ဣသိဂိလိသုတ် ပါဠိတော်

in #blog3 years ago (edited)

၁။ ယေ ပုဗ္ဗဗုဒ္ဒေသု ကတာဓိကာရာ၊ အလဒ္ဒမောက္ခာ ဇိနသာသနေသု။
နေနေဝ သံဝေဂမုခေန ဓိရာ၊ ဝိနာပိ ဗုဒ္ဓေဟိ သုတိက္ခပညာ။
အာရမ္မ‌ဏေနာပိ ပရိတ္တကေန၊ ပစ္စေကဗောဓိံ အနုပါပုဏန္တိ။

ရှေးဘုရားရှင်တို့အထံ၌ ပြုအပ်ပြီးသော ဆုတောင်းပန်ခြင်း ရှိကုန်သော ရှေးဘုရားရှင်တို့၏ သာသနတော်၌ နိဗ္ဗာန်ကို မရောက်သေးကုန်သော အကြင်ပစ္စေကဗုဒ္ဒါ ဘုရားအလောင်းတော်တို့သည် ရှိကြကုန်၏။ 

ပညာရှိကုန်သော ထိုနှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ကုသိုလ်ပါရမီတို့ကို ဖြည့်ပြီးကြကုန်သော ပစ္စေကဗုဒ္ဓါဘုရားအလောင်းတော်တို့သည် ထိုသံဝေဂဉာဏ်ကို အဦးပြုသဖြင့်သာလျှင် သဗ္ဗညုဘုရားရှင်တို့၏ အဆုံးအမသြဝါဒတို့မှ ကင်းကုန်လျက်လည်း အလွန်ထက်မြတ်သော ဝိပဿနာ ဉာဏ်ပညာ ရှိကြကုန်သည်ဖြစ်၍ အနည်းငယ်မျှသော အာရုံဖြင့်လည်း ပစ္စေက ဗောဓိဉာဏ် အရဟတ္တမဂ်ဉာဏ်သို့ အစဉ်ရောက်ကြ ထိုးထွင်းသိမြင်ကြကုန်၏။

၂။ သရာဂဝတ္ထူသု ဝရာဂသညီ၊ ရတ္ထမှိ လောကမှိ ဝိရတ္တစိတ္တာ။
ဟိတွာ ပပဉ္စေ ဇိယ ဖန္ဒိတာနိ၊ တထေဝ ဗောဓိံ အနုပါပုဏိံသု။
ထိုနှစ်အသင်္ချေနှင့်ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ကုသိုလ်ပါရမီတို့ကို ဖြည့်ပြီးကြကုန်သော ပစ္စေကဗုဒ္ဓါ ဘုရားအလောင်းတော်တို့သည် တက်မက်ဖွယ် ဝတ္ထုကာမ ကိလေသာကာမအာရုံတို့၌ တက်မက်ခြင်း ကင်းသော အမှတ်ရှိကုန်သည်ဖြစ်၍ တက်မက်တွယ်တာနေသော လောက၌ မတက်မက်မတွယ်တာသော စိတ်ရှိကြကုန်လျက် သံသရာကို ချဲ့ထွင်တက်ကုန်သော တဏှာ မာနဒိဌိ ကိလေသာတည်းဟူသော ပပဉ္စတရားတို့ကို စွန့်ပယ်ကြကုန်ပြီးလျှင် အရဟတ္တမဂ်ဉာဏ်သို့ အစဉ်ရောက်ကြ မျက်မှောက်ပြုကြကုန်၏။

၃။ သရောရုဟံ ပဒုမပလာသ ပတ္ထဇံ၊ သုပုပ္ဖိတံ ဘမရဂဏာ နုစိဏ္ဏံ။
အနိစ္စတာ ယုပဂတံ ဝိဒိတွာ၊ ဧကော စရေ ခဂ္ဂဝိသာဏ ကပ္ပေါ။

ဣစ္ဆိတံ ပတ္တိတံ တုယှံ၊ ခိပ္ပမေဝ သမိဇ္ဈတု၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ မဏိဇောတရသော ယထာ။

တုယှံ၊ ကုသိုလ်ပုည မြတ်ဒါနကို နေညမယုတ်အားထုတ်နေသောသင်၏ ။ဣစ္ဆိတံ၊ စိတ်ကရည်စူး အထူးလိုအပ် ဆုလာဘ်ရတနာ အဖြာဖြာသည်လည်းကောင်း၊ ခိပ္ပမေဝ၊ မကြာစေရ ခဏအတွင်း ချက်ချင်းသာလျှင်။ သမိဇ္ဈတု၊ ကောင်းစွာကုံလုံ ပြည့်စုံပါစေသတည်း။ သဗ္ဗေ သင်္ကပ္ပါ၊ ကုသိုလ်ယှဉ်တောင်း အကြံအစည်ကောင်းဟူသမျှတို့သည်။ မဏိဇောတ-ရသော ယထာ၊ ဇောတိရသ အမည်ရသော ဣစ္ဆာသယ ပတ္တမြားရတနာကဲ့သို့ ။ ပူရေန္တု မင်္ဂလာဣဌ လိုတိုင်းရလျှက် လောက်ငကုံလုံ ပြည့်စုံပါစေကုန်သတည်း။

Coin Marketplace

STEEM 0.06
TRX 0.28
JST 0.045
BTC 62983.38
ETH 1818.02
USDT 1.00
SBD 0.44