်​ရမည်​။
(ပုံ - ၃၆ အတိုင်း)
{၃} ဤသို့ သမုတ်​ပါလျှင်​ အထက်​ထပ်​၌သာ သိမ်​ဖြစ်​၍
အောက်​ထပ်​သို့ သိမ်​ မသက်​​ပေ။ 
ဤ၌ (၃)သည်​ (၁) (၂) နှစ်​မျိုးလုံးနှင့်​ဆိုင်​​သော စကားတည်း။
(၁) အမှတ်​ သိမ်​၌ နံရံ​လေးဘက်​အတွင်းဝယ်​ ​ကျောက်​နိမိတ်​များကို
ထား​သော​ကြောင့်​ ယင်း ​ကျောက်​တို့၏ အတွင်းဘက်​ကျ​သော
အောက်​ထပ်​၌ သက်​စရာမရှိဘဲ ဟင်းလင်းဖြစ်​​နေ​သော​ကြောင့်
သိမ်​ မသက်​ခြင်း ဖြစ်​​ပေသည်​။
(၂) အမှတ်​ သိမ်​၏ ​အောက်​ထပ်​သို့ မသက်​ခြင်းကား -
အ​ဆောင်​မနှင့်​ အဦးဆင်​ဝင်​ကြားတွင်​ နံရံရှိ၍ ထိုနံရံသည်
အောက်​ထပ်​နှင့်​ ဆက်​​နေ​သော်​လည်း ယင်း နံရံ​ပေါ်တွင်
သံဃာ(၂၁)ပါး မ​နေ​လောက်​​သော​ကြောင့်​ သိမ်​ မသက်​ခြင်း
ဖြစ်​သည်​။နံရံ၏ အထက်​ကား သီမဋ္ဌပင်​ ဖြစ်​​တော့သည်​။
(သာရတ္ထ - ၃/၂၇၂။ ဝိမတိ - ဒု - ၁၀၅)
ထို့​ကြောင့်​ ယခု​ခေတ်​ အုတ်​တိုက်​​ကျောင်းများဝယ်​ ​အောက်​ထပ်​သို့
သိမ်​ မသက်​​စေဘဲ အထက်​ထပ်​ကိုသာ သိမ်​ဖြစ်​​စေလိုလျှင်
နံရံ​လေးဘက်​နှင့်​ (၆)လက်​မ (၁)​ပေ စသည်​ခွာ၍ အထက်​ထပ်
ကြမ်း​ပေါ်မှာ ​ကျောက်​ခဲများကို ခင်းထားပြီးလျှင်​ နိမိတ်​ကြား၍
သမုတ်​ရမည်​ ဖြစ်​​လေသည်​။
ဤအချက်​ကို (အထူး)ဂရုစိုက်​၍ ​လေ့လာသင့်​ပါသည်​။
၁၃၁၅ - ခုနှစ်​​လောက်​ဆီက နိုင်​ငံ​တော်​ ဗုဒ္ဓသာသနာအဖွဲ့သည်
လန်​ဒန်​မြို့၌ တိုက်​တစ်​လုံးဝယ်​၍ ယင်း တိုက်​(၄)ထပ်​(၅)ထပ်
ဖြစ်​ခဲ့​သော်​ အထက်​ဆုံးအထပ်​ကို သိမ်​သမုတ်​၍ ကျန်​အထပ်​များကို
ဗုဒ္ဓသာသနာအဖွဲ့ပိုင်​ ပစ္စည်းအ​နေနှင့်​ထားလျှင်​ ဖြစ်​နိုင်​/မဖြစ်​နိုင်​ကို
ဝန်​​ဆောင်​သံဃာအဖွဲ့အား ​လျှောက်​ထားခဲ့ဘူးသည်​။
အထက်​၌ ပြခဲ့​သော (၁ -၂ - ၃) အမှတ်​ပါ စကားရပ်​များကို
သ​ဘောကျထားပါမူ အလွယ်​တကူပင်​ ဖြစ်​နိုင်​​ကြောင်း
အ​ဖြေ​ပေးရန်​ ဖြစ်​ပါ​တော့သည်​။
အကယ်​၍ ​အောက်​ထပ်​၌ တိုင်​အများရှိ၍ ထိုတိုင်​တို့အ​ပေါ်တွင်
ထုပ်​,​လျှောက်​တင်​၍ ယင်း ထုပ်​,​လျှောက်​တို့နှင့်​ တစ်​ဆက်​တည်း
ပြုကာ အ​ပေါ်ထပ်​ကို ​သိမ်​ဆောက်​ထားအံ့၊ ထိုသို့ ​ဆောက်​ရာ၌
အထက်​ထပ်​ နိမိတ်​​ကျောက်​များ၏ အတွင်းဘက်​၌ ကျ​ရောက်
