ရှိတာလေးတွေဖြုတ်ရောင်း
ဒီညတော့ ဖုတ်ပူမီးတိုက် အလျှင်အမြန်ဘဲ လုပ်စရာရှိတာတွေ လုပ်နေရပါတယ်
အချိန်ကိုကြည့်လိုက်တော့ ညတစ်နာရီတောင် ထိုးလုလု ဖြစ်နေပါပြီ
အကယ်ဆို ဒီလောက်အေးတဲ့ ချမ်းချမ်းစီးစိး ညချမ်းကြီးမှာ အိပ်စက်အနားယူဖို့
သင့်နေပါပြီ ဒါပေမယ့် မအိပ်နိုင်သေးပါဘူး နေ့ခင်းဘက်မှာ မလုပ်ခဲ့ရသော
နေ့စဉ်တာဝန်များကို တစ်ခုပြီး တစ်ခု ဆက်တိုက် လုပ်နေရပါတယ်
နောက်ရက်ကူးသွားတော့မှာဖြစ်လို့ အကြွေးတင်မခံနိုင်လို့ပါဘဲ
အရေးတကြီး တွေများလားဆိုရင်တော့ အတိုင်းအတာ တစ်ခုထိ အရေးကြီး
ပါတယ် ဘယ်သူရှိရမှာလဲ ဒင်းပေါ့ ဒင်းကြောင့် အိပ်ချိန်မှန်းမသိ စားချိန်မှန်းမသိ
လူတောင် ကြောင်တောင်တောင် ဖြစ်နေပါပြီကော
ဟုတ်ပါတယ်လေ စတီးမစ်လုပ်ရတာလည်း တော်တန်ရုံ ရူးသွပ်မှုနဲ့တော့
မလွယ်ပါဘူး သွက်သွက်ခါအောင် ရူးသွပ်မှသာ အဆင်ချောမယ့် အနေအထားပါ
ဒါကြောင့် ပြောပါတယ် အရူးချင်း တူရင်တောင် တစ်မူးတော့ သာအောင်လုပ်တဲ့
ကိုယ့်မှာကလည်း အခြားလုပ်စရာ မည်မည်ရရ မရှိလေတော့ကာ ၀ီရိယ အားထုတ်မှုကို အမြင့်ဆုံးသို့ တွန်းတင်ရပါတယ်
ဒီတော့ ဘာဖြစ်လာသလဲ သူများ အိပ်လို့လည်း မအိပ်နိုင်ပါဘူး သူများနားလို့လည်း မနားနိုင်ပါဘူး
သူများစားလို့လည်း မစားနိုင်ပါဘူး စက်ရုပ်တစ်ရုပ်လို့ တရစပ် ဇယ်ဆက်သလိုကို လုပ်နေရပါလေတော့တယ်
ဒီကြားထဲ ဟိုအကောင် နောက်မှပေါ်လာတဲ့ကောင်
စတင်းမွန်းစတား ဆိုတဲ့အကောင် ဒင်းကလည်း ဒေါ်လာလေး တပြပြလုပ်ပြီး
ကိုယ့်ကို စည်းရုံးသိမ်းသွင်းနေတာ ကိုယ်ကလည်း ၀ါသနာက မသေးလေတော့
ဘယ်နေနိုင်လိမ့်မလဲ ရှိသမျှ အချိန်တွေထဲ အချိန်ပို လေးငါးမိနစ်တောင် ချမ်းသာ
မပေးဘူး နဲနဲ အားတာနဲ့ ဖုန်းကောက်ပွတ်နေတာပါဘဲ
ဆိုးတော့ မဆိုးပါဘူး အဲ့ဒီ ဂိမ်းလေးကလည်း ပျော်စရာတော့ အကောင်းသား
ဟိုဟာလေး ဖြုတ်ရောင်းလိုက် ဒီဟာလေး ဖြုတ်ရောင်းလိုက်နဲ့ ဒေါ်လာလေးတွေတော့ အရသားလားဗျာ
သူက အရချည့် လုပ်နေရင်လဲ ရတယ် အထည့်ချည့် လုပ်နေရင်လည်းဖြစ်ပြန်ရော
အရင်ကတော့တွေးတယ် ထပ်ခါထပ်ခါ ထည့်နေရင်တော့ စီးပွားရေး ထိခိုက်လိမ့်မယ် မထည့်ဘူးပေါ့ ရတာဘဲ ဖြေးဖြေးယူမယ်ပေါ့
အခုက အဲ့သလို သွားလို့ မရတော့ပြန်ဘူး ထပ်ထည့်နိုင်ဖို့လည်း လိုလာတယ်
ပေတေပြီး ဖရီးဘဲ ကြိတ်နေတော့ အထက်တက်ဖို့ အင်အားက မ၇ှိဖြစ်လာတယ်
ဒါကြောင့် အိပ်ထဲကတော့ ထပ်မထည့်တော့ဘူး အသုံးမလိုသေးသော အရာလေးတွေ တစ်ခုချင်းဖြုတ်ရောင်းပြစ်လိုက်တယ်
လိုအပ်တဲ့ ဟီးရိုးတွေတော့ လက်ရွေးစင် ကောက်ဝယ်ပြီး ရှေ့က ဆရာသမားတွေကို အမှီလိုက်ရပါဦးမယ်
Author : @bobokyaw
ကြိုးစားမှုကို လေးစားပါတယ်။အစ်ကို့ postတွေဖတ်တိုင်း ကျွန်တော့်အတွက် အားဖြစ်စေပါတယ်။ တကယ်ပြော
တာပါ။
ကျေးဇူးပါ ကိုမဟော်ရေ
ကိုယ်လုပ်နိုင်သမျှတော့ အကောင်းဆုံး လုပ်ကြည့်တာပါဘဲ
@busy.org is a good site for post upload.