- တူးပို့ဒိုးဆစ်သံအစား
တက်ကနိုဘိသံတွေကြားလာရတဲ့နှစ်သစ်ကူးမှာ
ဘယ်သွားသွား ရေမစိုဘူး အမေ။
- တန်ခူးလထဲမှာမှပွင့်ပြကြတဲ့
အဝါရောင်ပန်းတွေကလဲ
ပိတောက် မဟုတ်ကြတော့ဘူး။
- အုန်းလက်ရွက်စိမ်းစိမ်းလေးတွေကြားက
စပယ်ပန်းနံ့လေးမွှေးပျံ့အေးမြနေခဲ့တဲ့
လောင်းလှေထဲကရေကလေးတွေ
ပုခုံးပေါ်လောင်းချလိုက်တဲ့
ဖြူစင်တဲ့ချစ်ခြင်းမေတ္တာတရားတွေနဲ့အတူ
တမာပွင့်မြေသင်းနံ့မွှေးနေတဲ့မြေပေါ်ကို
တစိမ့်စိမ့်စီးဆင်း
အဲတာ ချင်းတွင်း ပဲမဟုတ်လား။
- ရင်ဘတ်ကြီးနဲ့ ထုဆစ်ပုံဖော်ဖွဲ့သီထားကြတဲ့
ကိုယ်စီကိုယ်ပိုင်အနုပညာပစ္စည်းတွေကို
တီးမှုတ်သီဆိုကပြဖြေဖျော်
မြို့လုံးကျွတ် ပျော် ခဲ့ကြဘူးတယ် ဆို။
- '' ---- အမျိုးသားရေသဘင်အဖွဲ့ကြီး''
'' ကျမ်းမာပါစေ ''
'' - - - - အမျိုးသမီးရေသဘင်အဖွဲ့ကြီး''
'' ကျမ်းမာပါစေ ''
ကျမ်းမာပါစေ ကျန်းမာပါစေတဲ့လားအမေရယ်။
- ဒီမယ် မုန့်သည်မ အမေရဲ့
အမေ မုန့်ရောင်းခဲ့တဲ့
ဟောဒီကမ်းနဖူး သောင်ပြင်ဦးမှာ
နောင်နှစ်ပေါင်းများစွာကြာ
တစ်ခုသော တန်ခူးလမှာ
ကမ္ဘကျော်သင်္ကြန်ပွဲ
ခြိမ့်ခြိမ့်သဲဆင်နွှဲကျင်းပ
ဝက်ဝက်ကွဲပျော်ရွှင်ကြလိမ့်မယ် လို့များ
ဗျာဒိတ် တော်မြွက်ကြား
တခုတခုများ ပြောထားခဲ့သေးလားအမေ။
- တူးပို့ဒိုးဆစ်သံတွေအစား
တက်ကနိုဘိ သံတွေကြားလာရတဲ့နှစ်သစ်ကူး
ဘယ်သွားသွား ရေမစိုတော့ပါဘူးအမေရယ်။
World of Photography
>Visit the website<
You have earned 5.15 XP for sharing your photo!
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.03
Server time: 15:17:41
Total XP: 30.50/100.00
Total Photos: 6
Total comments: 0
Total contest wins: 0
Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank
Hello! I find your post valuable for the wafrica community! Thanks for the great post! @wafrica is now following you! ALWAYs follow @wafrica and use the wafrica tag!