အောင်​ ​အောက်​ထပ်​နံရံတို့ကို ​ဆောက်​အပ်​သည်​ ဖြစ်​အံ့၊
ထိုသို့ဖြစ်​လျှင်​ အထက်​ထပ်​၌ သိမ်​သမုတ်​ပါက ထိုသိမ်​သည်
အောက်​ထပ်​သို့လည်း သက်​​တော့သည်​။
(ပုံ - ၃၉ အတိုင်း)
ဤ၌လည်း နံရံ​လေးဘက်​စလုံးရှိမှသာ ​အောက်​သို့သက်​သည်​။
နံရံနှစ်​ဘက်​ သို့မဟုတ်​ သုံးဘက်​သာရှိလျှင်​ ​အောက်​သို့မသက်​။
နံရံ​လေးဘက်​လုံး ရှိရာ၌လည်း ​အောက်​ထပ်​နံရံအတွင်းဝယ်
သံဃာ(၂၁)ပါး စည်း​ဝေး​လောက်​မှ သိမ်​ သက်​သည်​။
သက်​​သောအခါလည်း အထက်​ထပ်​ သိမ်​ပမာဏအတိုင်း မသက်​ဘဲ
အောက်​နံရံ အပြင်​စွန်း ရှိသ​လောက်​သာ သက်​သည်​။
မသက်​ဟု မှတ်​အ်​၏။
(သာရတ္ထ - တ - ၂၇၂။ ဝိမတိ - ဒု - ၁၄၅)
အောက်​ထပ်​၌ တိုင်​ကြီးတစ်​တိုင်​တည်းဖြင့်​ ​ဆောက်​အပ်​​သော
တစ်​ပင်​တိုင်​ ပြာသာဒ်​မျိုး၌မူ တိုင်​ကြီး​ပေါ်တွင်​ သံဃာ(၂၁)ပါး
စည်း​ဝေး​လောက်​လျှင်​ ​အောက်​သို့လည်း သိမ်​ သက်​သည်​။
မစည်း​ဝေး​လောက်​လျှင်​မူ အထက်​ထပ်​သာ သိမ်​ဖြစ်​သည်​။
အောက်​သို့မသက်​။(ပုံ - ၄၀ အတိုင်း)
အကယ်​၍ ပြာသာဒ်နံရံမှ အပြင်​ဘက်​သို့ ထွက်​​နေ​​သော
"နိယျူဟက"စသည်​တို့၌ နိမိတ်​​ကျောက်​တို့ကိုထား၍
သိမ်​သမုတ်​အံ့၊ ပြာသာဒ်​နံရံသည်​ သိမ်​အတွင်း၌ဖြစ်​သည်​။
အောက်​ထပ်​သို့သက်​/မသက်​ကိုမူ အထက်​ထပ်​ သိမ်​ပမာဏ၏
အတွင်းဘက်​ကျ​သော ​အောက်​ထပ်​နံရံ​လေးဘက်​တို့သည်
ထုပ်​,​လျှောက်​တို့နှင့်​ တစ်​စပ်​တည်းဖြစ်​၍ ​အောက်​ထပ်​၌
သံဃာ(၂၁)ပါးလည်း စည်း​ဝေး​လောက်​လျှင်​ သိမ်​ သက်​သည်​။
ထိုသို့မဖြစ်​လျှင်​ မသက်​ဟု ပြခဲ့ပြီး​သောနည်းအတိုင်း သိရာ၏။
ဤ၌ "နိယျူဟက"ကို ဆရာ​တော်​တို့ အမျိုးမျိုးအနက်​​ပေးကြ
သည်​ကို ​တွေ့ရသည်​။စလင်းဂဏ္ဌိဆရာ​တော်​က "မုတ်​ထွက်​"
ဟု အနက်​​ပေး၍ မအူဆရာ​တော်​က"ထုပ်​စွမ်း"ဟု ​ပေးသည်​။
ထိုအနက်​ နှစ်​မျိုးကား ​ရွှေဥမင်​ဆရာ​တော်​​ပေးခဲ့​သော အနက်
များပင်​ဖြစ်​သည်​။
ဘာသာဋီကာ၌ကား "ဆင်​စွယ်​​ကောက်​ငယ်​"ဟု ​အနက်​​ပေး
သည်​။ 
ပါဠိအင်္ဂလိပ်​အဘိဓာန်​၊ သက္ကဋ အင်္ဂလိပ်​အဘိဓာန်​တို့၌
အခြား အနက်​များအပြင်​ (Pinnacie,Turret)ဟုလည်း
