ငြိမ်းစုစီဥပဒေကြမ်း

in #artzone8 years ago

ငြိမ်းစုစီဥပဒေကြမ်းကို ကန့်ကွက်ဆွေးနွေးနေသည့် မောင်ဆောင်းခနှင့် ဒေါ်သက်သက်အောင် (ဓာတ်ပုံ - ကျော်ဇင်သန်း) ငြိမ်းစုစီဥပဒေကို ပြင် ဆင်နေသည့် ဥပဒေကြမ်းတစ်ခု လုံးကို လွှတ်တော်က ပယ်ဖျက် ပေးရန် လွတ်လပ်စွာထုတ်ဖော်
image
ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ အမှု ဆောင်ဒါရိုက်တာ မောင်ဆောင်းခက တောင်းဆိုသည်။ ဧပြီ ၆ ရက်က ရန်ကုန်မြို့ လမ်းမတော် သံဈေး (ငါးလွှာ)ရှိ Yangon Book Plaza တွင် ပြုလုပ်သော ‘ဒီမိုကရေစီစံနှုန်း၊ အခြေခံ လူ့ရပိုင်ခွင့်တို့နှင့် ချိန်ညှိရမည့် ငြိမ်းစုစီဥပဒေအကြောင်း’ စကား ၀ိုင်းဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးသူ မောင်ဆောင်းခက တောင်းဆိုခြင်း ဖြစ်သည်။ ‘‘လူ့အခွင့်အရေးကိုလည်း ပိတ်ပင်တားဆီးရာရောက်နေတဲ့ ဒီဥပဒေကို ပြင်ဆင်အတည်ပြု လိုက်မယ်ဆိုရင် ဒီမိုကရေစီဘက် တော်သားတွေကျဆုံးမှာမြင်လို့ မပြင်ဆင်သင့်တဲ့ ဥပဒေတစ်ခုဖြစ် တယ်’’ဟု ၎င်းက ပြောသည်။ ထို့အပြင် ငြိမ်းစုစီဥပဒေ ကြမ်းသည် အလုပ်သမားများ၏ လိုအပ်ချက်များကို အစိုးရနှင့် လွှတ်တော်သိရှိစေရေးဆန္ဒပြရာတွင်လည်း အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နိုင်ရသည့် ဥပဒေဖြစ်နေကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသည့် Future Light Center ဒါရိုက်တာ ဒေါ်သက်သက်အောင်ကပြောသည်။ ‘‘အလုပ်သမားတွေက ဆန္ဒ ပြဖို့အတွက်ဆိုရင် ကားတွေနဲ့ လာကြရတာတွေရှိတယ်။ အဲဒီအခါ ကျ ကားတွေ၊ ငွေကြေးတွေ အလှူ ခံရတယ်။ ဒါကို အသေးစိတ်ဖော် ပြရမယ်ဆိုတော့ ဘယ်သူမှကူညီ ကြတော့မှာ မဟုတ်ဘူး။ တစ်စုံ တစ်ရာအတိုင်းအတာအရ အ လုပ်သမားတွေရဲ့ ဆန္ဒထုတ်ဖော် ခွင့်မရတော့ရင် ပိုပြီးတော့ အကျပ်အတည်းတွေနဲ့ အစိုးရရင်ဆိုင်ရ မှာဖြစ်တယ်’’ဟု ဒေါ်သက်သက် အောင်က ပြောသည်။

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.063
BTC 69141.17
ETH 2135.86
USDT 1.00
SBD 0.47