ပေးသည်​ကို ​တွေ့ရသည်​။
ထိုတွင်​(Turret)ဟူသည်​မှာ များစွာ​သော အိမ်​တို့၌ နံရံအပြင်​သို့
ထုတ်​ထား​သော ဘုရား​ဆောင်​များနှင့်​ ခပ်​ဆင်​ဆင်​တူ​သော
အထက်​ထပ်​ကြမ်းနှင့်​ တစ်​​ပြေးတည်းဖြစ်​​သော အထက်​ထပ်​မှ
အပြင်​သို့ ထုတ်​ထား​သော အ​ဆောင်​မျိုးတည်း။
ယင်း အ​ဆောင်​မျိုးကို အ​နောက်​နိုင်​ငံ ​ရှေး​ဟောင်းအ​ဆောက်
အဦးတို့၌ အ​ဆောက်​အဦး၏ ​ထောင့်​တို့မှာ ထုတ်​​လေ့ရှိပါသည်​။
(ပုံ - ၄၁ အတိုင်း)
ထိုသို့ အနက်​အမျိုးမျိုး​ပေးလျှက်​ ရှိကြရာ  မည်​သည့်​အနက်​ကို
ယူရမည်​ဟု အတိအကျမဆိုနိုင်​​သော်​လည်း စကား အသွား
အလာကို ​ကောက်​လျှင်​ အပြင်​သို့ထုတ်​ထး​သော
"အ​ဆောင်​ငယ်​"ဟူ​သော အနက်​သည်​ အ​လျော်​ဆုံးဖြစ်​မည်​ဟု
ယူဆပါသည်​။ရွှေဥမင်​ဆရာ​တော်​၏ "မုတ်​ထွက်​"ဟူသည်​မှာ
ယင်း အ​ဆောင်​မျိုးကိုပင်​ ဆိုလိုဟန်​ရှိသည်​ဟု ထင်​ပါသည်​။
~~~~~~~~~~~~~~~~~~~~~~~~~~~
မေးခွန်းရှင်​ Ashin kolita အရှင်​သူမြတ်​လည်း 
ဤအ​ဖြေများကို ​ကျေနပ်​အားရလိမ့်​မည်​ဟု ထင်​မိပါသည်​ဘုရား။
{ မေးခွန်းတွင်​ မပါဝင်​​သော်​လည်း "နိယျူဟက"ပုဒ်​နှင့်
စပ်​လျဉ်း၍ မှတ်​သားဖွယ်​ ​ကောင်း​သော​ကြောင့်​ ထည့်​သွင်း
ဖြေကြား​ပေးလိုက်​ပါသည်​ဘုရား။}
                                 အရှင်​ဝါသဝ (သာသနာ့ဂုဏ်​ရည်​)
(အထူး မှတ်​ရန်​) -
"အောက်မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော အာကာသဋ္ဌ သိမ်ကား...
အလုံမြို့၊ ဓမ္မိကာရာမ ကျောင်းတိုက်ရှိ သိမ်တော်တည်း။ 
ထို့နောင်၌ ရန်ကင်း၊ ပဉ္စနိကာယ်ကျောင်းတိုက်။ 
မြောက်ဥက္ကလာ၊ အာသာဝတီကျောင်းတိုက် စသည်တို့၌လည်း ကောင်းကင် သိမ်များ ဖြစ်ပေါ်ကြသည်ဟု ပခုက္ကူ ဆတော်နန်၏
တပည့် ယခုအခါ၌ သက်တော် (၈၄) နှစ် ရှိတော်မူသော 
မြောက်ဥက္ကလာ ရန်ကုန်ကျောင်း ဆတော်က မိန့်သည်​"
ဟူ​သော ရွှေညဝါ ဆရာဦးသုန်​၏ ​ဖြေကြားချက်​ကိုလည်း 
မှတ်​သားထားသင့်​ပါသည်​.
 ![image](https://img.esteem.ws/xwpmu7bj3q.jpg)
@gla
Coin Marketplace
STEEM 0.19
TRX 0.13
JST 0.030
BTC 60807.32
ETH 3349.51
USDT 1.00
SBD 2.48